Friday, May 8, 2026

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...
HomeMyanmar Theatrical Traditionမြန်မာ့ဆိုင်းဝိုင်းနှင့် အပ်စပ်မှု မရှိသော...

မြန်မာ့ဆိုင်းဝိုင်းနှင့် အပ်စပ်မှု မရှိသော ဒရမ်စက်၊ လိဒ်ဂစ်တာများအားထည့်သွင်းတီးခတ်ခြင်း မပြုရဟု သဘင်အစည်းအရုံး(ဗဟို)မှစည်းကမ်းချက် ထုတ်ပြန်ဟု

မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး(ဗဟို) အနေဖြင့် သက်ဆိုင်ရာ ပညာရှင်ကြီးများ၏ သြဝါဒများကို ခံယူလျက် သက်ဆိုင် ရာ သဘင်အနု ပညာရှင်၊ အတတ် ပညာရှင်များအား ဖိတ်ကြားကာ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။ထို့နောက် အများသဘောဆန္ဒဖြင့် ဆိုင်းပညာရပ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အတည်ပြု သတ်မှတ် နိုင်ရေးအတွက် ဆိုင်းပညာရှင်ကြီး များ ပါဝင်သော ဆိုင်းပညာရပ် ဆိုင်ရာ ထိန်းသိမ်းပြန့်ပွားရေး ကော်မတီကို ဖွဲစည်းပြီး စည်းမျဉ်း စည်းကမ်း ၁ဝ ချက်အား အစည်း အဝေးများ အကြိမ်ကြိမ် ပြုလုပ် ဆွေးနွေး၍အများဆန္ဒနှင့် အညီ အတည်ပြု သတ်မှတ်ခဲ့ကြသည်။

မြန်မာ့ရိုးရာဆိုင်းဝိုင်း၌ (ဗလာ ဧည့်ခံဆိုင်းများ၌) အနောက်တိုင်း တူရိယာများ၊ ဖျော်ဖြေတင်ဆက်မှုများ ရောယှက်ထည့်သွင်းခြင်း (လုံးဝ) မပြုလုပ်စေလိုကြသော်လည်း ၁၃၇၉-၁၃၈ဝခုနှစ် သဘင်ရာသီ အား ပထမအဆင့် ပညာပေး ကာလ အဖြစ်သတ်မှတ်၍ထုတ်ပြန် ကြေညာ လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်များမှာ
“မြန်မာ့ဆိုင်းဝိုင်းနှင့် အပ်စပ်မှု မရှိသော ဒရမ်စက်၊ လိဒ်ဂစ်တာ များအား ထည့်သွင်းတီးခတ်ခြင်း မပြုရ။ ခေတ်ပေါ် တေးသီချင်းများ အား ကီးဘုတ်ကို အသုံးပြု၍ အချိန်ကာလ အပိုင်းခြားအားဖြင့် ဖျော်ဖြေပွဲ တစ်ပွဲလျှင် တစ်နာရီ (မိနစ် ၆ဝ) ဖျော်ဖြေနိုင်ပါသည်။ ညဥ့် ၁ နာရီ နောက်ပိုင်းတွင် ခေတ်ပေါ်တေးသီချင်း ဖျော်ဖြေခြင်း မပြုလုပ်ရပါ။ ဗျော၊ ရေခင်း၊ ပတ်မချီ၊ ယိုးဒယား၊ ကရောင်းချီ၊ ခုနှစ်သံချီများကို ကီးဘုတ်ဖြင့် တီးခတ်ခြင်းမပြုရပါ။ မြန်မာ့ ဆိုင်းပညာရပ်များ ထိန်းသိမ်းရန် အတွက် မြန်မာ့ တူရိယာ ပစ္စည်းများ ဖြင့်သာ ဖျော်ဖြေ ရပါမည်။ မြန်မာ့ ရိုးရာ ဆိုင်းဖျော်ရေး ဖြစ်သည့် အတွက် ရိုးရာဖျော်ဖြေရေးနှင့် အပ်စပ်မှုမရှိသော အတို၊ အပြတ်၊ လည်ဟိုက်များ၊ သရုပ်ပျက် အဝတ် အစားများ ဝတ်ဆင်ဖျော်ဖြေ ခြင်း မပြုရပါ။ ခေတ်ပေါ် အနောက် တိုင်းအက များ၊ (Dancer) အက များ လုံးဝ ကပြဖျော်ဖြေခြင်း မပြုရ။ မြန်မာ့ဆိုင်း ဖျော်ဖြေ တင်ဆက် မှုတွင် ပါဝင် သီဆိုသော တေးသံရှင် အားလုံးသည် မြန်မာ့ ဆိုင်းဝိုင်းကြီး၏ အနောက်ဘက်မှသာ သီဆိုတင်ဆက် ရပါမည်။ မြန်မာ့ ဆိုင်း ဖျော်ဖြေရေး သည် ရိုးရာဖျော်ဖြေရေးစစ်စစ် ဖြစ်သော ကြောင့် ဖျော်ဖြေတီးခတ် သူများသည် မြန်မာ့ရိုးရာဝတ်စုံ (မောင့်ကျက်သရေခေါင်းပေါင်း/ အမျိုးသမီးရင်ဖုံး၊ ရင်စေ့၊ထဘီ) တို့အား ဖျော်ဖြေချိန်၌ (မဖြစ်မနေ တစ်ကြိမ်) ဂုဏ်ပြုဝတ်ဆင်၍ တီးခတ် ဖျော်ဖြေရပါမည်။ နတ်ဆိုင်း များသမားစဉ်အတိုင်းသာ တီးခတ် ရပါမည်။ ၃၇ မင်း နတ်ချော့ တေးများမှအပ ခေတ်ပေါ်တေး သီချင်းများ သီဆို တီးမှုတ်ခြင်း လုံးဝ မပြုလုပ်ရပါ။ နတ်ကန္နားပွဲများ အနေဖြင့် (မည်သည့်အရပ်ဒေသ ၌မဆို) ည ၉ နာရီထက် ကျော်လွန်၍ သီဆိုတီးမှုတ် ကပြခြင်းမပြုရပါ။ အနောက်တိုင်း ခေတ်ပေါ် တူရိယာ များဖြင့် တွဲဖက်တီးမှုတ် ဖျော်ဖြေ လိုပါက ပဒေသာသံစုံ တီးဝိုင်း တည် ထောင်ခွင့် ပြုလုပ်၍ ဖျော်ဖြေနိုင် မည်ဖြစ်သည်။ ပဒေသာ သံစုံတီးဝိုင်း များတွင် ဆိုင်းဝိုင်းကြီး လုံးဝမထည့် ရ” ဟူ၍ဖြစ်ပြီး အထက်ပါစည်းမျဉ်း စည်းကမ်းများအား လိုက်နာခြင်း မရှိဘဲ ဖောက်ဖျက်သည်ကို ကြားသိ ရပါက သဘင့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘင် အစည်းအရုံး (ဗဟို)မှထုတ်ပြန် ကြေညာခဲ့သည်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071