Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesမေတ္တာရိပ်ကလေး မိုးစေချင်

မေတ္တာရိပ်ကလေး မိုးစေချင်

“၀ူး…ဝါး ဝါး…..”

”အို”

အခန်းတံခါးဝမှာ စုပြုံရပ် ကြည့်နေကြသည့် လူအုပ်ကြားမှ တိုး ဝှေ့ပြီး မိမိဆီပြေးဝင်လာသည့် ကလေးငယ်လေးတစ်ဦးကြောင့် မိနိုင် အံ့သြမှင်တက်မိသွားသည်။ ထိုကလေးလေးကတော့ လှေကား ထစ်မှာ ထိုင်နေသည့် မိနိုင်ရင်ခွင် ထဲဇွတ် ခေါင်းတိုးဝှေ့ဝင်လာလေ၏။ ရင်ခွင်ထဲ တိုးဝှေ့ရင်း မပီကလာ ပီကလာ မော့ကြည့် စကားဆိုနေ သည့် ကလေးလေး၏ ကြည်လဲ့နေရှာ သော မျက်ဝန်းတို့ကို ကြည့်ကာ မိနိုင်ရင်ထဲ ဆို့နင့်သနားလာမိသည်။ သနားကရုဏာစိတ်​ဖြင့်​ ထိုက​လေး​လေးကို ​ကောက်​ယူ​ပွေ့ချီလိုက်​ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ​မော့ကြည့်မိ တော့ အပေါ်လှေကားထစ်ကလေး မှာ ထိုင်ရင်း စူပုပ်ပုပ်မျက်နှာလေး ဖြင့် မိနိုင်ကို ငေးကြည့်နေပြန်သည့် ကလေးကြီးလေးတစ်ယောက်ကို တွေ့ လိုက်ရပြန်သည်။ ​မိနိုင်တို့ဘေးမှာ​တော့ ကလေးငယ်လေးများကို သန့်စင်ကူညီပေးရင်း သွားလာလှုပ် ရှားနေကြသည့် ဝန်ထမ်းကလေး မလေးများက ဖြတ်​သန်းသွားလာ လျက်​ရှိနေသည်​။ ထို့အပြင်​ မိနိုင်တို့ လို လာရောက်လေ့လာကြည့်ရှုနေကြ သည့် ဧည့်သည်များကလည်း ကလေး ငယ်လေးများထားရာ ပတ်ဝန်းကျင် အခန်းများအား ငေးမောကြည့်ရှု လျက်။ ရင်ထဲမှာ စိတ်မကောင်းခြင်း များစွာနှင့်အတူ ရင်ခွင်ထဲမှ ကလေး လေးအား ချော့မြှူလိုက်ရင်း အပေါ် လှေကားထစ်မှာ ထိုင်နေသည့် ကလေးကြီးလေးကိုပါ ပြုံးပြလိုက်မိ သည်။ လက်ထဲပါလာသည့် ချိုချဉ် အိတ်ထဲမှ ချိုချဉ်များကို လက်တစ် ဆုပ်ယူ၍ ထိုကလေးကြီးဆီလှမ်းပေး တော့ စူပုပ်ပုပ်မျက်နှာလေးဖြင့်ပင် ချက်ချင်းလှမ်းယူလေသည်။ ရင်ခွင် ထဲမှ ကလေးလေးကတော့ လက်ထဲမှ ချိုချဉ်များကို ဆော့ကစားရင်း ခိုးခိုး ခစ်ခစ်ရယ်သည်။

”နိုင်ရေ ဟောတော် . . . လှေကားထစ်ကြီးမှာ ထိုင်နေတယ်။ ဟယ်. . .ကလေးလေးရော. ..”

ကလေးများ အခန်းကို ကြည့် နေရာမှ ပြန်လှည့်လာသော သီတာ က မိနိုင်ကို ကြည့်ရင်း တအံ့တသြ ဆိုသည်။ မိနိုင်ရင်ခွင်ထဲ ပြုံးပျော် နေသော ကလေးလေးကို ကြည့်ကာ သူလည်း စိတ်မကောင်းစွာ ပြုံးရှာ၏။

”သွားရအောင် နိုင်၊ ဟိုမှာ အစ်မတို့ အပြင်ရောက်နေပြီ။ ဘုန်း ဘုန်းဆီလည်း ဝင်ပြီး စုလှူရအောင် ပြီးရင် တို့အပြန်နောက်ကျနေမယ်။ သွားရအောင်”

သီတာ့ စကားကြောင့် ထိုင်နေ ရာမှ မိနိုင် ထမိတော့ ကလေးလေးက မိနိုင်လုံချည်စလေးကို မလွတ်တမ်း ဆွဲရင်း မပီကလာ ပီကလာဖြင့် အော်လေသည်။ ရင်ခွင်ထဲမှာ လာ ပျော်နေရှာသော ထိုကလေးလေးကို ကောက်ယူပွေ့ချီမိရင်း မိနိုင် ဝမ်း နည်းရပါသည်။

ပြန်ရတော့မည်မို့ ဝန်ထမ်း ကလေးမလေးလက်ထဲ ထိုကလေး လေးကို လွှဲပြောင်းပေးလိုက်ရင်း တစ်ဆက်တည်း ယခုထိတိုင် လှေ ကားထစ်မှာ ငူငိုင်ငိုင် ထိုင်နေဆဲဖြစ် သည့် ကလေးကြီးလေးကိုပါ လက်ပြ နှုတ်ဆက်လိုက်မိသည်။ ထိုကလေး ကြီးလေးကတော့ မိနိုင်ကို စူးစိုက် ငေးကြည့်ရင်းသာ ထိုနေရာမှာပင် မလှုပ်မယှက်။

”သာဓု သာဓု သာဓုပါ။ တခု လို လှူဒါန်းရသမျှ လိုအင်ဆန္ဒ ပြည့် ဝကြပါစေ။ ဒကာဒကာမတို့ မိဘ ကျေးဇူးသိတတ်သော သားသမီး လိမ္မာများဖြစ်ကြပါစေ ….”

ဘုန်းဘုန်းကြီး၏ ဆုပေးမှုကို ပေးသောဆု ပြည့်ဝရပါစေဟု တိုး တိတ်ဆိုမိရင်း မိနိုင်ရင်ထဲ မလုံမလဲ ခံစားလိုက်ရသည်။ ထိုပရဟိတ ဘုန်းကြီးကျောင်းလေးထဲမှ ထွက်ပြီး ကားပေါ်ရောက်သည်အထိ မိနိုင် မည်​သူ့ကိုမျှ စကားမဆိုမိ။ ကားပေါ် မှာ ငြိမ်သက်စွာ ထိုင်လိုက်လာရင်း စိတ်မျက်ဝန်းမှာ ရင်ခွင်မဲ့စွာ သနား စရာ ခိုဝင်လာရှာသည့် မိဘမဲ့ကလေး ငယ်များကို ပြန်မြင်ယောင်လာ သည်။

”မိဘကျေးဇူးက အင်မတန် ကြီးမားလှပါတယ်။ မိဘရင်ခွင်ကသာ ငြိမ်းချမ်းလှပါတယ်။ နားခိုစရာ မိဘရင်ခွင်ရှိခြင်းက ဘာနဲ့မှမနှိုင်း ယှဉ်သာတဲ့ ကံကောင်းမှုကြီးတစ်ခုပါ။

ဒါကြောင့် မိဘတွေကို တန်ဖိုးထား ကြပါ။ မိဘကျေးဇူးသိတတ်ကြပါ” ဟူသော ဘုန်းဘုန်းကြီး၏ ဆုံးမ သွန်သင်လိုက်သံကလည်း မိနိုင် စိတ်အာရုံမှာ ပြန်လည်ကြားယောင် လာရပြန်ပါ၏။ မျက်လုံးကိုမှိတ် နား ကိုစုံပိတ်မိလည်း စိတ်အရိပ်မှာ စိုး ရိမ်ပူပန်နေသည့် သဏ္ဌာန်တစ်ခုက မေ့ဖျောက်မရစွာ ထင်ထင်ရှားရှား ပေါ်လာလေပြီ ။

”နိုင် ဘာဖြစ်တာလဲ။ ရရဲ့လား၊ ကားမူးတာလား”

မိနိုင်​ပုံစံကိုကြည့်ကာ ဘေးမှ သီတာက စိုးရိမ်စွာ မေးလာတော့ ခေါင်းခါပြကာ ”ရတယ် သီတာ ဘာမှမဖြစ်ပါဘူး” ဟု ဟန်မပျက် ပြန်ဆိုရသည်။ မိနိုင်ရင်ထဲမှာတော့ တစ်စုံတစ်ယောက်ကိုသာ နင့်နင့် သီးသီး သတိရလာမိပြီလေ။

”ဝုန်း ဒိုင်း ခွမ်း။ ဘယ်သူ့မှ ဂရုမစိုက်ဘူးကွ။ အေ့ . . .မိုက်တဲ့ ကောင်ထွက်ခဲ့ အေ့ ဂေ့..”

ညဥ့်နက်သန်းခေါင် ကျယ် လောင်စွာ ထွက်ပေါ်လာသည့် ဆူညံ သံကြီးကြောင့် မှေးမှိတ်ခါစ မိနိုင် မျက်ဝန်းတို့ ပြူးကျယ်ကာ အလန့် တကြား ထထိုင်လိုက်မိသည်။ နံဘေး က သီတာကလည်း မိနိုင်နည်းတူ အိပ်ရာမှ အိပ်မှုန်စုံမွှားဖြင့် ထထိုင် လိုက်ရင်း ”အင်း တို့ကိုကြီးတော့ ထုံးစံအတိုင်း မူးလာပြန်ပြီ” ဟု ရေရွတ်၏။

”နိုင် အားတော့နာတယ်ဟာ။ တို့ကိုကြီးက တစ်ခါတလေအဲဒီလိုပဲ။ မူးပြီးသောင်းကျန်း တတ်တယ်။ ခဏ ပါပဲ။ ပြီးတော့လည်း သူ့ဘာသာ အမူးလွန်ပြီး အိပ်တာ။ နင်လည်း ပြန်အိပ်တော့နော်။ မနက်ကသွား ထား လာထားတာတွေနဲ့ ပင်ပန်း နေတာ။ ငါလည်း ပြန်အိပ်ပြီ”

ပြောပြောဆိုဆို သီတာက စောင်ခေါင်းမြီးခြုံကာ ပြန်အိပ်သော် လည်း မိနိုင်မှာတော့ အိပ်မပျော် နိုင်ပါ။ ဆူညံသံတွေကို ရင်ထိတ်စွာ နားဆင်ရင်း ဘယ်လှည့်ညာလှည့် ကာသာ ကိုယ့်အဖြစ်ကိုယ်တွေးရင်း မျက်ရည်တို့ ဝေ့ဝိုင်းလာရပါသည်။

မာန၊ မာန ဒီမာနကြောင့် မိမိ မာနကြောင့် ကိုယ်စိတ် မချမ်းမသာ ဖြစ်ရပြီ။ ဒီအချိန်ဆို အိမ်မှာ စိတ် ချလက်ချ အိပ်ပုပ်ကြီးနေတတ်သော မိမိနိုင်တစ်ယောက် အခုတော့ သူ စိမ်းနယ်မြေမှာ စိတ်လုံခြုံမှုမဲ့ကင်း၊ အိပ်မပျော်၊ စားမဝင် ဖြစ်နေရလေပြီ။

လွမ်းသည်၊ တမ်းတမ်းတတ လွမ်း ရပါပြီ။ အမြဲ စိုးရိမ်ပူပန်ကာ အရိပ် တကြည့်ကြည့်ဖြင့် နေရာတကာ လိုက်ဆူနေတတ်သော၊ မိနိုင် အိပ် နေပြီဆိုလျှင် စောင်ခြုံမခြုံ ၊ ခြင် ထောင်ချမချ လာကြည့်ကာ ဂရုစိုက် ပေးတတ်သော မေမေ။ လွမ်းရပါပြီ မေ။ မနက်က ဆုံကြုံခဲ့ရသော မိဘမဲ့ ကလေးငယ်လေးများနှင့် ဘုန်းဘုန်း ကြီး၏ ဆုံးမလိုက်သံများကိုပါ ပြန် လည် သတိရလျက် မေမေ့ကို တမ်း တစိတ်နှင့်အတူ မိနိုင်မျက်ရည် ကျရ လေပြီ။

”မေမေက သိပ်ချုပ်ချယ်တာပဲ။ နေရာတကာ လိုက်ပူနေရအောင် နိုင် ကလေးမဟုတ်တော့ဘူး မေမေ။ နိုင့်ကို မချုပ်ချယ်ပါနဲ့။ နိုင်မကြိုက် ဘူး”

”ဟဲ့ ကလေးတုန်းက ကလေး လိုပူရသလို အခုကလေးမဟုတ်တော့ လည်း လူကြီးလို ပူရတယ် မိနိုင်ရဲ့။ ညည်း သွားချင်ရာ သွားလာချင်တာ လာနေတာ ငါ ကြည့်မနေနိုင်ဘူး။ ပြောရမှာပဲ။ ငါ့အရိပ်မှာ ခိုနေသရွေ့ ညည်း ငါ့ကို ပြန်လျှာမရှည်နဲ့ မိနိုင်။ မအေပြောတာ နားထောင်။ မထောင် နိုင်ရင် ငါနဲ့မနေနဲ့”

လူငယ်ပီပီ စိတ်ဆတ်မိသည့် ဖတဆိုးလေး မိနိုင်။ ဖေဖေမရှိချိန်မှစ ကာ သူမအပေါ် ပိုမိုဂရုစိုက်လာသည့် မေမေ၏ စိုးရိမ်ပူပန်မှုတွေကို နားမ လည်ခဲ့ပါ။ တဇွတ်ထိုး၊ တဇောက် ကန်းပီပီ မေမေ့တစ်ခဏဒေါသစကား ကို စိတ်နာမိရင်း မာနကြီးလျက် ထို နေ့ကတည်းက အိမ်ကခွာကာ သူ ငယ်ချင်း သီတာရှိရာ ရွာကလေးသို့ ထွက်ခွာလာခဲ့သည်။ သီတာ့အိမ်မှာ သောင်တင်ရင်း မေမေ့အပေါ် မာန ထားလျက် မေမေဆက်သမျှ ဖုန်းများ လည်း မကိုင်ခဲ့။ မိနိုင် ဘယ်မှာလဲ ဘယ်ရောက်နေလဲ မေမေစိတ်ပူ နေတယ် ဟူသော message လေး များကိုလည်း ဥပေက္ခာပြုခဲ့မိသည်။

သို့သော် အိမ်ကထွက်ခွာလာသည့် ရက် ရှည်ကြာလာသည်နှင့်အမျှ မိနိုင် စိတ်တို့ လေးလံကျဉ်းကျပ်လာခဲ့ ပြီ။ အထူးသဖြင့် မနက်က တွေ့မြင် ကြုံခဲ့ရသည့် ရင်ခွင်မဲ့ ပုံရိပ်ခံစားချက် နှလုံးသားတို့က မိနိုင်ကိုပါ ကူးစက် လာခဲ့လေပြီတည်း။

”နိုင်၊ မိနိုင် ထဦး။ အပြင်မှာ နင့်မေမေ ရောက်။ ဟင် . . .နိုင် ကိုယ်တွေလည်း ပူလို့ပါလားဟယ် မိနိုင်…”

”ဟင် မေမေ ရောက်လာတယ် ဟုတ်လား”

ညက ညဥ့်နက်မှ အေးစက်စွာ အိပ်ပျော်ခဲ့သော မိနိုင်၊ သီတာ၏ စကားကြောင့်ချက်ချင်း ထထိုင်လိုက် မိသည်။ ကိုက်ခဲနေသော ကိုယ် လက်များ မသယ်နိုင်လောက်အောင် စိတ်လူပင်ပန်းနေသော်လည်း မေမေ ဟူသော စကားကြောင့် လှဲနေရာမှ ချက်ချင်းထကာ အိမ်ရှေ့ခန်းသို့ အပြေး ရောက်သွားပါလေ၏။

”သမီး၊ သမီးလေး ဟင် ကိုယ် တွေလည်း ပူနေပါရောလား သမီး ရယ်။ အမေ စိတ်ပူလိုက်ရတာ စုံစမ်း လိုက်ရတာ သမီး..”

လဲကျမတတ် ပြေးလာမိသော မိနိုင်ကို ဆီးကြို ပွေ့လိုက်ရင်း မျက် ရည်ရစ်ဝိုင်းလျက် တတွတ်တွတ် ရေ ရွတ်ပြောဆိုလာသော မေမေ့ရင် ခွင်ထဲမှာ မိနိုင် ဘာမျှပြန်မဆိုနိုင်ဘဲ အသံတိတ်သာ ငိုရှိုက်လိုက်မိသည်။ အတန်ကြာ ဝေးကွာနေခဲ့သော ရင် ငွေ့ နွေးနွေးမှာ ကလေးတစ်ယောက် ပမာ မက်မက်မောမော ပါးအပ် လိုက်မိရင်း မျက်ရည်များနှင့် မိနိုင် ကြည်နူး ကျေနပ်စွာ ပြုံးလိုက်မိပါ၏။

မည်​မျှပင်​ မာန်​မာနတရားတို့ ထားခဲ့မိပါ​စေ ​မေ​မေ၏​မေတ္တာတရား​အောက်​မှာ မိနိုင်​ ဝပ်​စင်းခယ မိပါ ပြီ။ ထို့ပြင်​ ရင်ခွင်မဲ့သော ခံစားချက် ဝေဒနာများအား မိနိုင် ကိုယ်​ချင်းစာ ခံစားနားလည်ခဲ့ပါပြီ။ မေမေ၏ အေးမြသော အရိပ်တန်ခိုးကိုလည်းမိနိုင် သိရှိတန်ဖိုးထားတတ်ခဲ့ပြီ။ သီတာတို့ကို နှုတ်ဆက်ပြီး အပြန်မှာ တော့ မိနိုင်စိတ်ဆန္ဒအတိုင်း မိဘမဲ့ ပရဟိတကျောင်းလေးသို့ လှည့်ဝင် ကာ သားအမိနှစ်ယောက် မိဘမဲ့ ကလေးများအတွက် တတ်နိုင်သမျှ ဝင်ရောက်လှူဒါန်းခဲ့ကြသည်။ အား လပ်ချိန်များမှာ ဤကျောင်းလေးသို့ လာရောက်ကာ ရင်ခွင်မဲ့ကလေး ငယ်ကလေးများအား လုပ်အားပေးပြု စုလိုသော မိနိုင်ဆန္ဒကိုလည်း မေမေ က ကြည်ဖြူစွာ ခွင့်ပြုပေးခဲ့ပါသည်။ ဤအရိပ် ဤအသံ ဤခံစားချက် ကလေးများမှ အစပြု၍သာ မိဘ ကျေးဇူး မိဘအရိပ်ကို မိနိုင်ကိုယ် တိုင် သတိတရားဖြင့် ပို၍ ​တန်ဖိုး ထားသိမြင်လာခဲ့သည်။ ထို့ကြောင့် အမှန်​တကယ်​ ​အေးမြ​နွေး​ထွေးလုံခြုံ ရာ ​မေတ္တာရှင်​ ​မေ​မေ့ရင်​ခွင်​မှာ ပြန်​လည်​ခိုနားမိခဲ့သည်​။ ထို့​နောက်​ စာနာ တရားလက်​ကိုင်​ထားလျက်​ မိနိုင်​အားလပ်​ချိန်​များမှာ ဤ ရင်ခွင်မဲ့ ကလေးငယ်တို့အား ကူညီ ပြုစုလျက်​ ​မေတ္တာရိပ်​ တစ်ပြန် ရိပ်​မိုး​ပေးနိုင်​​အောင်​ ကြိုးစားလိုစိတ်​လည်း မိနိုင်​ရင်​မှာ ​ပေါက်​ဖွားလာခဲ့ပါ​လေ၏။

မြင့်မြတ်သိင်္ဂီ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071