မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၃၆ ဦး ကိုရီးယားနိုင်ငံသို့ ယနေ့ထပ်မံရောက်ရှိလာ

0
89

ကိုရီးယားနိုင်ငံရှိ Hyundai MIPO Dockyard တွင် လုပ်ကိုင်မည့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား (၃၆) ဦးသည် မတ် ၂၁ ရက်(ယနေ့)တွင် ထပ်မံရောက်ရှိလာခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာကျွမ်းကျင်ဂဟေလုပ်သားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှအလုပ်သမားသံအရာရှိကကြိုဆို၍ လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့သည်။

ကိုရီးယားနိုင်ငံရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများတွင် မြန်မာအလုပ်သမားများအား ကျွမ်းကျင်ဂဟေလုပ်သားများအဖြစ် E-7-3 ဗီဇာဖြင့် စေလွှတ်လျက်ရှိရာ မတ် ၁၇ ရက်က (၃၃)ဦး၊ မတ် ၁၂ ရက်က (၁၇)ဦးတို့အား စေလွှတ်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် မြန်မာကျွမ်းကျင်ဂဟေလုပ်သား ၈၆ ဦးသည် ကိုရီးယားနိုင်ငံရှိ Samsung Heavy Industries တွင်အလုပ်လုပ်ကိုင်ရန် E-7-3 ဗီဇာဖြင့်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here