Tuesday, April 21, 2026

ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့

မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိသည့် ဂျပန်နိုင်ငံသည် ပြည်ပသို့ လက်နက်များရောင်းချနိုင်စေရန်အတွက် ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကို အင်္ဂါနေ့တွင် ပြင်ဆင်ခဲ့သည်။       ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံအတွက် အဆိုးဆုံးလုံခြုံရေး အခြေအနေဖြစ်ပေါ်နေသည်ဆိုသော...

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...
HomeNewsLocal News၂၀၂၅ ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်မှ...

၂၀၂၅ ခုနှစ်အတွင်း လူ့အခွင့်အရေးကော်မရှင်မှ အကြံပြုချက် (၃၀၀) ကျော်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) မှ အကြံပြုချက် (၃၂၆) ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့နိုင်ခဲ့ကြောင်း MNHRC ၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

လူ့အခွင့်‌အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တိုင်စာများ စုံစမ်းစစ်ဆေးခြင်း၊ ရဲစခန်း၊ အချုပ်ခန်း နှင့် တရားရုံအချုပ်ခန်းများ အပါအဝင်၊ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း (၂၁) ခု၊ လူငယ်သင်တန်း ကျောင်း၊ မသန်စွမ်းကျောင်း ၊ ဘိုးဘွားရိပ်သာ (၁၀) ခုကို သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် အကြံပြုချက် (၃၂၆) ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MNHRC ၏ ၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာကို မြန်မာဘာသာဖြင့် ၂၀၂၆ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားပြီး လူ့အခွင့်အရေး‌ကော်မရှင် ဝက်ဆိုဒ်တွင်လည်း ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာကို ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံး၊ အမှတ် (၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ ရှိ MNHRC ရုံးသို့လည်းကောင်း၊ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်း အကြံပြုနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်က လက်နက်တင်ပို့မှုစည်းမျဉ်းများကို ဖြေလျှော့

မိတ်ဖက်နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကြိုးပမ်းလျက်ရှိသည့် ဂျပန်နိုင်ငံသည် ပြည်ပသို့ လက်နက်များရောင်းချနိုင်စေရန်အတွက် ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကို အင်္ဂါနေ့တွင် ပြင်ဆင်ခဲ့သည်။       ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံအတွက် အဆိုးဆုံးလုံခြုံရေး အခြေအနေဖြစ်ပေါ်နေသည်ဆိုသော အစိုးရ၏ သုံးသပ်ချက်အရ နိုင်ငံတော်လုံခြုံရေးဝါဒီတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီ၏ အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းကို အားကောင်းစေရန် ရည်ရွယ်နေချိန်တွင် အစိုးရအဖွဲ့နှင့် နိုင်ငံတော်လုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ယခုပြင်ဆင်ပြောင်းလဲမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။        ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ မူသုံးချက်နှင့် ၎င်းတို့ကို အကောင်အထည်ဖော်မှု ဆိုင်ရာလမ်းညွှန်ချက်များကို ပြင်ဆင်ခြင်းသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စောင့်ကြည့်ခြင်းနှင့် မိုင်းရှင်းလင်းခြင်းစသည့်...

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂ နာရီခန့်ကြာချိန်တွင် မီးထိန်းနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071