ချမ်းမြေ့ဆရာတော်ကြီးမှ ရန်ကုန်တိုင်းရှိ သီလရှင် ၁၂၄၁၇ ပါးအား ၅ ရက်ခွဲ၍ ဆွမ်းဆန်၊ဆီ၊အလှူငွေနှင့်လှူဖွယ်များထောက်ပံ့လှူဒါန်း

0
244

ချမ်းမြေ့ဆရာတော်အရှင်ဇနကာဘိဝံသ၏ဦး​ဆောင်မူဖြင့် အလှူရှင်များက ရန်ကုန်တိုင်းအတွင်းရှိ သီလရှင်ဆရာကြီး/ဆရာလေး ၁၂၄၁၇ ပါးအား ၅ ရက်ခွဲ၍ ဆွမ်းဆန်၊ဆီ၊အလှူငွေနှင့်လှူဖွယ်ပစ္စည်းများအား ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းရာ၌ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၀ ခုမှ သီလရှင်ကျောင်း ၇၁၅ ကျောင်းမှ သီလရှင် ၁၂၄၁၇ ပါးကို တစ်ပါးလျင် ဆွမ်းဆန် ၁ ပြည်၊မြေပဲဆီ ၁ ပုလင်း၊အလှူငွေ ၁၀၀၀၀ ကျပ်နှင့်အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိသည်။

လှူဒါန်းမှုအား မရမ်းကုန်းမြို့နယ်၊ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ပြုလုပ်ရာ အောက်တိုဘာ ၇ ရက်မွန်းလွဲ ၂ နာရီတွင် သီလရှင် ၁၃၄၉ ပါးအား လှူဒါန်းခဲ့ပြီး အောက်တိုဘာ ၈ ရက်(ယနေ့)မွန်းလွဲ ၂ နာရီတွင်လည်း သီလရှင် ၁၄၉၀ ပါးကို ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်သည်။

ထို့ပြင် အောက်တိုဘာ ၁၄ ရက်၊ ၁၅ ရက်နှင့် ၂၂ ရက်နေ့တို့၏ မွန်းလွဲ ၂ နာရီတွင်လည်း သီလရှင်ဆရာကြီး/ဆရာလေးများအား ထောက်ပံ့လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကာ အသက်(၈၀)နှစ်အထက် အသက်(၁၃)အောက်များနှင့်ကြွရောက်ရန်ခက်ခဲသည့် သီလရှင်များကိုလည်း ၎င်းတို့နေထိုင်ရာသို့ ပေးပို့လှူဒါန်းပေးသွားရန်စီစဥ်ထားသည်။

ထိုသို့ ချမ်းမြေ့ဆရာတော်ကြီး၏ ထောက်ပံ့လှူဒါန်းမှုအား လာရောက်အလှူခံသည့် သီလရှင်ဆရာကြီး/ဆရာလေးများသွားလာမှုအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ YBS ကား ၁၇၄ စီးဖြင့် အကြို/အပို့ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် သီလရှင်ဆရာကြီး/ဆရာလေးများ၏ ကျန်းမာရေးအား အနီးကပ်လိုက်ပါစောင့်ရှောက်နိုင်ရန် သုခစုစံကျန်းမာရေးသင်တန်းကျောင်းမှဆရာဝန်များက ကူညီပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here