Wednesday, June 17, 2026

မျိုးဆက်သစ် ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများ မွေးထုတ်နိုင်ရေး FIFA-MA...

မြန်မာ့ဘောလုံးလောကအတွက် အရည်အသွေးမြင့် မျိုးဆက်သစ်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် FIFA-MA Potential Young Referee Course 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန်...

Mekong Tourism Forum 2026...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Mekong Tourism Forum 2026 ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက်က ရန်ကုန်မြို့ရှိ Pan...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု...

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ကြယ်ပွင့်ပြမေးခွန်း ၁၅ ခုကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့်...
HomeCelebrities' Newsရုပ်သံလိုင်းကနေ ခံစားကြည့်ရှုကြရတော့မယ့်စိုးပြည့်သဇင်ရဲ့ ပထမဆုံး...

ရုပ်သံလိုင်းကနေ ခံစားကြည့်ရှုကြရတော့မယ့်စိုးပြည့်သဇင်ရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ

သရုပ်ဆောင် အကယ်ဒမီ စိုးပြည့်သဇင်ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ‘ဇနီးချောများ ကွန်ရက်’ ကို ဇွန်လ ၁၃ ရက်နေ့မှာMRTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ် လမ်းတွဲမှာ စိုးပြည့်သဇင်က ဒါရိုက်တာတစ်ယောက်ရဲ့ ဇနီးသည်ဇာတ်ရုပ်နေရာက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီဇာတ်လမ်းလေးက ကြည့်ရှုသူပရိသတ်တွေကို ဘယ်လိုအသိပညာပေး မလဲဆိုတာကို…

“ဒီဇာတ်လမ်းတွဲထဲမှာက ဇနီးချောများ ကွန်ရက်ပေ့ခ်ျထောင်ထားပြီး တခြားသူတွေရဲ့ အိမ်ထောင်ရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ အက်ဒ်မင် ၄ ယောက်ရှိတယ်ပေါ့နော်။ အဓိကက တော့အိမ်ထောင်ရေးအရှုပ်အရှင်းတွေ အိမ်ထောင်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလေးတွေအကြောင်း ရိုက်ကူးထားတာပါ။ နောက်ပြီးတော့ ဒီဇာတ်လမ်းက အလွမ်းအဆွေး ဒရမ်မာကြီးလည်း မဟုတ်ဘူး။ အပြင်က အိမ်ထောင်ရေးတွေနဲ့ တော်တော်လေး တူတဲ့ပုံစံ မျိုးလည်း ရှိတော့ ဘာပဲပြောပြောဖျော်ဖြေရေးအနေနဲ့ရော အသိပညာ ပေးတစ်ခုအနေနဲ့ပါ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်”လို့ စိုး ပြည့်သဇင်က ပြောပါတယ်။

ပထမဆုံးပါဝင်ရိုက်ကူး ရတဲ့ ဇာတ်လမ်းတွဲ ဖြစ်တာမို့ သူ့အနေနဲ့ ရင်ခုန်မျှော်လင့် ချက်တွေရှိနေကြောင်းလည်း”စိုးပြည့်မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာပြည်မှာလည်း မြန်မာဇာတ်လမ်းတွဲတွေကို အားပေးလာကြပြီဆိုတော့ စိုးပြည့် အကောင်းဆုံး ကြိုးစားထားတဲ့ ဒီဇာတ်လမ်းတွဲလေးကို ပရိသတ်တွေ အားပေးကြည့်ရှုကြဖို့ မျှော်လင့်ပါတယ်။ အခုစိုးပြည့်တို့ ဇာတ်လမ်းတွဲကMRTV ရုပ်သံကထုတ်လွှင့်မှာ။ ဒီဇာတ်လမ်းတွဲလေးကို စောင့်ကြည့်စေချင်တယ်။ အားပေးစေချင်ပါတယ်”လို့ စိုးပြည့် သဇင်ကပြောပြခဲ့ပါတယ်။ Aung Pyi Entertainmentကနေ တတိယအကြိမ်မြောက် ရိုက်ကူး တင်ဆက်ပြသတဲ့ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးပြီး ဖိုးသောကြာ၊ နေယံ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင်၊ ခင်သဇင်၊ မေဘရဏီသော်တို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်ဲး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071