Tuesday, May 5, 2026

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...
HomeArticlesအသက်အန္တရာယ်ကို ထိပါးစေတဲ့ အွန်လိုင်းစိန်ခေါ်မှု

အသက်အန္တရာယ်ကို ထိပါးစေတဲ့ အွန်လိုင်းစိန်ခေါ်မှု

Momo Challenge လို့ အွန် လိုင်းမှာ ပျံ့နှံ့ရေပန်းစားခဲ့တဲ့ စိန် ခေါ်မှုလုပ်ရပ်ဟာ တစ်စုံတစ် ယောက် (ဒါမှမဟုတ်) အဖွဲ့တစ်ဖွဲ့က လုပ်ကြံ ဖန်တီးထားတာသာဖြစ်ပြီး အစစ်အမှန် စိန်ခေါ်မှုတစ်ခုမ ဟုတ် ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တွေ အသီးသီးက ကြေညာနေကြ ပါပြီ။

ဒီစိန်ခေါ်မှုဟာ မိုမိုဆိုတဲ့အရုပ် ကလေးတစ်ခုက ကလေးသူငယ်တွေ နဲ့ လူငယ်တွေကို အန္တရာယ်ရှိတဲ့ လုပ် ရပ်တွေကို ယှဉ်ပြိုင်စိန်ခေါ်တဲ့ အနေနဲ့ တစ်မျိုးပြီး တစ်မျိုးဆက် တိုက် လုပ်ခိုင်းလာပြီး နောက်ဆုံး မတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ လုပ်ရပ်မျိုးအထိကိုပါ လုပ်ခိုင်းတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လကစပြီး ပျံ့နှံ့လာခဲ့ရာက မိဘတွေရဲ့ တိုင်ကြားမှုတွေ အထူး များပြားလာတဲ့အလျောက် နိုင်ငံအ တော်များများက အင်တာနက် လုံခြုံ ရေးအဖွဲ့တွေက အရင်းအမြစ်ကို စုံစမ်းကြပေမယ့် တိုက်ရိုက်သက် ဆိုင်တဲ့ ပင်မအရင်းအမြစ်ကိုတော့ မသိရှိခဲ့ရပါဘူး။

ဒါပေမဲ့ နောက်ဆုံးမတော့ အခု ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်း မှာအိုင်ယာလန်မြောက်ပိုင်း ရဲတပ် ဖွဲ့ကနေ အဲဒီစိန်ခေါ်မှုနဲ့ ပတ်သက် လို့ အများပြည်သူသို့ သတိပေး ချက်တစ်ခုကို စတင်ထုတ်ပြီးခဲ့ပြီးတဲ့ နောက်မှာ ဒေသအသီးသီးမှာလည်း တားမြစ်ချက်တွေ သတိပေးချက် တွေ အများအပြား ပေါ်ပေါက်လာ တာကြောင့် ဒီစိန်ခေါ်မှုဟာဆုံးခန်း တိုင်သွားပြီလို့ ဆိုနိုင်ပါတယ်။

မိုမိုစိန်ခေါ်မှု ဘယ်ကစ
အဲဒီ မိုမိုစိန်ခေါ်မှုဟာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လကစပြီး အွန်လိုင်း အသုံးပြုသူ လူငယ်တွေကြားမှာ စတင် ရေပန်းစားခဲ့တာပါ။ မိုမိုစိန် ခေါ်မှုနဲ့ပတ်သက်လို့ ယူကျုဘ်မှာ တစ်စုံတစ်ယောက်က တင်ထားတာ ကို ယူကျူဘ်ဆယ်လီတစ်ဦးဖြစ်သူ ရိန်းဘော့ဆိုသူက စတင်သတိပြုမိခဲ့ ရာက ကမ္ဘာတစ်ဝန်းက လူကြီးတွေ ဟာ ကိုယ့်တူသားနောင်မယ်တွေ အတော်များများ မိုမိုစိန်ခေါ်မှုကွန် ရက်မှာ ပါဝင်နေကြတယ်ဆိုတာကို သတိပြု သတိထားမိလာကြတာဖြစ် တယ်လို့ဆိုနိုင်ပါတယ်။ ဒီစိန်ခေါ်မှု ဟာ ဆယ်ကျော်သက်တွေ ကလေးသူ ငယ်တွေဆီကိုလျှင် မြန်စွာပျံ့နှံ့သွား ပြီး အဲဒါနဲ့ပတ်သက်တဲ့ အကြောင်း တွေ ဘယ်လိုဘယ်ပုံ စိန်ခေါ်ထား တယ်ဆိုတာတွေ ဘယ်လိုတွေ ယှဉ် ပြိုင်နေကြတယ်ဆိုတာတွေကို Whats App တို့ Facebook တို့ အင်စတာဂရမ်တို့မှာ တင်ကြရာက နေ ထပ်ပြီးပျံ့နှံ့ခဲ့ပြန်ပါတယ်။

စိန်ခေါ်မှုကတော့ ထူးဆန်းလှ တယ်တော့မဟုတ်ပါဘူး။ စိန်ခေါ်မှု ကွန်ရက်နဲ့ ချိတ်ဆက်လိုက်ရင် ကိုယ့် ဖုန်းထဲမှာ ကြက်လို ခြေနှစ်ချောင်းနဲ့ နဖူးပြောင်ပြောင်မျက်လုံးပြူးပြူး ရုပ် ဆိုးဆိုး ဆံပင်ဖားလျား မိန်းမတစ် ယောက်ပုံပေါ်လာပြီး ကာယကံရှင် ကို စိန်ခေါ်မှုတွေလုပ်ခိုင်းတာပါပဲ။ အမှန်မတော့ အဲဒီအရုပ်ကို Mother Bird လို့ခေါ်ပါတယ်။ Link Factory ဆိုတဲ့ အထူးပြုလုပ်ချက် ကုမ္ပဏီ တစ်ခု ကနေ ဇာတ်လမ်းတစ်ခုအတွက် လိုအပ်လို့ ဂျပန်အနုပညာရှင် ကိုင် ဆုကဲအိုင်ဆာဝါက ဖန်တီးပေးခဲ့တဲ့ အရုပ်ကလေးပါ။ အဲဒီအရုပ်ကိုမှ မူရင်းဖန်တီသူ အနုပညာရှင်လည်း မသိ ထုတ်လုပ်တဲ့ ကုမ္ပဏီကလည်း မသိပဲ ”Momo” လို့ နာမည်ပေးကာ စိန်ခေါ်မှုထဲမှာ ထည့်သုံးထားတာပါ။ အဲဒီကာတွန်းရုပ် ခုလိုမိုမို စိန်ခေါ်မှု မှာပါဝင်နေတာနဲ့ပတ်သက်လို့ အထူး ပြုလုပ်ချက် ကုမ္ပဏီကရော ဖန်တီး သူ ကိုင်ဆုကဲအိုင်ဆာဝါကပါ သူတို့နဲ့ မဆိုင်ကြောင်း လုံးဝပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားကြပါတယ်။

ဘယ်လိုခိုင်းသလဲ
အွန်လိုင်းပေါ်မှာ ပျံ့နှံ့လေ့ရှိတဲ့ Challenge လုပ်ကြသလိုပါပဲ။ ဒါ မျိုးလုပ်နိုင်လား ဒီလိုနေနိုင်လား စသည်ဖြင့် တွေ့ဖူးကြမှာပါ။ ခုမိုမို စိန်ခေါ်မှုဆိုတာကလည်း အဲဒီလိုပဲ စိန်ခေါ်မှုတွေကို လုပ်ခိုင်းတာပါပဲ။ ဒါပေမဲ့ သူလုပ်ခိုင်းတဲ့ စိန်ခေါ်မှု တွေဟာ သွေးထွက်သံယို ကိစ္စတွေပါ လာပြီး တစ်ဆင့်ပြီးတစ်ဆင့် ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို ထိ ခိုက်မှုတွေ မြင့်မားလာပါတယ်။

လူအသေအပျောက် ဘယ်လောက်ရှိ သလဲ
မိုမိုစိန်ခေါ်မှုကြောင့် ကလေး လူငယ်တွေ အသေအပျောက် အများ ကြီးရှိတယ်လို့ အွန်လိုင်းပေါ်မှာ ပျံ့ နှံ့ခဲ့သလောက် မဟုတ်ပေမယ့် ပျံ့နှံ့ခဲ့ တဲ့ နိုင်ငံတွေမှာ သေဆုံးမှုတွေတော့ ရှိခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံမှာအသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ် ယောက်ဟာ မိုမိုစိန်ခေါ်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ် ခဲ့တယ်လို့ အာဏာပိုင်တွေက တရား ဝင်ထုတ်ပြန်ခဲ့တာတော့ရှိပါတယ်။

ဖိလစ်ပိုင်မှာလည်း အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ် ယောက်ဟာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် ဇန်နဝါရီ ၁၁ ရက်နေ့ က သေဆုံးခဲ့ရာမှာ မိုမိုစိန်ခေါ်မှု ကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင် ပုံရတယ်လို့ ဆိုကြပါတယ်။
အိန္ဒိယမှာလည်း အဲဒီ စိန်ခေါ် မှုကြောင့် သေဆုံးရတယ်ဆိုတဲ့ သံ သယဖြစ်ဖွယ် အမှုတစ်ခုရှိခဲ့ပါတယ်။
ဘာဘိုဆာမြို့မှာ ပြီးခဲ့တဲ့ စက် တင်ဘာလအတွင်းက ဒီစိန်ခေါ်မှု ကြောင့် လူငယ် ၂ ယောက်သေဆုံးခဲ့ တယ်လို့ သတင်းထွက်ခဲ့တာကိုတော့ ကိုလံဘီယာရဲတပ်ဖွဲ့က အတည်မပြု ခဲ့ပါဘူး။

ပြင်သစ်မှာ ပြည်ထဲရေးဝန်ကြီး ဌာနက ၂ဝ၁၈ ဇူလိုင်လနှောင်းပိုင်း ကစပြီး ခုအချိန်အထိဖြစ်ခဲ့တဲ့ ဖြစ် စဉ်တွေကို ပြန်သုံးသပ်တဲ့အခါမှာ တော့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ သားဖြစ်သူ သေဆုံးခဲ့ကြောင်း ဖခင် တစ်ယောက်က သတင်းပေးပို့ခဲ့တာ ကို တွေ့ရပါတယ်။

ဘယ်လ်ဂျီယံမှာလည်း လူငယ် လေးတစ်ယောက်ဟာ အဲဒီစိန်ခေါ်မှု ကြောင့် နိုဝင်ဘာ ၆ ရက်က သေဆုံး ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အတိုင်းအ တိုင်းအပြည်ပြည်က တာဝန်ရှိသူတွေ ကတော့ အဲဒီ မိုမိုစိန်ခေါ်မှုကို မလုပ် ကြဖို့ သတိပေးချက်တွေထုတ်ပြန်ခဲ့ ကြပါတယ်။ ပါကစ္စတန်မှာဆိုရင် အဲဒါကို ဖြန့်ချိရင် ရာဇဝတ်မှုမြောက် တယ်လို့ကို တရားဝင် ကြေညာခဲ့ပါ တယ်။ WhatsApp ကလည်း အဲဒီ ဂိမ်းကို ကစားနေတဲ့ ဖုန်းနံပါတ် ပိုင်ရှင်တွေကို ဘလော့လုပ်ပေးခဲ့ပါ တယ်။ Facebook တို့ အင်စတာ ဂရမ်တို့ ယူကျုဘ်တို့လို မီဒီယာ ပလက်ဖောင်းတွေမှာ တင်ထားတဲ့ မိုမိုစိန်ခေါ်မှုနဲ့ပတ်သက်တာတွေ ကို လည်း ဖယ်ရှားလိုက်ကြပါပြီ။

ပညာရှင်တွေ ဘယ်လိုသုံးသပ်ကြ သလဲ
အင်တာနက်လုံခြုံရေးဆိုင်ရာ ပညာရှင်တွေကတော့ ဒီစိန်ခေါ်မှု ဟာ ကိုယ်ကျင့်တရားဆိုင်ရာ အ ထိတ်တလန့်ဖြစ်စေတယ်လို့ ဆိုပါ တယ်။ ပြီးတော့ကာ လူငယ်တွေ ပါ ဝင်ချင်လာအောင် ဓာတ်ဆီလောင်း ဘေးတီးပေးတဲ့ အခြေအမြစ်မရှိတဲ့ မီဒီယာသတင်းတွေကလည်း ပိုဆိုး စေတယ်လို့ သုံးသပ်ကြပါတယ်။ Blue Whale စိန်ခေါ်မှုနဲ့ Momo စိန်ခေါ်မှုတွေဟာ ကိုယ်ကျင့်တရားဆိုင်ရာအထိတ်တလန့်ဖြစ်နေမှုနဲ့ ပတ်သက်လို့ ဂန္တဝင်အမှတ်တံဆိပ် တွေဖြစ်သွားပါပြီလို့ အင်တာနက် လုံ ခြုံရေးပညာရှင်တစ်ယောက်ပြောပါတယ်။ လူငယ်တွေရဲ့ ပင်ကိုယ်စူးစမ်း ချင်စိတ်နဲ့ ထူးဆန်းတဲ့ထိတ်လန့်ဖွယ် အရသာကို ခံစားလိုစိတ်တွေကို နှိုး ဆွပေးတဲ့ လူမှုဆက်ဆံရေး အင်ဂျင် နီယာနည်းပညာလို့ ဆိုပါတယ်။

ပျံ့နှံ့မှုများတဲ့ နိုင်ငံတွေ
အဲဒီ မိုမိုစိန်ခေါ်မှု ပျံ့နှံ့မှုများ ပြားတဲ့ နိုင်ငံတွေကတော့ အာဂျင်တီး နား၊ ဘရာဇီးလ်၊ ကနေဒါ၊ ကိုလံဘီ ယာ၊ ဥရောပနိုင်ငံတွေ၊ အိန္ဒိယ၊ မက္က ဆီကို၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ အမေ ရိကန်ပြည်ထောင်စုတို့ပဲ ဖြစ်ကြပါ တယ်။

ဘယ်လိုထိန်းသိမ်းကြမလဲ
ခု မိုမိုစိန်ခေါ်မှုကြောင့် ဖြစ်ခဲ့ သမျှတွေဟာ မိုမိုစိန်ခေါ်မှုကြောင့်ဆို တာထက် အင်တာနက်မှာ လုံခြုံမှု မရှိတာကြောင့်ပါပဲ။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သက်ဆိုင်တဲ့ သွေး ဆောင်တဲ့ အရေးအသားတွေဟာ အင်တာနက်ဝက်ဆိုက်တွေမှာရော လူမှုကွန်ရက်တွေမှာပါ အများကြီး ပျံ့နှံ့နေကြပါတယ်။ အဲဒါတွေကနေ ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေဟာ လူငယ်တွေကို ဒုက္ခပေးနေ ခဲ့တာ ကြာပါပြီ။ ခုမိုမိုစိန်ခေါ်မှုဆို တာက ထင်ရှားတဲ့ အထောက်အထား တစ်ခုမျှသာပါပဲ။ အဲဒီလို သွေး ဆောင်မှုတွေကြောင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ သဘော တူညီချက်ပဋိဥာဉ်တွေတောင် လုပ် လာကြပါတယ်။ သူ့အဖွဲ့ သူ့အုပ်စု လေးတွေနဲ့သူ သတ်သေဖို့ပဋိဥာဉ်ခံထားကြတာတွေရှိပါတယ်။ အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရထားတာမျိုးနဲ့၊ ဒဏ်ရာမရရအောင် ပေးတာမျိုး၊ ရပြီးဒဏ်ရာကို ဆွပေး တာမျိုး၊ လှုံ့ဆော်တာမျိုးအပြင် မူး ယစ်ဆေးဝါးနဲ့ပါ တွဲမိလာတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်လာရတော့ တာပါပဲ။

အင်တာနက်ဟာ လူမှုအသိုက် အဝန်းမှာ သူရဲမွေးထားမိသလိုဖြစ် နေပါပြီ။ အင်တာနက်ကို ရပ်လို့မရ တော့ပါဘူး။ အင်တာနက်တို့ လူမှု ကွန်ရက်တို့ ဆိုတာတွေဟာ တစ ထက်တစ ပိုပြီးအရှိန်ရလာတဲ့အပြင် နောက်ပိုင်းမွေးဖွားလာတဲ့ လူငယ် တွေအတွက် အသက်ရှုတဲ့လေလိုပဲ အင်တာနက်ဟာ ဖြစ်လာနေပါပြီ။ ဒီ တော့ကာ သူတို့ရဲ့ အစွမ်းသတ္တိတွေကို တားလို့မရတော့ပါဘူး။ ကောင်းကျိုး ရော ဆိုးကျိုးရော သက်ရောက်မှုတွေ ဟာ ဆက်တိုက်ဖြစ်လာနေတော့ မှာ ပါပဲ။ ဆိုးကျိုးတွေ များမလာအောင် သာ ဝိုင်းဝန်းထိန်းသိမ်းကြရတော့ မယ်။ အဲဒီလိုမှ မလုပ်ကြရင်တော့ အခု မိုမိုစိန်ခေါ်မှုလိုမျိုး နောက် ထပ်ပုံစံသစ်တွေ ထပ်ပေါ်လာ ရင် သားကောင်တွေ ထပ်ဖြစ်လာကြ ဦး မှာပါပဲ။ ထပ်လည်းပေါ်လာဦးမှာပါ။

ဒီတော့ကာ ရှေ့မှာဖြစ်ခဲ့သမျှ အတွေ့အကြုံတွေဟာ လူ့အသိုင်း အဝိုင်းအတွက် သင်ခန်းစာတွေချည်း ပါပဲ။ အဲဒီအတွေ့အကြုံတွေကို ကြုံ တွေ့ခဲ့သူတွေက ရရှိထားတဲ့ သင် ခန်းစာတွေအရ ကြိုတင်ကာကွယ်မှု တွေကို လုပ်ကြဖို့လိုပါတယ်။ အသက် အရွယ်ကွာဟမှု မျိုးဆက်ကွာဟမှု တွေရှိတယ်လို့ ဘယ်လိုပင်ဆိုကြစေ ကာမူ၊ လူငယ်တွေဟာ လူကြီးတွေ ထက် အတွေးအခေါ်တွေ ဆန်းသစ် ပြီး ခေတ်ပညာတွေ သိနားလည်ကြ တယ် ဆိုစေကာမူ ဘဝအတွေ့အကြုံ အရတော့ ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေ မိဘတွေကို ဘယ်လိုမှ ယှဉ် လို့မရပါဘူး။ ဒီတော့ကာ အရွယ် မရောက်သေးတဲ့ လူငယ်တွေကို မိဘ အုပ်ထိန်းသူတွေက သူတို့ရဲ့ လွတ် လပ်မှုကို မထိပါးစေပဲ ထိန်းသိမ်း စောင့်ရှောက်ကြရမှာပါပဲ။ ဒါကို လူ ငယ်တွေကလဲ နားလည်လက်ခံကြဖို့ လိုပါတယ်။ ဖြစ်လာမှ ကုသတာ ထက် ကြိုတင်ကာကွယ်တာက ပိုထိ ရောက်တယ်ဆိုတဲ့ ဆိုရိုးကလည်း ရှိ တယ်လေ။

ဟက်ကာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071