Thursday, April 30, 2026

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀...

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး...

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...
HomeInternationalအိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို...

အိန္ဒိယ စီမံပိုင်ခွင့်ရှိသော မြစ်ရေကို ပါကစ္စတန် ရမည်မဟုတ်–မိုဒီ

အိန္ဒိယအုပ်ချုပ်သော ကက်ရှ်မီးယားတွင် အ‌ေ-သအပျောက်များသည့် စစ်သွေးကြွတိုက်ခိုက်မှုကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို နူးဒေလီဘက်က ရပ်ဆိုင်းခဲ့ပြီး နောက် တစ်လအကြာ ဖြစ်သော မေလ ၂၂ ရက် နေ့တွင် ပါကစ္စတန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံက စီမံပိုင်ခွင့်ရှိသော မြစ်ကြောင်းများမှ ရေကိုရရှိတော့မည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက မေလ ၂၂ ရက် နေ့တွင် ပြောကြားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘဏ်က ကြားဝင်ညှိနှိုင်းပေးခဲ့သော အင်ဒုစ်မြစ်ရေစာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းသည် ဧပြီလ ၂၂ ရက် နေ့က ဟိန္ဒူခရီးသွားအများစုပါဝင်သော အမျိုးသား ၂၆ ဦး ‌ေ-သဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်ပြီးနောက် ဧပြီလတွင် အိန္ဒိယကကြေညာခဲ့သော ပါကစ္စတန်ကို ဆန့်ကျင်သည့် အစီအမံများထဲမှ တစ်ခုဖြစ်သည်။

တိုက်ခိုက်မှုကို ပါကစ္စတန်က ကျောထောက်နောက်ခံပေးခဲ့သည်ဟု နူးဒေလီက စွပ်စွဲခဲ့သော်လည်း အစ္စလမ်မာဘတ်က ငြင်းဆိုထားပြီး နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံသည် ဆယ်စုနှစ် သုံးခုနီးပါးအတွင်း ၎င်းတို့၏ အဆိုးဝါးဆုံး စစ်ရေးတိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့ကြပြီး မေလ ၁၀ ရက် နေ့တွင်မူ အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရခဲ့ကြသည်။

“အကြမ်းဖက်တိုက်ခိုက်မှုတိုင်းအတွက် ပါကစ္စတန်ဟာ ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်၊ ဒါကို ပါကစ္စတန်စစ်တပ်က ပေးဆပ်ရပါမယ်၊ ပါကစ္စတန်ရဲ့ စီးပွားရေးက ပေးဆပ်ရပါမယ်” ဟု ပါကစ္စတန်နှင့် နယ်စပ် ရာဂျက်စ်သန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ မစ္စတာ မိုဒီက ပြောကြားခဲ့သည်။

အစ္စလမ်မာဘတ်နှင့် ဆွေးနွေးမှုမှန်သမျှကိုလည်း သူက ပယ်ချသွားခဲ့ပြီး “ ပါကစ္စတန်နဲ့ ကုန်သွယ်မှု ဒါမှမဟုတ် ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။

အင်ဒုစ်စာချုပ်သည် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံစီးဆင်းသော မြစ်ကြောင်း သုံးခုမှ ပါကစ္စတန်၏ လယ်မြေ ၈၀ ရာခိုင်နှုန်းအတွက် ရေကိုပေးစွမ်းနိုင်သော်လည်း အဆိုပါ ဆိုင်းငံ့မှုသည် ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးက မေလတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး လမ်းစဉ်ကို ထိထိရောက်ရောက်ကိုင်စွဲထားခဲ့ပြီး လက်ရှိတွင် အပြန်အလှန်ပစ်ခတ်မှုများ မရှိဘဲ တပ်ဖွဲ့များ အလိုက်သင့် ပြန်လည်နေရာချထားခြင်းမျိုးသာရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ့မန်ယမ် ဂျေးရှန်ကာက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုး

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန် ကြားချက်အမှတ် ၁/ ၂ဝ၂၆ ဖြင့် ဧပြီ ၂၉ ရက်က ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့သည်။ တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အ တည်ပြုချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ကော်မတီကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ချမှတ်

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၂/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသည့်အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်”...

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071