Thursday, June 4, 2026

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ...

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ...

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃...

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ "မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။...

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃...
HomeNewsLocal Newsအောင်ဘာလေ သိန်း (၅၀၀၀)...

အောင်ဘာလေ သိန်း (၅၀၀၀) အထူးဆုကြီးကို နေပြည်တော်ရှိ ဆုလာဘ်ပိုင်ထီဆိုင်မှ ဆွတ်ခူးရရှိ

ယနေ့ဇွန်လ (၁) ရက် နံနက်တွင် ဖွင့်လှစ်သည့် (၅၁) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီဖွင့်ပွဲတွင် ဆုကြေးငွေ အမြင့်ဆုံးဖြစ်သည့် ကျပ် သိန်း (၅၀၀၀) အထူးဆုကြီးကို ဆုလာဘ်ပိုင် ရတနာထီဆိုင်ကြီးမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နောက်ထပ် အထူးဆုတစ်ခုဖြစ်သည့် ကျပ်သိန်း (၁၀၀၀) ဆုကို ရတနာမိုးထီဆိုင်မှ ဆွတ်ခူးရရှိခဲ့ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ စုံစမ်းသိရသည်။

ကျပ် (၁၀၀၀) တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ရောင်းရသည့် အရေအတွက်မှ ရောင်းရငွေ ၇၀ ရာခိုင်နှုန်းကို ကျပ်သိန်း (၅၀၀၀) ဆု (၁) ဆု၊ ကျပ်သိန်း (၁၀၀၀) ဆု (၁) ဆုနှင့် ဆုတစ်ဆုချင်းစနစ်ဖြစ်သည့် ကျပ်သိန်း(၅၀၀)၊ ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း(၁၀၀)၊ ကျပ်သိန်း (၅၀) ၊ ကျပ်သိန်း(၂၀) ၊ ကျပ်သိန်း (၁၀) နှင့် ‌ဝေဝေဆာဆာ ပဒေသာစုမဲများ ဖြစ်သည့် ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း၊ကျပ် (၁)သိန်း၊ ကျပ် (၅) သောင်းနှင့် ကျပ် (၁)သောင်းဆုတို့ကို ချီးမြှင့်ပေးခြင်း ဖြစ်သည်။

ယင်းအပြင် ဘဏ္ဍာသိမ်း ရငွေထဲမှ ကျပ် (၁၀) သိန်း၊ ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း ဆုတို့ကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုဖွင့်လှစ်လိုက်သည့် (၅၁) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် အမြင့်ဆုံး ဆုကြေးဖြစ်သည့် ကျပ်သိန်း (၅၀၀၀) အထူးဆုကြီးအား ဆုလာဘ်ပိုင်နှင့် ထီမင်းထီးမင်း ထီဆိုင်ပင်ရင်းဆိုင်မှ ဆွတ်ခူးရရှိသွားသူမှာ နေပြည်တော်တွင် နေထိုင်သည့် အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ စုံစမ်း သိရသည်။

အဆိုပါ ဆုလာဘ်ပိုင် ထီဆိုင်မှာ (၁၅) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် ထီဖွင့်ပွဲတွင်လည်း အမြင့်ဆုံး ထီဆုကြေးဖြစ်သည့် ကျပ်သိန်း(၁၅၀၀၀) အထူးဆုကြီးနှင့် အခြားထီဆုကြီးများကို ထိုက်တန်စွာ ကံထူးဆွတ်ခူးခဲ့‌ကြောင်း သိရသည်။

ဆုလာဘ်ပိုင်နှင့် ထီမင်းထီးမင်း ထီဆိုင်ပင်ရင်းသည် နေပြည်တော်၊ လက်လုပ်တောင်၌ (၉) ကြိမ်မြောက်မှစ၍ အဓိဌာန်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေလည်း ပြန်လည်သုံးသပ်ပြီး တိုင်းပြည်ကောင်းအောင် ဒီမိုကရေစီနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆို မကြာခင် တိုးတတ်မှာပါ။ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ မှတ်ချက်မျိုးစုံပေးကြပေမယ့် ကောင်းတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်။ သွားခဲ့ရတာ ပင်ပန်းရကျိုးနပ်ပါတယ်" နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့အ ခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများကကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှမြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးမည်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ "မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။ အဓိ ကကတော့ ကလေးတွေတက်နေတဲ့ စာသင်ကျောင်းတွေကို ဒီထက်ပိုပြီးသန့်ရှင်းလှပအောင်လုပ်ပေးချင်လို့ပါ။ အထူးအစီအစဥ်အနေနဲ့လုပ်ပေးတာပါ"ဟု "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း ၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။ ထိုသို့ အမှိုက်များသိမ်းဆည်းရာ၌ သက်ဆိုင်ရာရပ် ကွက်အလိုက် အမှိုက်သိမ်းဇုန်များတွင် အမှိုက်သိမ်းနေသည့်ယာဥ်များမှ နေ့စဥ် လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ မြဝတီမြို့စွန်ရှိ စာသင်ကျောင်းများအထိပါ အခမဲ့လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ " ကြိုဆိုပါတယ်။ အဲ့လိုမျိုးစီစဥ်ဆောင်ရွက်ပေးတယ်ဆိုတာ။ စာသင်နေတဲ့အချိန် လေကောင်းလေသန့်ရှုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071