Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeCelebrities' Newsအလှမယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့...

အလှမယ်တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မြှင့်တင်ဖို့ လိုအပ်ကြောင်း အကြံပေးလိုက်တဲ့ အမရာငြိမ်း

Amara-Nyein

Miss Myanmar International 2017 အလှမယ် အမရာငြိမ်းက အခုလတ်တလောမှာတော့ ကြော်ငြာတွေ ရိုက်ကူးနေကြောင်း သိရပါတယ်။ အမရာငြိမ်းက အရင်က ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တဲ့ အ တွက် အခုအချိန်မှာ ဇာတ်ကားရိုက်ကူးချင်ပေမယ့် ဘယ်သူမှ ကမ်းလှမ်းမှုမရှိတဲ့ အကြောင်းကိုတော့……

“အမရာကို အရင်က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်း ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အမရာက မော်ဒယ်တစ်ယောက် ဖြစ် တဲ့အတွက် သရုပ်ဆောင်အလုပ်ကို ငြင်းဆန်ခဲ့တယ်။ အခုနောက် ပိုင်းမှာလည်း အမရာဇာတ်ကားမရိုက်ချင်ဘူးလို့ထင်ပြီး ဘယ် သူမှ မကမ်းလှမ်းတော့ဘူး။ အရင်က ငြင်းခဲ့ပေမယ့် နောက်ပိုင်း အနုပညာအလုပ်တွေ လုပ်ချင်လာတယ်။ ဇာတ်ကားရိုက် ကူးမှုတွေ လည်း လုပ်ချင်တယ်။ ပရိသတ်ချစ်တာကို ပိုပြီးခံချင် လာတယ်။ လောဘပိုကြီးလာတာလား မသိဘူး။ပရိသတ် အားပေးမှု ပိုရချင်လို့ သရုပ်ဆောင် အလုပ်ကို ကြိုးစားချင်စိတ်ဖြစ်လာတာပါ” လို့ ဆိုပါတယ်။

အရင်က မော်ဒယ်တွေအပေါ် ပရိသတ် တချို့ရဲ့ အမြင်စောင်းမှုကို ကိုယ်ကျင့်တရားနဲ့ မြှင့်တင်ခဲ့တဲ့ အမရာငြိမ်းက အခုအလှမယ်တွေကို ကိုယ်ကျင့်တရားမြှင့်တင်ပါလို့ အကြံပေးခဲ့ပါတယ်။

“အခုနောက်ပိုင်း အလှမယ်အပေါ်မှာ အမြင်ပြောင်းသွားကြတယ်။ အရင်က မော်ဒယ်လို့ ပြောလိုက်ရင် အမြင်စောင်းတာတွေ ရှိတယ်။ အမရာ ကိုယ်တိုင်လည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အမရာ ကိုယ့်ရဲ့ ပညာရေးပိုင်း၊ ကိုယ်ကျင့်တရားပိုင်းကို မြှင့်တင်ခဲ့တယ်။ အခုခေတ် အလှမယ်တွေကို အမရာအနေနဲ့ အကြံပေးချင်တာက ကိုယ့်ဝါသနာပါလို့ ရပ်တည်မယ် ဆိုရင် ရပ်တည်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပိုင်းကိုတော့ မြှင့်တင်ပါ” လို့ အမရာငြိမ်းက ဆိုပါတယ်။

အခုချိန်မှာ ပရိသတ် အားပေးမှုတွေ ရထားတဲ့ မော်ဒယ် အမရာငြိမ်းက မော်ဒယ်မဖြစ်ခင် သာမန်နေ ထိုင်မှု ပုံစံက အလှအရမ်း ကြိုက်ပေမယ့် မိန်းကလေး ဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းထဲမှာ မပါတဲ့ သူတစ်ယောက် ဖြစ်တဲ့အပြင် ငယ်ငယ်ကတည်းက မော်ဒယ်တစ်ယောက် ဖြစ်ချင်ခဲ့သူလို့လည်း သိရပါတယ်။

ချယ်ရီ
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071