Thursday, June 4, 2026

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ...

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ...

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃...

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ "မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။...

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဘုရင့်လွတ်ငြိမ်းခွင့်ရရှိ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင့်အမိန့်နဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားတဲ့အတွက် ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ် လွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီးက ဇွန်လ ၃...
HomeNewsLocal News(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လတွင် (၄၄၀၉၁၇) ဦး၊ သြဂုတ်လတွင် (၃၆၃၂၆၁)ဦး၊ စက်တင်ဘာလတွင် (၅၀၈၅၃၁) ဦး၊ အောက်တိုဘာလတွင် (၆၇၈၉၁၅) ဦး စုစုပေါင်း (၁၉၉ ၁၆၂၄) ဦး လာရောက်ဖူးမြော်ခဲ့ကြကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပုံမှန်အားဖြင့် တစ်ရက်လျှင်ဘုရားဖူး လာရောက်သူ တစ်သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် တစ်သိန်းကျော်အထိ ဝင်ရောက်မှုရှိကြောင်း သိရသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာ ပြည်သူများအဆင်ပြေစေရန် ၂၀၂၂ ခုနှစ် မတ်လ (၂၆) ရက်မှစ၍ ဘုရား ဖူးမြော်ချိန်ကို နံနက် (၅) နာရီမှ ည (၈) နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှစ၍ နံနက် (၅) နာရီမှ ည (၉) နာရီအထိလည်းကောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်ဇွန်လ (၂၁) ရက်မှစ၍ နံနက် (၄) နာရီမှ ည (၁၀) နာရီအထိလည်းကောင်း တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေလည်း ပြန်လည်သုံးသပ်ပြီး တိုင်းပြည်ကောင်းအောင် ဒီမိုကရေစီနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆို မကြာခင် တိုးတတ်မှာပါ။ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ မှတ်ချက်မျိုးစုံပေးကြပေမယ့် ကောင်းတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်။ သွားခဲ့ရတာ ပင်ပန်းရကျိုးနပ်ပါတယ်" နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ရန်ကုန်မြို့အ ခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများကကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှမြန်မာနိုင်ငံသို့ အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိသည့်အမှိုက်များကို “ဆုံဆည်းမြိုင်”ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးမည်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးမှထွက်ရှိလာသောအမှိုက်များကို "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းက နေ့စဥ် အခမဲ့သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ "မြဝတီမြို့မှာရှိတဲ့စာသင်ကျောင်းတွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းဖြစ်စေချင်တယ်။ ကလေးတွေကိုလည်း ကျန်းကျန်းမာမာသန့်သန့်ရှင်းရှင်းနဲ့ စာသင်ကြားစေချင်တယ်။ အမှိုက်နံ့တွေကြောင့်ထွက်လာတဲ့လေအစား သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုစေချင်တယ်။ အဓိ ကကတော့ ကလေးတွေတက်နေတဲ့ စာသင်ကျောင်းတွေကို ဒီထက်ပိုပြီးသန့်ရှင်းလှပအောင်လုပ်ပေးချင်လို့ပါ။ အထူးအစီအစဥ်အနေနဲ့လုပ်ပေးတာပါ"ဟု "ဆုံဆည်းမြိုင်"ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်း ၏ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။ ထိုသို့ အမှိုက်များသိမ်းဆည်းရာ၌ သက်ဆိုင်ရာရပ် ကွက်အလိုက် အမှိုက်သိမ်းဇုန်များတွင် အမှိုက်သိမ်းနေသည့်ယာဥ်များမှ နေ့စဥ် လိုက်လံသိမ်းဆည်းပေးမည်ဖြစ်ကာ မြဝတီမြို့စွန်ရှိ စာသင်ကျောင်းများအထိပါ အခမဲ့လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။ " ကြိုဆိုပါတယ်။ အဲ့လိုမျိုးစီစဥ်ဆောင်ရွက်ပေးတယ်ဆိုတာ။ စာသင်နေတဲ့အချိန် လေကောင်းလေသန့်ရှုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071