Thursday, June 25, 2026

ရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌...

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မနက်ဖြန်...

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း...

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...
HomeInternationalတရုတ်ထောက်လှမ်းရေးမီးပုံးကိစ္စတင်းမာမှုများအတွက် စိုးရိမ်မိကြောင်းဂျပန်ပြောကြား

တရုတ်ထောက်လှမ်းရေးမီးပုံးကိစ္စတင်းမာမှုများအတွက် စိုးရိမ်မိကြောင်းဂျပန်ပြောကြား

မြူးနစ်၊ဖေဖော်ဝါရီ ၁၉

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယရှိသည် တရုတ်နိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲဝမ်ယိအား တရုတ်ထောက်လှမ်းရေးမီးပုံးဟုယူဆရသည့်အရာကြောင့် ကျူးကျော်မှုသဖွယ်ဖြစ်လာကာ တင်းမာမှုများမြင့်တက်လာမည်ကို စိုးရိမ်မိကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်ကျင်းပသည့် နိုင်ငံခြားရေးအကြီးတန်းအရာရှိများနှင့် ကာကွယ်ရေးအရာရှိများပါဝင်သော လုံခြုံရေး ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ပြုလုပ်ရန် နှစ်နိုင်ငံသဘောတူထားကြောင်းလည်း မီဒီယာများသို့ပြောကြားခဲ့သည်။

ထို့အပြင်နှစ်နိုင်ငံဆက်ဆံရေးကို အပြုသဘောဆောင်ပြီးတည်ငြိမ်သောဆက်ဆံရေးအဖြစ် ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟုပြောကြားခဲ့သည်။

တရုတ်ဘက်ကလည်း ဂျပန်အနေဖြင့်ခိုင်လုံတိကျသည့်သက်သေမရှိပဲ တရုတ်အားစွပ်စွဲကာအမည်ဖျက်နေခြင်းဖြစ်သည်ဟုတုံ့ပြန်ခဲ့သည်။ထို့အပြင်ဝါရှင်တန်ဦးဆောင်မှုနောက်လိုက်ကာ တရုတ်ကို အားကြိုးမန်တက်မစွပ်စွဲသင့်ကြောင်းလည်းပြောခဲ့သည်။

ယင်းနောက် တရုတ်နှင့်ဂျပန်အငြင်းပွားနေသည့် ဆန်းခကုကျွန်းငယ်များအရေးအပါအဝင် ယင်းဧရိယာတစ်ဝိုက် တရုတ်၏ပြင်းထန်သည့်စစ်ရေးလှုပ်ရှားမှုများအပေါ် စိုးရိမ်မိကြောင်းလည်း ဟာယရှိကပြောကြားခဲ့သည်။

Source : Kyodo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်းများအဖြစ် ဆွေးနွေးမည်

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မနက်ဖြန် ဇွန် ၂၆ ရက်၌ မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေး အစီအစဉ်အရ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဝပ်ရေလျှံမှုကြာချိန် လျော့နည်းစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် ကွင်းဆင်းလေ့လာစိစစ်ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းသွားမည်ဖြစ်သည်။ ထို့ပြင် လူထုကျန်းမာရေး ထိခိုက်မှုမရှိစေရေးအတွက် အများပြည်သူအသုံးပြုသည့်...

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၅)မှတ်၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၈)မှတ်တို့ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များ၊ ဆုကြေးငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီအပါအဝင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071