Home News Local News ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

0
84

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆) ရက်ခန့်ရှိနိုင်ပြီး အခြားဒေသများတွင် (၁) ရက်မှ (၂) ရက်ခန့်သာ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် နေ့အပူချိန်များမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး(အရှေ့ပိုင်း)၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကရင်၊ ချင်း၊ မွန်၊ ရှမ်း(တောင်ပိုင်း)တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက် မြင့်တက်နိုင်ကြောင်း သိရသည်။

မကွေး၊ ပဲခူး(အနောက်ပိုင်း)၊ ကချင်၊ ကယား၊ ရခိုင်နှင့် ရှမ်း (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ပျမ်းမျှအပူချိန်သာ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here