Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeCelebrities' Newsနောက်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံး...

နောက်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ သျှင်းမြတ်

‘ရသ၊ မော်ကွန်း၊ အလင်္ကာ’ ဆိုတဲ့ ရုပ်သံဇာတ်​လမ်းတွဲထဲက မော်ကွန်းဆိုတဲ့ ဇာတ်ကောင်​ကာရိုက်တာကို ပရိသတ်ကြီး သတိထားမိပြီး အားပေးလာသူကတော့ သရုပ်ဆောင်​သျှင်းမြတ်ပဲ ဖြစ်ပါတယ်။ အခုလတ်​တလောမှာ Weeding Photo တွေ၊ ကြော်ငြာတွေ ရိုက်ဖြစ်နေကာ အနုပညာ အလုပ်တွေကို တတ်စွမ်းသလောက်​ ကြိုးစားပြီးလုပ်ကိုင်​နေတယ်လို့ ပြောပြပါတယ်​။ အခု လက်ရှိမှာ ပရိသတ်ကြီးက မော်ကွန်းဆိုတဲ့ ဇာတ်ကောင်ကို အားပေးကြတဲ့အပေါ် ဘယ်လိုမျိုးခံစားရလဲဆိုတာကို သျှင်းမြတ်က . . .

”အခုလိုမျိုး ကိုယ်ကြိုးစားထားတဲ့ မော်ကွန်းဆိုတဲ့ ဇာတ်ကောင်ကို ပရိသတ်က တအားကို ချစ်ကြတယ်၊ အားပေးကြတဲ့ အတွက်​ပျော်လည်းပျော်တယ်၊ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီ ဇာတ်လမ်းကို ၆လလောက်​အချိန်ယူပြီး ရိုက်ကူးထားတာ တအားလည်း ပင်ပန်းခဲ့တယ်။ ကိုယ်ကြိုးစားခဲ့သလောက်​ ပရိသတ်က လက်သင့်ခံပေးတဲ့အတွက်လည်း ပီတိဖြစ်ရတယ်” လို့ပြောပါတယ်။

ဒီဇာတ်ကားထဲက သရုပ်ဆောင်ခဲ့တဲ့အပေါ် လိုအပ်ချက်တွေကို ပြင်ဆင်ပြီး နောက်ထပ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း သျှင်းမြတ်က ပြောပါတယ်။ ”အင်းလေးမှာ သုံးရက်​သွားရိုက်တာ၊ နောက်ဆုံးရိုက်တဲ့ နေ့ကနည်းနည်လည်း မိုးချုပ်ပြီး မှောင်သွားတယ်။ ပြန်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ လှေမောင်းတဲ့သူက လှေဆိပ်ကိုသွားဖို့ လမ်းမမှတ်မိလို့ အခက်အခဲတွေ ဖြစ်တာတော့ အမှတ်ရဆုံးပါ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကိုတော့ ကျေနပ်အားရမှု ရှိပါတယ်။ လိုအပ်နေတဲ့ အပိုင်းတွေကို ဝေဖန်​ထောက်ပြပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်။ မိသားစုကလည်း ကြည့်ပြီးတော့ လိုအပ်​တာတွေ ပြောပြတဲ့အတွက်​ ပြင်ဆင်လို့ရတယ်။ နောက်ထပ်​ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့လည်း သျှင်းမြတ်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071