အများပြည်သူအားလှူဒါန်းမည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၉၉၉၉ ဆူအားဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေကအနေ ကဇာတင်

0
136

နေပြည်တော်၊ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လှိုဏ်ဂူတော်အတွင်း၌ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား ကျင်းပခဲ့သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်ဇနီး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

အခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များက ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၉၉၉၉ ဆူအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်တော်မူခဲ့ကြသည်။

ထိုရုပ်ပွား​တော်များအား သာသနာ​ရေးနှင့်ယဥ်ကျေးမူဝန်ကြီးဌာနအ​နေဖြင့်အများပြည်သူများကိုလှူဒါန်းသွားမည်ဖြစ်သည်။ယခုအကြိမ်သည် အဋ္ဌမ​မြောက်အကြိမ်​မြောက်ဖြစ်သည်။ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ လှူဒါန်းသည့်ပင်တိုင် အလှူရှင် ဦးမျိုးအောင်နှင့်အခြား​သောအလှူရှင်များလည်းကုသိုလ်ပါဝင်ကြခြင်းဖြစ်သည်။

ဆရာတော်သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များအား ရွတ်ပွားသရဇ္ဈာယ်တော်မူကာ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော်သံဃာတော်များကို လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂ မဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here