Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပေမယ့် ဇာတ်မင်းသားဘဝကို...

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပေမယ့် ဇာတ်မင်းသားဘဝကို ပိုမြတ်နိုးတယ်ဆိုတဲ့ ၀င်းနောင်

Win-Naung-1

သဘင်မင်းသားဝင်းနောင်က ရုပ်ရှင်နယ်ပယ်မှာ ဇာတ်ကားတွေတော်တော်များများ ရိုက်ကူးဖြစ်ခဲ့ပါ တယ်။ အခုလက်ရှိအချိန်မှာလည်း ကျော်ရဲအောင်နဲ့ ဇာတ်ကားနှစ်ကား ရိုက်ကူးပြီးခဲ့ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ သဘင်ကိုသာ အဓိက အားစိုက် လုပ်ဆောင်သွားမှာဖြစ်ပြီး ရုပ်ရှင်အနေနဲ့ကတော့ အကူ အညီတောင်းမှသာလျှင် ရိုက်ကူးပေးဖြစ်တယ်လို့ ပြော ပါတယ်။ နောက်ထပ်လည်း ဝေဠုကျော်နဲ့အတူ ရုပ်ရှင် ဇာတ်ကားကြီးတစ်ကားရိုက်ကူးဖို့ရှိသေးကြောင်း သိရပါတယ်။ ကိုဝင်းနောင်က သဘင်ဘက်မှာလည်း အောင်မြင်တဲ့မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေ သလို ရုပ်ရှင်ပိုင်းမှာလည်း သူလက်ခံရိုက်ကူးတဲ့ ဇာတ် ကားတိုင်းကို တာဝန်ကျေအောင် ရိုက်ကူးလေ့ရှိသူပါ။

“တချို့ကပြောကြတယ်။ ဇာတ်မင်းသားတွေ ဇာတ်ကားရိုက်ရင် ဇာတ်သံပါနေတယ်ပေါ့။ ဇာတ်သံတို့ ဇာတ်ဟန်တို့ဆိုတာ ဘာကိုပြောတာလဲဆိုတာ ကျွန်တော်လည်း မရှင်းဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘက်က အကောင်းဆုံးမဖြစ်တောင်မှ အဆိုးဆုံးမဖြစ် အောင်ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ကြောင့် ပြန်ပြင်ရိုက်ကူးရတာမျိုးမဖြစ်အောင် ကြိုးစားခဲ့တယ်”လို့ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ပတ်သက်လို့ ဝင်းနောင်က ပြောပါတယ်။

ဇာတ်သဘင်လောကမှာ မင်းသားအများ စုက ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားတွေရိုက်ကူးခဲ့ကြတာတွေ လည်းများပါတယ်။ လက်ရှိ နာမည်ကြီး မင်းသားတွေ အနေနဲ့ဆိုရင်လည်း ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး လျက် ရှိပါတယ်။ ဒီလိုမျိုးရုပ်ရှင်ဘက်ကိုကူးတဲ့အခါမှာ သဘင် ပိုင်းကို အားလျော့သွားနိုင်မလားဆိုတဲ့ အတွေးတွေလည်း ပရိသတ်တွေမှာရှိတတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဝင်းနောင်က…

“အနုပညာနဲ့ပတ်သက်လာရင် ဘယ်အနုပညာပဲဖြစ်ဖြစ် ကျွန်တော်လေးစားတယ်။ ရုပ်ရှင်ကိုလည်း တန်ဖိုးထားလေး စားတယ်။ ကျွန်တော်ကတော့ပရိသတ်နဲ့  Live ထိတွေ့ပြီး ကပြရတာကို ပိုကျေနပ်တယ်။ အဓိကကတော့ ဇာတ်မင်း သားဘဝကို ပိုမြတ်နိုးတယ်”လို့ အနုပညာနဲ့ပတ်သက်တဲ့သူ့ရဲ့ ခံယူချက်ကို ပြောပြပါတယ်။ ဇာတ်ကားတွေနဲ့ပတ်သက်လို့သူ့ ကိုလာကမ်းလှမ်းမှုတွေရှိရင်လည်း လက်ခံရိုက်ကူးသွားဦး မှာဖြစ်သလို သူ့အနေနဲ့ကတော့ ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ချင်တဲ့အတွက် ကျရာဇာတ်ရုပ် ကနေလက်ခံရိုက်ကူးသွားမှာဖြစ်ပြီး သူက မင်းသားဖြစ်ချင်တာမဟုတ်ဘဲ အနုပညာသမား စစ် စစ်ဖြစ်ချင်တာဖြစ်ကြာင်း ကိုဝင်းနောင်က ပြောပါတယ်။ နောက်ပိုင်းမှာတော့သူ့ရဲ့ကိုယ် တိုင်ရေးဇာတ်လမ်းတွေကိုလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးသွားဖို့ရှိလာနိုင်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071