Sunday, September 20, 2026

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...
HomeMusicဇော်ဝင်းထွဋ်နဲ့ လေးဖြူ နှစ်ယောက်ပေါင်း...

ဇော်ဝင်းထွဋ်နဲ့ လေးဖြူ နှစ်ယောက်ပေါင်း ဖျော်ဖြေပွဲ ရှိလာနိုင်မလား

မြန်မာနိုင်ငံရဲ့ ရောခ့်စတားကြီး နှစ်ယောက်ဖြစ် တဲ့ ဇော်ဝင်းထွဋ်နဲ့ လေးဖြူကို စင်မြင့်တစ်ခုတည်းမှာ တွဲပြီးမြင်ချင်ကြတဲ့ ပရိသိတ်တွေ ကတော့ အများကြီးပါပဲ။ သူတို့နှစ် ဦးအနေနဲ့လည်း ၁၉၉၃ခုနှစ် နောက် ပိုင်းကစပြီး အခုချိန်အထိ ဖျော် ဖြေပွဲအနေနဲ့ နှစ်ယောက်ပေါင်း သီ ဆိုတာမျိုး မရှိသလောက် ရှားပါးခဲ့ပါ တယ်။ မိတ်ဆွေတွေရဲ့ ဧည့်ခံပွဲ တွေ မှာတော့  နှစ်ယောက်ပေါင်း ထူးထူး ခြားခြား တွဲဆိုတာမျိုးတွေတော့ ရှိခဲ့ ပါတယ်။ ဒါပေမဲ့ ဒါကလည်း အလွန် အင်မတန် နည်းပါတယ်။ ဒါကြောင့် ဇော်ဝင်းထွဋ်နဲ့ တွေ့ဆုံခိုက် နှစ် ယောကပေါင်းဖျော်ဖြေပွဲတွေ လုပ် ဖို့ရှိလာနိုင်မလားလို့ မေးတဲ့အခါမှာ တော့..

” နှစ်ယောက်သား ချိန်းပြီး တော့ လက်ဖက်ရည်တွေ ဘာတွေပဲ သောက်လို့ ရတော့မယ်နဲ့ တူတယ်။ လောလောဆယ်တော့လေ။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က Band လိုက်သွားတာကိုး။ ဒီ့ပြင် အဆိုတော် တွေလည်းပါတယ်။ ပြီးတော့ သူတို့က သူတို့ Management နဲ့ သူတို့ သွားနေတာ။ ကျွန်တော်တို့က အား အားယားယား လျှောက်သွားနေတဲ့လူတွေဆိုတော့ တူတော့မတူဘူးပေါ့။အမှန်မှာတော့ တွဲလုပ်ရင်လည်း စိတ်ကူးတော့ စဉ်းစားမိတာ တွေရှိပါ တယ်။ ဒါပေမဲ့ တွဲဖို့ အကြောင်းမလှ သေးဘူး ဖြစ်နေတာပေါ့”လို့ ပြောပါ တယ်။ ၁၉၉၃ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင် ပါယာနဲ့ IC တို့ရဲ့ ဖျော်ဖြေပွဲနဲ့ပတ် သက်ပြီးလည်း ဇော်ဝင်းထွဋ်ကိုပြန် လည်မေးမြန်းတဲ့ အခါမှာတော့ ..

” အဲဒီပွဲဆိုရင် တော်တော်ကြာ ပြီ။ စိန့်မေရီမှာဆို တာ။ နှစ်၂၅ လောက်ရှိပြီ။ ဧည့်ခံပွဲတွေမှာ တွေ့ ရင်တော့ နှစ်ယောက်သား တက်ဆို ဖြစ် ကြတယ်။ ရှိုးက တော့ မဆိုဖြစ် ဘူး” လို့ ပြန်လည်ပြော ပြပါတယ်။   ဆက်လက်ပြီးလည်း နှစ် ယောက် ပေါင်းသီချင်းတွေ တွဲလုပ်ဖို့ ရှိလာမလားလို့ မေးတဲ့အခါမှာ လည်း…

“ပြောရတော့ခက်ပါ တယ်။ တချို့ကြတော့လည်း အပြိုင် အဆိုင် သဘောမျိုး မြင်တာမျိုးပေါ့။ ပရိသတ်ကပါ ပုဂ္ဂိုလ်စွဲတွေနဲ့ ကွဲသွား သလိုဖြစ်တော့ ဒါကြောင့် လည်း ပေါင်းရခက်သွားတာပါတယ်။ အမှန် မှာ တော့ သူလည်း သူယုံကြည် ရာလုပ်တာပဲ။ ကျွန်တော်လည်း ကျွန်တော် ယုံကြည်ရာ လုပ်တာလေ။ ဂီတကို ဂီတလိုပဲ သဘောထားမယ် ဆိုရင် တော့ ဘယ်သူပဲဆိုဆို ဒီသီချင်းက ဒီသီချင်းပဲ။ ဒီသီချင်းကို ကြိုက်ရင် ဒီသီချင်းလေးက ကြာရှည် ခံမှာပဲ။ ဆိုတဲ့လူကို ခဏဖျောက် ကြည့်ရမှာလေ။ ခေါင်းစဉ်ကြီး တပ် ပြီးတော့ဘယ်သူက ဘယ်လို ဘယ် သူကဘယ် လိုဆိုပြီး ပြောလို့မရဘူး။ တစ် ယောက်နဲ့ တစ်ယောက်ဆိုတာ ယှဉ် လို့လည်းမရပါဘူး။ လူကတစ် ယောက်နဲ့  တစ်ယောက်တူတာမှ မ ဟုတ်တာလေ။ သဘာဝဖန်တီးထား ကတည်းက တူစရာအကြောင်းမှ မ ရှိတာ။ အားလုံးကသူ့ အရည် အချင်း နဲ့သူရှိတာပဲ” လို့ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071