ထပ်ဆင့်အကယ်ဒမီနေတိုးမှ မေလ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ရခိုင်ပြည်နယ်က လေဘေးသင့်ပြည်သူများအတွက် အလှူငွေသိန်း ၅၀ ကျပ်ကိုဘုန်းလျှံမှတစ်ဆင့်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါလှူဒါန်းမှုနဲ့ပတ်သက်ပြီးဘုန်းလျှံက
” ရခိုင်ပြည်နယ် ပြန်လည်ထူထောင်နိုင်ရေးအတွက် ထပ်ဆင့်အကယ်ဒမီနေတိုး+မသဲစုမြတ်ရွှေနှင့်သားဂုဏ်ရှိန်တိုး တို့မှအလှုငွေ သိန်း(၅၀)အားလှုဒါန်းပါသည်။
ရာသီဥတုဘေး ဒုက္ခသည်တို့ အထောက်အပံ့ရရှိကြသလို မိမိတို့ ဘဝမှာလည်း လိုအပ်ချက် အခက်အခဲရှိတိုင်းကောင်းသောသူတော်ကောင်း ပုဂ္ဂိုလ်များ ဆီက အထောက်အပံ့ရရှိကြပါစေ။
ကံကံရဲ့အကျိုးခံစားကြပါစေအလှူရှင်မိသားစု အေချမ်းသာယာကြပါစေ၊ကျန်းမာချမ်းသာ ကြပါစေ “လို့သူလက်ရှိအသုံးပြုနေတဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
လက်ခံရရှိတဲ့အလှူငွေများကို
ပြိုင်းချောင်းကျောက်တော်မြို့နယ် ပြောင်းထိပ်၊ ရွှေရောင်စုံပရဟိတစာသင်တိုက်၊ပိချောင်း/သဲပုံရွာ၊ပုဏ္ဏားကျွန်း /ဝမ်းဒီးကျေးရွာ၊ကျောက်တော်မြို့နယ် လမုကျေးရွာ၊ရသေ့တောင် ပန်းဇင်းမော်ကျေးရွာ၊ပြိုင်းချောင်းကျောင်းဟောင်းဆရာတော်၊အောက်ယွန်းချောင်း/ ကျောက်တော်အထက်ယွန်းချောင်း/ကျောက်တော် ရတနာသီရီအောင်မင်ဂလာကျောင်းတိုက် ပုဏ္ဏားကျေးရွာ၊ကျောက်တော်အာသောကရုံဘုန်းကြီးကျောင်း၊ရွာကြီးမြောက်၊စစ်တွေ အစရှိတဲ့နေရာများမှာခွဲဝေလှူဒါန်းသွားမှာဖြစ်ကြောင်းသိရပါတယ်။


