Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏...

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊...

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌...

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန်...

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂...
HomeNewsLocal Newsမူဆယ်ခရိုင်ပြင်ပ သန်းခေါင်စာရင်း ကိုင်ဆောင်သူများ...

မူဆယ်ခရိုင်ပြင်ပ သန်းခေါင်စာရင်း ကိုင်ဆောင်သူများ တရုတ်ပြည်အတွင်း ဝင်ထွက်ခွင့်ရရန် နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးနေ

မူဆယ်ခရိုင်ပြင်ပ နေထိုင်သူများပါ တရုတ် – မြန်မာ နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံဘက်အခြမ်းသို့ ဝင်ထွက်ခွင့်ရရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေကြောင်း သိရသည်။

တရုတ် – မြန်မာ နယ်စပ် ရွှေလီနှင့် ကျယ်ခေါင်မြို့များသို့ မြန်မာဘက်ခြမ်းမှ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် ရွှေ့ပြောင်းလုပ်သားများအား နယ်စပ်ဖြတ်ကျော်ခွင့် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့်ပြုနိုင်ရေး မူဆယ်ခရိုင် တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ ဒေသအာဏာပိုင်များအကြားဆွေးနွေးနေ‌ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” လောလောဆယ်တော့ မူဆယ်ခရိုင်ထဲက အိမ်ထောင်စုဇယားရှိသူတွေပဲ ဝင်လို့ရသေးတယ်။ နှစ်နိုင်ငံ ဆွေးနွေးတုန်းပေါ့ ။ ဘာမှတော့ မထူးခြားသေးဘူး ။ ဆွေးနွေးနေဆဲအဆင့်ပဲ ရှိသေးတာပေါ့”ဟု မူဆယ်အခြေစိုက်လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးကွန်ရက် ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က ပေါ်ပြူလာနယူး(စ်)သို့ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၆) ရက်က တရုတ်ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မူဆယ်ခရိုင်တာဝန်ရှိသူများအကြားအွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မူဆယ်ခရိုင်ပြင်ပ အိမ်ထောင်စု ဇယားကိုင်ဆောင်သူများအား နယ်စပ်ဖြတ်ကျော်ခွင့် ယာယီနိုင်ငံကူးလက်မှတ်(BP)ဖြင့် ဖြတ်ကျော် ဝင်ရောက်ခွင့်ပြုရန်၊ ကျင်စန်းကျော့ဂိတ်ရှိ ကုန်တင်ယာဉ် မောင်နှင်သူများအား ယာယီနိုင်ငံကူးလက်မှတ်(BP)ဖြင့် တရုတ်နိုင်ငံအတွင်း ဖြတ်ကျော်မောင်းနှင်ခွင့်ပြုရန် ၊ တရားဝင်ခွင့်ပြုချက်ဖြင့် ဝင်ရောက်သူများအား တရုတ် အာဏာပိုင်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် စစ်ဆေးခြင်းများ မပြုလုပ်ရန် စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းကပင် စတင်ကာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ပြန်လည်ဖွင့်လှစ်ပေးထားသော်လည်း မြန်မာအာဏာပိုင်များမှ ကိုဗစ်အကြောင်းပြချက်ဖြင့် နှစ်နိုင်ငံ နယ် စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက်များအရ မူဆယ်ခရိုင်အတွင်း အိမ်ထောင်စု ဇယားကိုင်ဆောင်သူများကိုသာ ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးကာ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ခွာခွင့်ပြုထားပြီး တရုတ် – မြန်မာ ဗဟိုအစိုးရချင်း နားလည်မှုဖြင့် ပြန်လည်ဝင်ရောက်မည့် နေရပ်ပြန်များကိုသာ မြန်မာဘက်ခြမ်းသို့ ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် နန်းတော်ဂိတ်မှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နေထိုင်သည့် အိမ်ထောင်စုဇယားရှိသူများကို တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပြုထားပြီး အခြားမြို့နယ်များမှ ရွှေ့ပြောင်း လုပ်သား အများစုမှာ မူဆယ်မြို့တွင်ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့မှ လုယက်မှုကျူးလွန်သူ(၅)ဦးကိုဖမ်းမိ

မန္တလေးမြို့တွင် သွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်နေသူ(၅)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင် လုယက်မှုကျူးလွန်မှုများမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ) အရှည်ကြီး(၄၆)နှစ်၊ ကျော်မျိုးသူ(ခ)အောင်ပု (၄၁)နှစ်၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်းများကိုရောင်းချပေးသူ ဒေါ်ထွေးတင် (၅၃)နှစ်၊ လုယက်မှုကျူးလွန်ရာ၌ပူးပေါင်းပါဝင်သူ များဖြစ်သည့် ဇေယျာထွန်း(ခ)ဖိုးဆယ်(၂၉)နှစ်နှင့် အောင်ထွန်းလင်း(ခ)ကျော်ကြီး(ခ)အောင်ထွန်း (၂၉)နှစ်တို့အား မေ ၂၁ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ခဲ့ကြသည့် ဖြစ်စဥ်များနှင့် ရရှိလာသည့်ရွှေထည်ပစ္စည်းများကို နဝလီရွှေဆိုင်များတွင်ရောင်းချပြီး ငွေကြေးများအားခွဲဝေသုံးစွဲခဲ့ကြောင်းတို့ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ်များတွင်လုယက်ယူဆောင်သွားခဲ့သည့်...

မိုးသက်လေပြင်းတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ တာဝါတိုင် (၂)တိုင်ပြိုလဲပျက်စီး

ယနေ့ မေ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်း၏ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီးရှိ တာဝါတိုင်အမှတ်(၉၁)နှင့် (၉၂)တို့ပြိုလဲပျက်စီးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုလျော့ကျလျှက်ရှိကြောင်း သိရသည်။ ထိုသို့ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေချိန်၌ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအား ယာယီဝန်အားထိန်းညှိမှုများရှိနိုင်မည်ဟု YESC ကမေတ္တာ ရပ်ခံအသိပေးထားကြောင်း သိရသည်။ ထို့အတူ ယနေ့ မေ ၂၃ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း...

ပါကစ္စတန်အသင်းနှင့် ခြေစစ်ပွဲယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှု စတင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ယနေ့ မေ (၂၃)ရက်၌ လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ အောင်ကောင်းမာန်၊ ပြည်မိုးအပါအဝင် အခြား လက်ရွေးစင်ကစားသမားများနှင့် ပြည်တွင်ကလပ်များမှခေါ်ယူထားသည့် ကစားသမား စုစုပေါင်း(၃၁)ဦးဖြင့် ဖွဲ့စည်း ထားသည်။ AFC Asian Cup မြန်မာ-ပါကစ္စတန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071