Thursday, April 23, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeArticlesမြန်မာစာ မဟာတန်းများ အလှည့်အပြောင်း

မြန်မာစာ မဟာတန်းများ အလှည့်အပြောင်း

ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာနိုင်ငံ သုတေသနအသင်း၏ အထွေထွေကြီးကြပ်အုပ်ချုပ်သူ အဖြစ် ဆောင်ရွက်ပြီး ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ရာဇ၀င်၊ အရေးတော် ပုံစသည့် ရှေးမြန်မာစာပေများကို တည်းဖြတ်ပေးရန် ပညာရှင်များအား မေတ္တာရပ်ခံပြီး သုတေသနအသင်း စာစဉ်များအဖြစ် ပုံနှိပ်ထုတ်ဝေပေး ခဲ့သည်။ မြန်မာစာသည် တက္ကသိုလ် တွင် အဆင့်မြင့်မြင့် သင်နိုင်သော စာဖြစ်ကြောင်း သက်သေပြပြီး မြန် မာစာဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာတန်း များ ဖွင့်လှစ်သည်။ ဆရာကြီး ဦးညွန့် သည် ၁၉၃၀ ပြည့်နှစ်တွင်လည်း ကောင်း၊ ဆရာကြီး ဦးဧမောင်သည် ၁၉၃၁ ခုနှစ်တွင်လည်းကောင်း မြန် မာစာမဟာဝိဇ္ဇာဘွဲ့ရသည်။ အစော ဆုံးမဟာဝိဇ္ဇာဘွဲ့ရသူများဖြစ်သည်။ ထိုကာလမှစ၍ မဟာဝိဇ္ဇာဘွဲ့ရသူ များ အစဉ်အဆက်ပေါ်ပေါက်ခဲ့ သည်။ စနစ်အရ မဟာဝိဇ္ဇာဘွဲ့များ သည်လည်း အလှည့်အပြောင်း အ မျိုးမျိုး ဖြစ်ပေါ်ခဲ့သည်။

ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရပြီး မဟာ ၀ိဇ္ဇာတန်းကို တစ်ဆက်တည်း တက် ခွင့်ရလျှင် မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ ဟုခေါ်ကြောင်း မှတ်သားရသည်။ မဟာဝိဇ္ဇာဘွဲ့အတွက် တက်ရသည့် ကာလမှာ ၂ နှစ်ဖြစ်သည်။ မဟာ ၀ိဇ္ဇာဘွဲ့ကို ရယူရန် စနစ် ၃ မျိုးရှိ ကြောင်းလည်း မှတ်သားရသည်။ ပထမတစ်မျိုးမှာ မဟာဝိဇ္ဇာဘွဲ့ အတွက် ကျမ်းကြီးတစ်ကျမ်းပြုစုပြီး ဘွဲ့ကို ရယူသော စနစ်ဖြစ်သည်။ ထို စနစ်အရ မေးခွန်းလွှာများ ဖြေစရာ မလိုဘဲ ကျမ်းသက်သက်ပြုစုရသည်။Full Thesis ဟုခေါ်သည်။ နောက် တစ်မျိုးမှာ ရေးဖြေမေးခွန်းလွှာ ၂ လွှာဖြေပြီး လိုအပ်ချက်အဖြစ် ကျမ်း တစ်ကျမ်းပြုစုတင်သွင်းရသော စနစ် ဖြစ်သည်။Half Written Half Thesis ဟုခေါ်သည်။ နောက်တစ် မျိုးမှာ ကျမ်းမပြုဘဲ မေးခွန်းလွှာ ၄ လွှာဖြေရသော စနစ်ဖြစ်သည်။Full Written ဟု ခေါ်သည်။ များသော အားဖြင့်မူ ရေးဖြေတစ်ဝက်ကျမ်း တစ်ဝက်စနစ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ယူ ကြပါသည်။

ဂုဏ်ထူးတန်းကို အနည်းဆုံး ဒုတိယတန်း ဒုတိယဆင့်ဖြင့် အောင် မြင်လQင် မဟာဝိဇ္ဇာတန်း ဆက်တက် ခွင့်ရသည်။ ၂ နှစ်တက်ရသည်။ ဂုဏ်ထူးတန်းကို တတိယတန်းဖြင့် အောင်လျှင်ဖြစ်စေ၊ ရိုးရိုးဘွဲ့ရလျှင် ဖြစ်စေ မဟာဝိဇ္ဇာတန်းဆက်တက်လို လျှင် မဟာဝိဇ္ဇာအရည်အချင်းစစ် တမ်း M.A (Qualifying) ကို ၂ နှစ် တက်ရသည်။ ထိုအတန်းများကို ဂုဏ်ထူးတန်းနှင့် အဆင့်တူသည်ဟု သတ်မှတ်သည်။ M.A (Q) ပထမ နှစ်သည် ဒုတိယနှစ်ဂုဏ်ထူးတန်းနှင့် ညီ၍ M.A (Q) ဒုတိယနှစ်သည် တတိယနှစ် ဂုဏ်ထူးတန်းနှင့်ညီ သည်။ ထိုအတန်းများ၏ သင်ရိုးများ ကို အတူတူသတ်မှတ်သည်လည်း ရှိ သည်။ ခွဲ၍သတ်မှတ်သည်လည်း ရှိ သည်။ M.A (Q) I M.A (Q)II ဟု ခေါ်သည်။ M.A (Q) အောင်လျှင် မဟာဝိဇ္ဇာ ၂ နှစ်တက်ရသည်။ M.A Final I ,Final II ဟုခေါ်သည်။ အတိုကောကF I ,F II ဟုခေါ် သည်။ ရိုးရိုးဘွဲ့ရသူတစ်ယောက် သည် မဟာဘွဲ့ရရန် Q ၂ နှစ F ၂ နှစ်ပေါင်း ၄ နှစ်တက်ရသည်။ ဂုဏ် ထူးဘွဲ့ရသူမှာမူ မဟာဝိဇ္ဇာတန်း တိုက်ရိုက်တက်ခွင့်ရသဖြင့် ၂ နှစ် သာ တက်ရသည်။

အရည်အချင်းစစ်တန်းအောင် လQင် M.A (Qualified) အတို ကောက် M.A (Q) ဟု တပ်လေ့ရှိ သည်။ သို့သော် M.A (Q) သည် ဘွဲ့ မဟုတ်သည့်အတွက် တရားဝင်တပ် ခွင့်မရှိပါ။ လုံးလုံးလျားလျား ဘွဲ့ရမှ M.A ဟု တပ်ရပါသည်။ (ယခုခေတ် တွင်B.A (Q) ဟု တပ်သူမျိုး အ နည်းငယ်တွေ့ရသည်။B.A အောင် ပြီး M.A အတွက် Qualified ဖြစ် သည်ဟု ဆိုလိုဟန်ရှိသည်။B.A (Q)ဟု တပ်သည့် ထုံးစံမရှိပါ။)

မဟာတန်းအတွက် ရေးဖြေ ၂ နှစ်ဖြေပြီးနောက် ကျမ်းပြုရာတွင် တော်တော်နှင့် မပြီးကြသဖြင့် ရေး ဖြေဖြေပြီး ဘယ်နှနှစ်အတွင်း ကျမ်း တင်သွင်းရမည်ဟု သတ်မှတ်ရခြင်း များလည်း ရှိသည်။

၁၉၆၄ ခုနှစ်စနစ်သစ် ပညာ ရေးအရ ဘာသာတွဲစနစ်မှ အဓိက ဘာသာစနစ်သို့ ပြောင်းရာတွင် စတုတ8နှစ်အောင်၍ မြန်မာစာအဓိ ကဖြင့် ဘွဲ့ရပြီး အဆင့် ၄ ရလျှင် မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်ဆက် တက်ခွင့်ရှိသည်။ အဆင့်မှတ် ၃.၅ ရလျှင် မဟာဝိဇ္ဇာ (အရည်အချင်း စစ်) တစ်နှစ်ပြန်တက်ပြီး အောင် လQင် မဟာဝိဇ္ဇာတန်းဆက်တက်ရ သည်။

ဘွဲ့ရပြီးအဆင့်မီလျှင် ဂုဏ်ထူး တန်း တစ်နှစ်တက်ရပြီး ဂုဏ်ထူးဘွဲ့ ပေးသည့်စနစ်ဖြစ်လာသောအခါ မဟာဝိဇ္ဇာတန်းကို တစ်နှစ်တက်ပြီး ကျမ်းပြု၍ ဘွဲ့ပေးသော စနစ်ဖြစ် လာသည်။ ထို့နောက် ဂုဏ်ထူးဘွဲ့ သီးခြားမပေးတော့ဘဲ ယခင်ကကဲ့ သို့ ဒုတိယနှစ်အောင်ပြီး နောက်ထပ် ၃ နှစ် တစ်ဆက်တည်း (စုစုပေါင်း ၅ နှစ်) တက်ရသော ဂုဏ်ထူးဘွဲ့ စနစ် ပြန်ပြောင်းပြန်သည်။ နောက် ပိုင်းတွင် မဟာဘွဲ့စနစ်များမှာ မျက် စိလည်စရာ ကောင်းသည်။ ဘွဲ့ကြို တန်းအတွက် ၃ နှစ်နှင့် ဘွဲ့ပေးသည့် စနစ်ပြောင်းပြီးနောက် မဟာဝိဇ္ဇာ တန်းမှာ ကျမ်းပြုရသည့်စနစ်ကို ပယ် ဖျက်ပြီး သင်တန်းတက်ရုံဖြင့် မဟာ ဘွဲ့ပေးသည့် စနစ်ပြောင်းပြန်သည်။ သင်ရိုးမော်ကျူး Module နံပါတ် များဖြင့် သင်သည်ကို အစွဲပြု၍ ထို မဟာဘွဲ့ကို ကျမ်းမပြုဘဲ မော်ကျူး စနစ်ဖြင့်ပေးသော မဟာဘွဲ့ဟုခေါ် သည်။ ထိုနှစ်များတွင် မဟာတန်း ကျောင်းသားများ ကျမ်းပြုသည့် အတွေ့အကြုံမရပါ။ စာတမ်းရေးရ သည်။ အဆင့်သာရှိသည်။ နောက် ပိုင်းတွင် ကျမ်းပြုသည့် အတွေ့အ ကြုံရှိသင့်သည်ဟုဆိုပြီး ဒုတိယနှစ် ၏ နှစ်ဝက်ကို ကျမ်းပြုစေသည်။ နှစ် တစ်ဝက်တည်းနှင့် ကျမ်းတစ်စောင် ပြုရသည့်အတွက် ဘာသာရပ်ကို ထဲ ထဲဝင်ဝင် သုတေသန ပြုနိုင်မည် မဟုတ်ဟုဆိုကြသည်။ ယခုတစ်ဖန် မဟာတန်းတွင် တစ်နှစ်အတန်းတက်၊ တစ်နှစ်ကျမ်းပြုသော စနစ်ကို ကျင့် သုံးလျက်ရှိသည်။ ကျမ်းတစ်စောင်ကို တစ်နှစ်အတွင်းပြီးအောင် ရေးရ သည်။

၁၉၈၀ ကျော်ပိုင်းတွင် မဟာဘွဲ့ အသစ်တစ်မျိုး ပေါ်ပေါက်ခဲ့သည်။ အင်္ဂလိပ်လို M.Phit. (Master of Philosophy) ဟုခေါ်သည်။ မြန်မာ လို မဟာဒဿနဘွဲ့ဟုခေါ်သည်။ မဟာဝိဇ္ဇာ/မဟာသိပ်္ပံတန်း မတက် ရသည့်အတွက် ရာထူးမတိုးသော သက်ကြီးပိုင်း နည်းပြသရုပ်ပြများကို လမ်းဖွင့်ပေးသောဘွဲ့ဟုဆိုကြသည်။ ရိုးရိုးဘွဲ့သာရပြီး တက်္ကသိုလ်မှာ ဆရာဆရာမလုပ်နေသူများအတွက် ရည်ရွယ်သည်။ ထိုဘွဲ့၏အစီအစဉ် အရ ၂ နှစ်အတွင်း စာတမ်း ၆ စောင်တင်သွင်းပြီး အဆင့်မီလျှင် M.Phil. ဘွဲ့ပေးသည်။ မြန်မာစာတွင် M.Phil. ဘွဲ့အတွက် ကဗျာ၊ စကား ပြေ၊ ဘာသာစကားဟူသော ကဏ္ဍ ၃ ခုတွင် စာတမ်း ၂ စောင်စီ တင် သွင်းရန် သတ်မှတ်ထားသည်။ M.Phil. ဘွဲ့ရလျှင် တွဲဖက်ပါမောက္ခ အဆင့်အထိ ရာထူးတိုးနိုင်သည်ဟု ဆိုကြသည်။ M.Phil. ဘွဲ့မှာ အင်္ဂ လန်တွင် M.A ထက် မြင့်သော အဆင့်မြင့်ဘွဲ့ဖြစ်ကြောင်း M.A နှင့် Ph.D ကြား အဆင့်မှာရှိကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံမှ ပညာရေးအာဏာပိုင်တစ်ဦးက အင်္ဂ လန်မှ M.Phil. ဘွဲ့ရခဲ့သူနှင့် မတည့် သဖြင့် M.Phil. ဘွဲ့ကို နှိမ်သည့် အနေဖြင့် အဆင့်လျှော့ထားခြင်းဖြစ် သည်ဟုလည်း ဆိုကြသည်။ M.Phil. ဘွဲ့ ပေါ်ပေါက်လာသည့်အတွက် အသက်ကြီးပိုင်း နည်းပြသရုပ်ပြများ လမ်းဖွင့်ပြီး ရာထူးတက်ကြသည်ကို တွေ့ရပါသည်။ နောက်ပိုင်းတွင် M.Phil. ဘွဲ့ယူသူ မတွေ့ရတော့ပါ။

၂၀၀၀ ပြည့်နှစ်ကျော်ကာလ တွင် နောက်ထပ်မဟာဘွဲ့အသစ် တစ်မျိုး ပေါ်ပေါက်လာပြန်သည်။ အင်္ဂလိပ်လို M.Res.(Master of Research) ဘွဲ့ဖြစ်သည်။ မြန်မာလို မဟာသုတေသနဘွဲ့ဟုခေါ်သည်။ မဟာဝိဇ္ဇာ/မဟာသိပ်္ပံဘွဲ့ရပြီး နောက် ၂ နှစ် သုတေသနပြု၍ ကျမ်းတင်သွင်းပြီး M.Res. ဘွဲ့ရယူ နိုင်သည်။ ကျမ်းပြုချိန် ၂ နှစ်ရသည့် အတွက် အဆင့်မီသော ကျမ်းများ ပေါ်ထွက်လာသည်။ အတန်းမတက် ရဘဲ သုတေသနသာ ပြုရသည့် အတွက်လည်း ကျမ်းပြုဖို့ အချိန်ရ သည်။

ပါရဂူ (Ph.D) အစီအစဉ်ပေါ် လာသောအခါ မဟာသုတေသနဘွဲ့ ရသူများ ပါရဂူဘွဲ့အတွက် ဆက် လက်သုတေသနပြုရန် လမ်းဖွင့်သွား သည်။ မဟာသုတေသနဘွဲ့ရသူကို ပါရဂူအကြိုသင်တန်းမတက်နိုင်ဘဲ တိုက်ရိုက်ကျမ်းပြုခွင့်ပေးရန် သင့် မသင့်စဉ်းစားကြသေးသည်။ ပါရဂူ အကြိုသင်တန်း တစ်နှစ်တော့ အ တွေ့အကြုံယူသင့်သည်ဟု ဆွေးနွေး ကြပြီး ပါရဂူအကြိုသင်တန်းဆက် တက်ခွင့်ပြုသည်။ ပါရဂူအကြိုသင် တန်းအတွက် ၀င်ခွင့်စာမေးပွဲဖြေစ ရာမလိုဘဲ လူတွေ့စစ်မေးပြီး ပါရဂူ အကြိုတန်းတက်ခွင့်ပြုသည်။ နှစ်စဉ် မဟာသုတေသနဘွဲ့များ ပေးဆပ်ခဲ့ ပြီး ယခုနှစ်ကစ၍ မဟာသုတေသန တန်း ရပ်ဆိုင်းလိုက်ပြီဟုသိရသည်။ ယခင်က ပါရဂူတန်း ၀င်ခွင့်ကို ဆရာ ဆရာမများက ဖြေခွင့်ရှိသော်လည်း ဆရာ၊ ဆရာမဖြစ်သေးသောကျောင်း သားသက်သက်များ မဟာသုတေ သနဘွဲ့ရလာသည့်အတွက် သူတို့ လည်း ပါရဂူဘွဲ့သင်တန်းဝင်ခွင့်ရ သည်။ ကျောင်းသားသက်သက်များ အတွက် လမ်းပွင့်သွားပါသည်။

မဟာဝိဇ္ဇာ၊ မဟာသိပ်္ပံ၊ မဟာ ဒဿန၊ မဟာသုတေသနဟူသော ‘မဟာ’ဘွဲ့တန်းများ၏ အလှည့်အ ပြောင်းကို လက်လှမ်းမီသမျှ တင်ပြ ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ကြီး နှစ်တစ်ရာပြည့်တော့မည့်ကာလတွင် တက္ကသိုလ်က ပေးခဲ့သော ဘွဲ့များ ၏ အလှည့်အပြောင်းများကို သတိပြု မှတ်တမ်းတင်နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071