မော်စကိုတွင် ရုရှား-တရုတ် ဆွေးနွေးပွဲ အောင်မြင်မှုသည် အမေရိကန်၏ အလုပ်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က ရုရှားရုပ်သံတွင် အင်္ဂါနေ့က ပြောကြားခဲ့သည်။
“ဒီဆွေးနွေးပွဲအောင်မြင်မှုဟာ အမေရိကန်တွေနဲ့ဆိုင်တဲ့ အလုပ်မဟုတ်ပါဘူး” ဟု အနောက်နိုင်ငံများ၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ အမေးကို မှတ်ချက်ပေးကာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲများသည် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ရုရှားနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ တရုတ်သည် “ရုရှားအတွက် တာဝန်ယူရန် တာဝန်မရှိ” ဟုပြောသလို၊ တရုတ်သည် ရုရှားအား သံတမန်ရေးရာအရ ကာကွယ်ပံ့ပိုးပေးနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္လာနေ့က ပြောကြားခဲ့သည်။
ရိုးရာဧည့်ဝတ်ကျေပွန်မှုနှင့် နွေးထွေးစွာ ကြိုဆိုမှုအတွက် ကျေးဇူးတင်ရှိကြောင်း ရှီကျင့်ဖျင်က ပူတင်အား ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများမှာလည်း “ပြတ်သားစွာပင် အကျိုးဖြစ်ထွန်းစေသည်” ဟု သူကပြောကြားသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ရုရှားနိုင်ငံခရီးစဉ်သည် ယနေ့တွင် ပြီးဆုံးပြီဖြစ်သဖြင့် သူသည် ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီဖြစ်သည်။