Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' News၂ဝ၁၈ မှာ တစ်ကိုယ်တော်...

၂ဝ၁၈ မှာ တစ်ကိုယ်တော် စီးရီးထွက်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ့် စည်သူလွင်

စည်သူလွင်က အခုလတ်တလောမှာတော့ တစ်ကိုယ်တော် စီးရီးခွေကိုထွက်ရှိနိုင်ဖို့ စီစဉ်နေပါပြီ။ ဒီအခွေမှာ    တော့ တစ်ယောက်တည်းသီချင်းတွေအပြင် စုံတွဲသီချင်းတွေပါ ပါဝင်မှာဖြစ်ပါတယ်။ အခွေရဲ့ Title ကိုတော့ သီချင်း ခေါင်းစဉ်တွေထဲကနေပဲ ပေးသွားဖို့စဉ်းစားမှာဖြစ်ကြောင်းလည်း စည်သူလွင်က ပြောပါတယ်။ စည်သူလွင်က အခုလတ်တလောမှာတော့ တစ်ကိုယ်တော် စီးရီးခွေကိုထွက်ရှိနိုင်ဖို့ စီစဉ်နေပါပြီ။ ဒီအခွေမှာ    တော့ တစ်ယောက်တည်း သီချင်းတွေအပြင် စုံတွဲသီချင်းတွေပါ ပါဝင်မှာဖြစ်ပါတယ်။

“သီချင်းတွေကတော့ အချစ်သီချင်းတွေပဲများတယ်။ သီချင်းပုံစံကတော့ ဗခခသကခအငခ ဘက်ကိုသွားတဲ့ဟာက ပိုများ တယ်။ သီချင်းအဟောင်းလေးတွေလည်းပါတယ်။Version ပုံစံပြန်ပြောင်းပြီး ဆိုထားတာလေးတွေပါ။ သီချင်းအသစ် တွေလည်း ပါပါတယ်” လို့ အခွေနဲ့ပတ်သက်ပြီး စည်သူလွင်က ပြောပါတယ်။ စည်သူလွင်ကတစ်ကိုယ်တော်အခွေလည်း စီစဉ်နေသလို ၂ဝ၁၈ ခုနှစ်ထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်းလုပ်ဖို့ စီစဉ်နေပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တော့ မတ်လထဲမှာပြုလုပ်ဖို့ ရည်ရွယ်ထားပြီး တစ်ခြားအဆိုတော်တွေရဲ့ ပွဲတွေနဲ့ မတိုက်အောင်လည်း စီစဉ်မယ်လို့ သူကပြောပါတယ်။

“အဓိက ကတော့ လုပ်မယ့်Date လေးကိုအရင်သတ်မှတ်နိုင်ဖို့ လုပ်နေပါတယ်။ သီချင်းတွေကတော့ ဘယ်လို သီချင်းမျိုးတွေဆိုမလဲဆိုတာ စဉ်းစားထားတာလေးတွေရှိပါတယ်။ အရင်တုန်းကပွဲနဲ့ မတူအောင် ဘယ်လိုပုံစံမျိုး ပြောင်းပြီးတော့ တင်ဆက်မလဲဆိုတာ စဉ်းစားနေပါတယ်။ ကိုယ်ကကိုယ့်ရဲ့ Hit ဖြစ်နေတဲ့ သီချင်းတွေကိုပဲ အမြဲ တမ်းဆိုပြဖြစ်နေတာလေ။ ဒါကြောင့်ဒီသီချင်းတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေမှာလည်းစိုးတယ်။ လာကြည့်ကြတဲ့ ပရိသတ်တွေကိုလည်း နောက်အသစ်လေးတွေကို ပုံစံတစ်မျိုးနဲ့ ဖျော်ဖြေပေးဖို့ စဉ်းစားနေတာမျိုးတွေတော့ ရှိတယ်” လို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ စည်သူလွင်က တစ်ကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့ကတော့ အခုပွဲနဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

လင်းအက္ခရာ 

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071