ဗဟိုအမေရိကခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတသည် အမေရိကန်နိုင်ငံသို့ ဝင်ရောက်မည်

0
95

တိုင်ပေ၊ မတ် ၂၁

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်သည် ယခုလကုန်တွင်သွားမည့် ဗဟိုအမေရိကခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ၌ ဝင်ရောက်ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်မှုကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုမို တင်းမာလာနိုင်ဖွယ် ရှိသော်လည်း စိုင်အင်ဝမ်နှင့် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ကယ်ဗင် မက်ကာသီတို့ တွေ့ဆုံသွားခြင်း ရှိ၊ မရှိကိုမူ ထိုင်ဝမ်က အတည်မပြုထားသေးပေ။

မက်ကာတီနှင့် စိုင်တို့ အကြား မည်သို့သော မျက်နှာချင်းဆိုင် တွေ့ဆုံမှုမျိုးမဆို က တရုတ်အစိုးရကို ဒေါသထွက်စေနိုင်သောကြောင့် စောင့်ကြည့်ရမည့် ခရီးစဉ် ဖြစ်သည်။ မက်ကာသီကမူ ရက်အတိအကျ မဖော်ပြဘဲ အမေရိကသို့ စိုင်ရောက်ရှိနေစဉ် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းက ပြောကြားခဲ့သည်။

စိုင်သည် မတ်လ ၂၉ ရက်နေ့တွင် နူးယော့ခ်သို့ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဂွာတီမာလာနှင့် ဘီလိုက်ဇ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ အပြန်ခရီးတွင်လည်း ကယ်လီဖိုးနီးယား၌ ဝင်ရောက်ရပ်နားသွားမည်ဟု သိရသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောင်နင်က ပေကျင်းသည် စိုင်နှင့် မက်ကာသီ တို့တွေ့ဆုံကြမည်ကို လွန်စွာ စိုးရိမ်မိပါကြောင်း၊ အမေရိကနှင့် ထိုင်ဝမ်ကြား တရားဝင် တွေ့ဆုံမှုအားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောထားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here