၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာပြီးနောက်ပိုင်း ဆိုင်တိုင်းတွင် အလွယ်တကူဝယ်ယူ၍မရတော့ဟုဆို

0
164

အောက်တိုဘာ ၅ ရက်မှစတင်ပြီး ၉၂ တစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာကာ ယင်းနောက်ပိုင်းတွင် ဆိုင်တိုင်း၌ အလွယ်တကူဝယ်ယူ၍မရတော့ကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

” ၉၂ ကဝယ်မရဘူး။ ဆီဈေး ၂၀၀၀ အောက်ကျပြီးနောက်ပိုင်း တော်တော်ကို ဝယ်ရခက်ခဲသွားတယ်။ တန်းစီပြီးတော့တောင် ဝယ်ရတယ်။ ၉၅ ပဲရတယ်ပြောတယ်။ တချို့ဆိုင်ဆိုရင် ၉၂ ရော ၉၅ ရောမရဘူး”ဟုအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

အောက်တိုဘာ ၄ ရက်အထိ ၉၂ တစ်လီတာ ၂၀၄၅ ကျပ်ရှိခဲ့မှာ ယနေ့တွင် ၉၂ တစ်လီတာ ၁၉၄၅ ကျပ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

ယနေ့အောက်တိုဘာ ၈ ရက် စက်သုံးဆီ ရန်ကုန်ဈေးကွက်တွင် ၉၂ တစ်လီတာ ၁၉၄၅ ကျပ် ၊ ၉၅ တစ်လီတာလျှင်၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ပရီမီယံ ဒီဆယ်တစ်လီတာလျှင် ၂၂၆၅ကျပ် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းအပါအဝင် ရွှေဈေးနှုန်း၊ ငွေလဲနှုန်းများ အကျဘက်သို့ ဦးတည်လာသလိုအခြေခံစားသောက်ကုန်စည်ဈေးအချို့မှာလည်း ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here