Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeNewsLocal News၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌဆို

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌဆို

(Unicode)

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌဆို

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး ယာယီသမ္မတရဲ့ တာဝန်လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်ရဲ့ တာဝန်တွေကို တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရတာဖြစ်လို့ မိမိတို့အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရီးစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသာ ဆက်လက်လုပ်ဆောင်မယ်လို့ပါ ပြောဆိုပါတယ်။

နစက ကောင်စီကို ဖွဲ့စည်းတာမှာလည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့သလို အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းတာမှာလည်း အရပ်သားတွေနဲ့ပဲ အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက်စေခဲ့တာရှိတယ်လို့လည်း နစကဥက္ကဋ္ဌကဆိုပါတယ်။

နောက်ပြီး ငြိမ်းချမ်းခြင်းမရှိဘူးဆိုရင် မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တာ မဟုတ်ဘဲ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ဥပဒေနဲ့ အညီ ပါဝင်လာမှပဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်လို့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်နေတာရှိတဲ့အကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြုလုပ်ဆောင်ရွက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်စေရေးအတွက် အလွတ်သဘော ဆွေးနွေးမှုတွေနဲ့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အကြောင်း စတာတွေကိုပါ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္းပဲ ဆက္လက္ေဆာင္႐ြက္မယ္လို႔ နစကဥကၠ႒ဆို

ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာၿပီး ယာယီသမၼတရဲ႕ တာဝန္လႊဲအပ္ခ်က္အရ တပ္မေတာ္က ႏိုင္ငံေတာ္ရဲ႕ တာဝန္ေတြကို တာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ခဲ့ရတာျဖစ္လို႔ မိမိတို႔အေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ အာဏာကို သိမ္းယူျခင္းမဟုတ္ဘဲ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာမႈရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းသာ ျဖစ္တယ္လို႔ နစကဥကၠ႒က ေျပာဆိုလိုက္ပါတယ္။

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕ ခရီးစဥ္မွာ ေျပာဆိုခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒ ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အတိုင္းသာ ဆက္လက္လုပ္ေဆာင္မယ္လို႔ပါ ေျပာဆိုပါတယ္။

နစက ေကာင္စီကို ဖြဲ႕စည္းတာမွာလည္း တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ဖြဲ႕စည္းခဲ့သလို အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ အုပ္ခ်ဳပ္ေရးေကာင္စီေတြ ဖြဲ႕စည္းတာမွာလည္း အရပ္သားေတြနဲ႔ပဲ အရပ္ဘက္အုပ္ခ်ဳပ္ေရးကိုသာ ဆက္လက္ေဆာင္႐ြက္ေစခဲ့တာရွိတယ္လို႔လည္း နစကဥကၠ႒ကဆိုပါတယ္။

ေနာက္ၿပီး ၿငိမ္းခ်မ္းျခင္းမရွိဘူးဆိုရင္ မွန္ကန္မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ႏိုင္တာ မဟုတ္ဘဲ ၿငိမ္းခ်မ္းေရးမွာ လက္နက္ကိုင္ အဖြဲ႕အစည္းအားလုံး ဥပေဒနဲ႔ အညီ ပါဝင္လာမွပဲ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္လာမွာျဖစ္လို႔ ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ ဦးတည္ႀကိဳးပမ္းေဆာင္႐ြက္ေနတာရွိတဲ့အေၾကာင္း၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို ျပဳလုပ္ေဆာင္႐ြက္ၿပီး တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕အစည္းေတြ ပါဝင္လာႏိုင္ေစေရးအတြက္ အလြတ္သေဘာ ေဆြးေႏြးမႈေတြနဲ႔ ႀကိဳးပမ္း ေဆာင္႐ြက္ေနတဲ့ အေၾကာင္း စတာေတြကိုပါ ေျပာဆိုသြားခဲ့ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071