Monday, May 18, 2026

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင်...

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ...

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇...

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန်...

နှစ် ၁၀၀ မျှော်မှန်းချက်ပါဝင်သည့် မာစတာပလန်မူဘောင်ကို...

ဟနွိုင်း၊ မေလ ၁၈ ရက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ စီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းရေရှည်တည်တံ့ပြီး ဆန်းသစ်တီထွင်မှုရှိကာ နေချင်စဖွယ်ကောင်းသော မဟာမြို့ကြီးတစ်ခုအဖြစ် ပြောင်းလဲရန်...
HomeNewsLocal Newsလမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲခြင်းကြောင့် မြဝတီ...

လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲခြင်းကြောင့် မြဝတီ – ရန်ကုန် ကားခနှစ်ဆကျော် မြင့်တက်လာ

ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက် နောက်ပိုင်း ​​မိုးသည်း၍ ဖြစ်ပေါ်နေသည့် လမ်းခရီး‌ခက်ခဲမှုများကြောင့် မြဝတီ – ရန်ကုန် ကားခနှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်းမြဝတီမြို့တွင်နေထိုင်သူ တစ်ဦးကပြောသည်။

ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက ကော့ကရိတ် – မြဝတီ တောင်တက်လမ်းပိုင်း လမ်းပြိုကျပျက်ဆီးမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် မြဝတီ – ရန်ကုန် ခရီးသည်တင် Express ယာဉ်ကြီးများ ပြေးဆွဲနိုင်ခြင်း မရှိတော့ဘဲ ယာဉ်ငယ်များဖြင့်သာ ပြေးဆွဲနေကြခြင်းဖြစ်ကြောင်း သိရသ ည်။

ယခင် အာရှလမ်းပိုင်းမပျက်စီးမီက မြဝတီ – ရန်ကုန် ယာဉ်စီးခသည် ကျပ်နှစ်သောင်းခွဲကျပ်ဖြစ်ပြီး လမ်းပျက်စီးပြီးနောက် ကားကြီးများ မသွားနိုင်သဖြင့် ကားလေးများဖြင့်သာ သွားလာနေရသည့်အတွက် ယာဉ်စီးခမှာ ၆၀၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း သိရသည်။

“ကားခက ၇၀၀၀၀ ဖြစ်သွားပြီ။ လမ်းပန်းဆက်သွယ်ရေးတွေက ခက်ခဲတာရယ်၊ ဆီဈေးတတ်တာရယ်၊ အဲဒါကြောင့်ပါ” ဟု မြဝတီ – ရန်ကုန်ပြေးဆွဲပေးနေသည့် လူစီးယာဉ်ငယ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြဝတီ – ရန်ကုန် ခရီးသည်ပို့ဆောင်ရေးလမ်းကြောင်းကို ဒေါနတောင်လမ်းဟောင်းမှ ရန်ကုန်သို့သွားလာကြသည့် ယာဉ်လိုင်းများရှိသလို မြဝတီမှ ကော့ကရိတ်မြို့အထိ ကားလေးများဖြင့် သွားရောက်ကာကော့ ကရိတ်မှတဆင့် ကားကြီးပြောင်းစီး၍ သွားလာနေကြရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက အာရှလမ်းသစ်၊ နတ်စင်ကွေ့၊ တောနော်ရေတံခွန်အနီးတွင် လမ်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး မည်သည့်ကားမှ ဖြတ်သန်းသွားလာ၍ မရတော့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးထိုလမ်းကြောင်းမှအသုံးပြု၍မရ ဖြစ်​နေ​သေးသည်။

အဆိုပါ ပျက်စီးသွားသော အာရှလမ်းပိုင်းကို ဘေလီသံပေါင်တံတားထိုးရန် သက်ဆိုင်ရာမှ စီစဉ်နေပြီး မြဝတီ ကုန်သွယ်ရေးဇုန်နှင့် ကုန်သွယ်နေသည့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကိုလည်း ကုန်သွယ်မှုနှောင့်နှေးကြန့်ကြာမှုမရှိစေရန်အတွက် အခြားသော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ခွင့်ပြုထားကြောင်း သိရသည်။

Photo -စော OK

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင် ငလျင် (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်၊ သန်လျင်နှင့် ကျောက်တန်းဒေသခံများ သိသာစွာ ခံစားရ

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော မြေငလျင်များ (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း ကမ္ဘာ့ငလျင်တိုင်းထွာချက်မှတ်တမ်းများအရ သိရသည်။ ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အပြင်းထန်ဆုံးအဖြစ် ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က သန်လျင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ၃၆ ကီလိုမီတာခန့်အကွာ (ကျောက်တန်းမြို့အနီး ပင်လယ်ပြင်) ကို...

လောရင့်ဝေါင်း အယောင်ဆောင်မှုကြောင့် အလိမ်ခံရသူက ကန်ဒေါ်လာ ၃.၈ သန်း ဆုံးရှုံးခဲ့ရ

မေလ ၁၇ ရက် စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်း အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် အယောင်ဆောင်၍ လိမ်လည်ခဲ့သည့် AI သုံး Deepfake Zoom ဗီဒီယိုကွန်ဖရင့်၏ မှတ်တမ်းဗီဒီယိုဖိုင်ကို ရရှိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ (SPF) က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူသည် ဟော်မုဇ်ရေလက်ကြားနှင့် ဆက်စပ်နေသည့် ရန်ပုံငွေဆိုင်ရာ အကူအညီပေးရေး ခေါင်းစဉ်ဖြင့် စင်ကာပူဒေါ်လာ ၄.၉ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ထက်မနည်း ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ လိမ်လည်သူများသည် ပုံမှန်အားဖြင့် အစိုးရအဖွဲ့အတွင်းဝန်အဖြစ်...

တရုတ်ကယူအက်စ် စိုက်ပျိုးရေးထွက်ကုန်များကို နှစ်စဉ်ဒေါ်လာ ၁၇ ဘီလျံဖိုးဝယ်မည်–အိမ်ဖြူတော်

မေလ ၁၈ ရက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထုတ် စိုက်ပျိုးရေးထွက်ကုန်များကို ၂၀၂၈ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံဖိုး ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယခုကတိကဝတ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် ပဲတီစိမ်း/ပဲပုပ်ဝယ်ယူရေး ကတိကဝတ်များအပြင် ထပ်ဆောင်းဝယ်ယူမည့်အစီအစဉ်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အချက်အလက်အကျဉ်းချုပ်အရ သိရသည်။ သမ္မတ ထရမ့်ပ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071