Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeCelebrities' News၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော်...

၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် အိပ်မက်ဆုံရာ ရာသက်ပန် Season -5 အဆိုတော်ထက်အိမ်

အိပ်မက်ဆုံရာ ရာသက်ပန် Season -5  မှ တစ်ဆင့်ပရိသတ်အားပေးမှုတွေ ရရှိလာတဲ့ အဆိုတော် ထက်အိမ် ကတော့ လတ်တ လောမှာ သူရဲ့ တစ်ကိုယ်တော် တေး စီရီးလည်း ထွက်ရှိတော့မှာ ဖြစ်ကြောင်းသိရပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးမှာရှေ့အဆိုတော်ကြီးများရဲ့ သီချင်းများကို ပြန်လည်သီဆိုထားတဲ့ ပြန်ဆိုတေး များလည်း ပါဝင်ကြောင်း သိရပါတယ်။ ပြန်ဆိုးတေးများကို သီဆိုရတာက တာဝန်ကြီးပါတယ်လို့ ပြောလာတဲ့ အဆိုတော် ထက်အိမ်က . . . . .

“ကျွန်တော် ဇန်နဝါရီလ ၁ ရက်နေ့ ဒါမှမဟုတ် ၄ရက်နေ့လောက်ထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် တစ်ကိုယ်တာ် အခွေထဲမှာ ပြန်သီဆိုထားတဲ့ သီချင်းတွေလည်း အများကြီးပါဝင်တော့ တေးရေးဆရာတွေလည်း အများကြီးပါပဲ။ ဦးစောဘွဲ့မှူးတို့၊ ဆရာစောခူဆဲတို့လည်းပါ တယ်။ သီချင်းအသစ်ကတော့အရာစောခူဆဲရေးပေးထားတဲ့ သီချင်းနှစ်ပုဒ်ပါ ဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ သီချင်းဟောင်းတွေ ပြန်သီဆိုတဲ့အခါမှာတော့ အလွန် ကိုတာဝန်ကြီးပါတယ်။ အရင်တုန်းက ကျွန်တော်တို့ရဲ့ ဂီတဆရာကြီးတွေဆိုခဲ့တဲ့ သီချင်းတွေကိုသီဆိုတဲ့အခါမှာမူရင်းလည်း မပျက်အောင်သူတို့သီဆိုခဲ့တဲ့ ခံစားချက်ကို လည်းပျက်မသွားအောင်လို့ပြန်ထိန်းပြီးသီဆိုရတယ်။ ပြီးတော့ ဒီခေတ်မှာ ပြန်တီးထား တဲ့အတီးပုံစံမျိုးနဲ့ သီဆိုရတာဖြစ်တဲ့အတွက်လိုက်ဖက်အောင်လည်းကြိုးစားပြီး သီဆိုရပါတယ်။ သီချင်းပုံစံတွေကတော့အများကြီးပါဝင်ပါတယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်မတူအောင်တော့လုပ်ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အနုပညာအလုပ်တွေ လုပ်ဆောင်နေတာ ခြောက်နှစ်လောက် ရှိ နေပြီ ဖြစ်တဲ့သူက အိမ်မက်ဆုံရာ ရာသက်ပန်သီချင်းဆိုပြိုင်ပွဲ မှစပြီး ပရိသတ် အားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ သီချင်းဆို ပြိုင်ပွဲတွေ ကျင်းပ လာကြတဲ့ အပေါ်သူရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကျွန် တော်တို့လိုနယ်က လူတွေအတွက် ရန်ကုန်ကိုဒီအတိုင်းလာပြီး အနုပညာ အလုပ်တွေလုပ်ကိုင်ဖို့ ဆိုတာမလွယ်ပါဘူး။ အဆိုတော်တွေလည်း အများကြီးရှိတဲ့ အခါကျတော့ နည်းနည်းတော့အခက်အခဲ ရှိတာပေါ့။ အခုလိုသီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်လာတဲ့ အခါကျတာ့ ကျွန်တော်တို့ အတွက်လမ်းစလည်းပွင့်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုလည်း ခြောက်လလောက် အပင်ပန်းခံပြီး ကြိုးစားပြလိုက်တာနဲ့ပရိ သတ်တွေ သိလာတယ်။ လက်ခံလာတယ်ပေါ့။ ပြီတော့ ပြိုင်ပွဲမှာ ဆရာ တွေဆီက ပညာတွေ အများကြီးရတယ်” လို့ ပြောပြခဲ့ပါတယ်

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071