Sunday, September 20, 2026

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...
HomeCelebrities' News7 Sense Production...

7 Sense Production နဲ့ နေတိုး၊ ရွှေထူးတို့ အနုပညာ လုပ်ငန်းများ ပူပေါင်းလုပ်ကိုင်ရန် စာချုပ်ချုပ်ဆို

 

7th Sense Film Production မှ ၂ဝ၁၈ ခုနှစ်မှစပြီး အကယ်ဒမီ နေတိုး၊ ရွှေထူးတို့ကို တစ်ဦးတည်း မူပိုင် အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးထုတ်လုပ်မှာ ဖြစ်တဲ့အတွက် ပူးပေါင်းရိုက်ကူးမှု သဘောတူ စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့၊ နေ့လည် ၁ နာရီက နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီထုတ်လုပ်ရေးအနေနဲ့ နေတိုး၊ရွှေထူးတို့ကို တစ်ဦးတည်း မူပိုင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပုံဖော်သွားမယ့် အကြောင်းကို ကိုဝေမင်းမောင်က “ကျွန်တော်တို 7th Sense Film Productionနဲ့ ကိုနေတိုးရယ်၊ ကိုရွှေထူးရယ် အနုပညာပူပေါင်းလုပ်တဲ့ အခမ်း အနားမှာ အဓိကကတော့ ကိုနေတိုးအနေနဲ့ ၂ဝ၁၈ ခုနှစ်လလယ်ကနေ ၂ဝ၁၉၊ ၂ဝ၂ဝ ခုနှစ်တို့အထိ သူရဲ့ အနုပညာလှုပ်ရှားမှု တွေကို ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတာ၊ သရုပ်ဆောင်တွေမှန်သမျှကို ကျွန်တော်တို့ 7th Sense Film Production ကုမ္ပဏီတစ်ခုတည်းအနေနဲ့ လက်တွဲပြီးလုပ်ကိုင်သွားဖို့ သဘောတူတဲ့ အခမ်းအနားပါ။

ရုပ်ရှင်ဇာတ်ကား ကြီးတွေကို သူနဲ့လက်တွဲပြီး လုပ်ကိုင်သွားဖို့ သဘောတူတဲ့ အခမ်းအနားပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို  သူနဲ့ ဆက်တိုက်ရိုက်ကူးသွားမယ်။ဇာတ်ကားတစ်ကား ရိုက်ကူးသွားမယ်ဆိုရင် အချစ် သွားမလား။ ဟာသသွားမလား။ ကြောက်စရာ Horror သွားမလား၊ ဒရာမာ သွားမလားဆိုတာ ထုတ်လုပ်ရေးတွေများရင် ညှိနှိုင်းရခက်ပါတယ်။ ကိုနေတိုးတို့ ကျတော့လည်း ထုတ်လုပ်ရေးတွေက ရိုက်နေကျတဲ့ မင်းသားဖြစ်တော့ ကျွန်တော်တို့က ကျွန်တော်တို့နဲ့ပဲ ရိုက်မယ်။ သူနဲ့ ပူးပေါင်း မယ်။ ပူးပေါင်းမယ့် ပုံစံပါပဲ။ ဇာတ်ကားအရေအတွက်တွေလည်းလျှော့ပါ့မယ်။ အဓိကတော့ ပိုက်ဆံနဲ့ စာချုပ်ချုပ်တာမဟုတ်ဘဲနဲ့ မိသားစုကုမ္ပဏီထဲကို လာရောက် ပူးပေါင်းတဲ့ သဘောပါပဲ။ အဲဒီတော့ ဇာတ်ကားရုံတင်ပြသတဲ့အထိ ကောင်းရင် ကောင်း သလောက်၊ အောင်မြင်ရင် အောင်မြင်သလောက် ကျွန်တော်တို့ရဲ့ အကျိုး ခံစားခွင့်က မြင့်တက်လာမှာပါ။ အနုပညာကြေး သူများပေးသလိုမျိုး အခု သူ့ရဲ့ပေါက်ဈေးလိုမျိုး အဲဒီလို ချုပ်တာမျိုး မဟုတ်ဘဲနဲ့ မိသားစုကုမ္ပဏီ တစ်ခု တည်းကို ယုံယုံကြည်ကြည်နဲ့ လာရောက်ပူးပေါင်းပြီးတော့ ဇာတ်ကား ရိုက်ကြ မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စာချုပ်ချုပ်တာပါ။ ၂ နှစ်စာချုပ်ပါပဲ။ ရွှေထူးက သီချင်းပိုင်းမပါပါဘူး။ သီချင်းကိုတော့ သူ့စိတ်ကြိုက်လုပ်လို့ ရပါတယ်။ ကိုနေတိုးလည်း ဒီလိုပါပဲ။ ကြော်ငြာပိုင်းက သူ့ဘာသာသူ လွတ်လွတ်လပ် လပ်ပါပဲ” လို့ ပြောပါတယ်။

 P-060 ၊ ဓာတ်ပုံ-ရဲလင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071