ထိုင်းနိုင်ငံ၌ ဇွန်လမှ စတင်ကာ ကိုဗစ် ကန့်သတ်ချက်အချို့ပယ်ဖျက်

ထိုင်းနိုင်ငံ၌ ဇွန်လမှ စတင်ကာ ကိုဗစ် ကန့်သတ်ချက်အချို့ပယ်ဖျက်
May 21, 2022 Popular Journal

ထိုင်းနိုင်ငံ၌ ဇွန်လမှ စတင်ကာ ကိုဗစ် ကန့်သတ်ချက်အချို့ပယ်ဖျက်

ဘန်ကောက်၊ မေ ၂၁

ထိုင်းနိုင်ငံတွင် နိုက်ကလပ်များ၊ ကာရာအိုကေများ၊ဘားများကို ဇွန်လမှစကာ ပုံမှန်အချိန်အတိုင်း ပြန်လည်စတင် ခွင့်ပြုတော့မယ်လို့ အကြီးတန်းအရာရှိတစ်ဦးက သောကြာနေ့က ပြောကြားခဲ့ ပါတယ်။

ကျန်ရှိနေတဲ့ ကူးစက်ရောဂါကန့်သတ်ချက်အများစုကိုလည်း လျှော့ချလိုက်ကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ညဖက်​ပျော်ရွှင်စရာတွေဟာ ခရီးသွားတွေအတွက် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်ပေမဲ့လည်း ဖျော်ဖြေရေးနေရာ အများစုကို ကူးစက်ရောဂါစတင်ချိန်ကစပြီး ညမထွက်ရအမိန့်တွေ ထုတ်ပြန်ကာ တင်းကျပ်ခဲ့ပါတယ်။

အစိုးရက နောက်ဆုံးကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းဖြင့် ထိုင်းရဲ့ အဓိကစီးပွား​ရေးဖြစ်တဲ့ ခရီးသွားကဏ္ဍကို ပြန်လည်ရှင်သန်လာစေဖို့ မျှော်လင့်နေပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း ဝန်ထမ်းတွေဟာ ကာကွယ်​ဆေးကို ဘူစတာ ပါထိုးရမှာဖြစ်ပြီး အပတ်စဥ်အန်တီဂျင် နဲ့ စမ်းသပ်မှုတွေ လုပ်ရမယ်” လို့ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင် ဗစ်ဆန်နူသင် က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလမှ မေလလယ်အထိ ထိုင်းနိုင်ငံ ခရီးသွား၀င်ရောက်မှု ၁ ဒသမ ၀၁ သန်း ရရှိခဲ့ပြီး ယခုနှစ်အတွင်း ၅ သန်းမှ ၁၅ သန်းအထိ ဝင်ရောက်လာမယ်လို့​မျှော်မှန်းထားပါတယ်။

Source: Nikkei Asia

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*