Wednesday, June 10, 2026

အီရန်အပေါ် တုံ့ပြန်တို-က်ခိုက်မှုများ ပြုလုပ်ပြီးစီးဟု အမေရိကန်...

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်၏ ရေဒါများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် မြေပြင်ကွပ်ကဲရေးစခန်းများသည် အမေရိကန်စစ်တပ်၏ တို-က်ခိုက်မှုပ-စ်မှတ်များ ဖြစ်လာခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ပြောကြားခဲ့သည်။ "အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM)...

ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ဦးလှဆွေမေးမြန်း

သပြေချောင်းရွာနှင့် ရွှေမြို့ရွာကို ဆက်သွယ်ပေးထားသည့် ဆင်‌ေ-သချောင်းကူးတံတားကို အသစ်ပြန်လည်တည်ဆောက်ရန်အစီအစဉ် ရှိ/မရှိ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့သည်။ ယနေ့ ဇွန်လ ၁၀ ရက်တွင်...

မိုးဦးကာလ မြစ်ရေမြင့်တက်မှုကြောင့် ရေယာဉ်များ သတိပြုခုတ်မောင်းရန်...

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းတို့ကြောင့် မြစ်ရေများ မြင့်တက်လာနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးသတိပြုခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက...

NSPNC နှင့် 7 EAO...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 7 EAO Alliance တို့အကြား နှစ်ရက်တာ...
HomeCelebrities' News၀တ်မှုံရွှေရည်ပြောတဲ့ အိမ်ထောင်ပြုမယ့် အစီအစဉ်

ဝတ်မှုံရွှေရည်ပြောတဲ့ အိမ်ထောင်ပြုမယ့် အစီအစဉ်

မကြာခင်က ဝတ်မှုံရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည်ရဲ့ မင်္ဂလာပွဲလည်း ကျင်းပပြုလုပ် ခဲ့ပါတယ်။ အခုလို ညီမဖြစ်သူက အိမ်ထောင်ပြုသွားပြီဖြစ်တဲ့အတွက် သူ့ရဲ့ အလှည့်ရော ဘယ်တော့လောက်ဖြစ်မလဲဆိုတာ ဝတ်မှုံရွှေရည်ကို မေးမြန်းကြည့်တော့ …

”နောက်ကားကျော်တက်သွားတယ်ဆိုတာက ကစ်က အနုပညာအလုပ်တွေ ဆက်လုပ် ချင်ပါသေးတယ်။ ပရိသတ်တွေကလည်း ကစ်ကို အခုချိန်မှာ အိမ်ထောင်မပြုစေချင်ပါဘူး။ ပရိသတ်တော်တော်များများရဲ့ အသံ၊ သူတို့ခံစားချက်လေးတွေပါ၊ ကစ် အိမ်ထောင်ပြု သွားမှာ အဲလိုမျိုး surprise လုပ်သွားမှာ သူတို့ တအားကြောက်နေကြတယ်၊ ကစ်အိမ် ထောင်ပြုမယ့်ကိစ္စက သူတို့အတွက် တော်တော်ကို အဆင်မပြေဘူး၊ နောက်ပြီး အလုပ်တွေ ကိုလည်း ကစ် လွတ်လွတ်လပ်လပ်လုပ်ချင်သေးတယ် ဆိုတဲ့အတွက်ကြောင့် ကစ် အိမ် ထောင်မပြုသေးပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နဒီရွှေရည်ရဲ့ မင်္ဂလာပွဲကိုတော့ တစ်ဝမ်းကွဲညီအစ်မဖြစ်တဲ့ ဖွေးဖွေးလည်း တက်ရောက်အားပေးခဲ့ပါတယ်။ အနုပညာ အလုပ်တွေ ကိုယ်စီလုပ်နေကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်တာ တော်တော်ကြာနေပြီဖြစ်ကြောင်းကိုလည်း ဝတ်မှုံရွှေရည်က …

”ဖွေးက ကစ်ညီမလေးမင်္ဂလာဆောင်လာတယ်ပေါ့၊ ဖွေးနဲ့ မတွေ့တာလည်း အတော်ကြာနေပြီ၊ ကိုယ်တွေနှစ်ယောက်က အနုပညာအလုပ်တွေ လုပ်နေကြတာဆို တော့ သူလည်း မအား၊ ကိုယ်လည်း မအားတာနဲ့ မတွေ့ဖြစ်ဘူး၊ သူ့ အိမ်သွားရင်လည်း သူနဲ့ မတွေ့ဖြစ်တာများတယ်၊ ပွဲတွေမှာပဲတွေ့ဖြစ်ကြတယ်၊ သူလာတော့လည်း ဘယ်လိုပဲဖြစ်ဖြစ် အားရှိတာပေါ့၊ ကေးလေးကိုလည်း သူက ချစ်တယ်၊ ကေးလေး ကလည်း သူ့ကိုချစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်မသုံးယောက် အဲဒီပွဲမှာ ဆုံဖြစ်ကြတယ်။ မတွေ့တာတော်တော်ကြာနေပြီ။ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေ ကြတော့ မတွေ့ဖြစ်တာကြာပြီ”လို့ ပြောပါတယ်။ မကြာခင်ကျင်းပပြုလုပ်တော့ မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဆန်ခါတင်ဇာတ်ကား စာရင်း မှာတော့ ဝတ်မှုံရွှေရည်ရိုက်ကူးထားတဲ့ ‘ထာဝရအမေ’ ‘အမှောင်မှာ ရွာချတဲ့ မိုးတိမ်’ဇာတ်ကား ၂ ကား လည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဝတ်မှုံရွှေ ရည်ရဲ့ ဒီနှစ်အကယ်ဒမီရင်ခုန်သံကို မေးမြန်းခဲ့ရာ…”ဒီနှစ် အကယ်ဒမီ မှာ ကစ်ရိုက်ထားတဲ့ ဇာတ်ကား ၂ ကားပါတယ်။ ကိုယ်ရိုက်ထားတဲ့ ကားပါတော့လည်း ရင်တော့ ခုန်ပါတယ်။ တခြားသူတွေကိုလည်း ကစ် ရစေချင်ပါတယ်။ အခုသတင်းထွက်နေတဲ့ မအူဝဲ၊ အန်တီဆင့်တို့လည်း တကယ့်ကိုကောင်းကြပါတယ်၊ ဘယ်သူပဲရရ၊ ရတဲ့ သူကိုအားပေးမှာ ပါ”လို့ ပြောပါတယ်။

တွယ်တာ ၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071