အသက် ၉၂ နှစ်တွင် ဘီလျံနာသူဌေးကြီး ရူပတ် မာဒေါ့ခ် ၅ ကြိမ်မြောက်လက်ထပ်

0
183

မီဒီယာလောက၏ ဘီလျံနာသူဌေးကြီး ရူပတ် မာဒေါ့ခ်သည် အသက် ၉၂ နှစ်အရွယ်တွင် ပဥ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် အသက် ၆၆ နှစ်အရွယ်ရှိ အန် လက်စလီ စမစ်နှင့် လက်ထပ်မည်ဖြစ်ကြောင်း သိရသည်။

လေးယောက်မြောက် ဇနီးသည် ဂျယ်ရီ ဟောနှင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကွာရှင်းပြတ်စဲပြီးနောက် ယခုတဖန် နောက်တစ်ကြိမ် ထိမ်မြားခြင်းဖြစ်သည်။

မာဒေါ့ခ်သည် မစ္စစ် စမစ်အား မတ်လ ၁၇ ရက်နေ့တွင် နူးယော့ခ်၌ လက်ထပ်ခွင့်တောင်းခဲ့သည်ဟု သိရသည်။ မစ္စစ် စမစ်သည် မုဆိုးမဖြစ်ပြီး ကွယ်လွန်သူခင်ပွန်းမှာ နိုင်ငံကျော် အဆိုတော်၊ ရေဒီယိုနှင့် တီဗီအမှုဆောင်တစ်ဦးဖြစ်သည့် ချက်စတာ စမစ်ဖြစ်သည်။

မာဒေါ့ခ်သည် သည်ဩစေတြေးလျံ၊ သည်တိုင်းမ်စ်၊ နူးယော့ခ် ပို့စ်နှင့် ဖောက်စ်နူးစ် စသည့် နာမည်ကျော် သတင်းဌာနများကို ပိုင်ဆိုင်သော သူဌေးကြီးဖြစ်သည်။ ပိုင်ဆိုင်မှုပေါင်း ၂၁ ဘီလျံကျော်ရှိပြီး အမေရိက၏ ၃၁ ယောက်မြောက် အချမ်းသာဆုံး ဖြစ်သည်။

မာဒေါ့ချ်တွင် သားသမီးစုစုပေါင်း ခြောက်ယောက်ရှိသည်။ လက်ထပ်ပွဲကိုမူ နွေရာသီတွင် ပြုလုပ်သွားရန်ရည်ရွယ်ထားသည်။

Source: ABCNet


LEAVE A REPLY

Please enter your comment!
Please enter your name here