Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeArticlesခေတ်ရဲ့ခြေရာများကို ခြေရာခံခြင်း

ခေတ်ရဲ့ခြေရာများကို ခြေရာခံခြင်း

လူငယ်ဆိုတာ
သမိုင်းကို ထမ်းပိုးရေးထိုးလို့
မှန်ကန်တည့်မတ်အောင်
ပြန်ဖော်ထုတ်တယ်။

(စာ-၁၅)

အဲဒီနေ့ (၅-၁၂-၁၉၇၄)က ရန် ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကနေ ကျိုက္ကဆံကွင်းအထိ ဆန္ဒပြချီတက်ကြ တဲ့ ကျောင်းသားထုကြီးဟာ မကုန် နိုင်၊ မဆုံးနိုင်။ ဦးသန့်ဈာပနအတွက် ကျေနပ်မှုမရှိတဲ့ ကျောင်းသားတွေ ဟာ ဦးသန့်အုတ်ဂူနေရာရရှိဖို့ ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်။ ဦးသန့်ရဲ့ အလောင်းကို တက္ကသိုလ်ဝန်းမှာရှိတဲ့ အရင်ကျောင်းသားသမဂ္ဂ အဆောက် အအုံနေရာမှာ သယ်ဆောင်လာခဲ့ကြ တယ်။ တကယ်တော့ ဦးသန့် အရေး အခင်းဟာ ဒီမိုကရေစီ ပညာရေး စနစ်ကို ရရှိဖို့အတွက် နောက်ပြီး စစ်အစိုးရအုပ်ချုပ်မှုကို မကျေနပ်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ စနက်တံ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် မှာတော့ ကျောင်းသားတွေ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုကို စစ် အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ပါ တယ်။ ပြည်သူလူထုတွေ၊ ကျောင်း သားတွေရဲ့ သွေးတွေ မြေကျခဲ့ရပါ တယ်။

ခေတ်ကို
လူတွေက ညာနေကြတယ်။
အမှန်ကို
လူတွေက ညာနေကြတယ်။
သမိုင်းကို
လူတွေက ညာနေကြတယ်။
ညာနေတဲ့ ကမ္ဘာကြီး
ပိုလည်နေပြီ။

(စာ-၃ဝ)

ကျွန်တော်တို့ ၁၉၆၈ ခုနှစ် ဆယ်တန်းရောက်တဲ့ နှစ်မှာ ပညာ ရေးဝန်ကြီးက ဒေါက်တာညီညီဖြစ်ပါ တယ်။ သူက တိုင်းပြည်ကြီးကို သိပ္ပံ ပညာနဲ့ ဖြစ်ထွန်းအောင် လုပ်မယ်ဆို ပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တစ်တွေလည်း သိပ္ပံပညာရူး ရူးခဲ့ကြ တာပေါ့။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ ပြီးရင် ဘူမိဗေဒ၊ ဓာ တုဗေဒ၊ ရူပဗေဒတို့က အမှတ်ကောင်း မှ ဝင်ခွင့်ရခဲ့တာပေါ့။ အခု ပြန်စဉ်း စားကြည့်တော့ သိပ္ပံပညာနဲ့ပတ်သက် လို့ ကျွန်တော်တို့တစ်တွေ ဘာတွေ များ တိုးတက်ခဲ့ကြပါသလဲ။ လူငယ် တွေမှာ ကျောင်းပြီးပေမယ့် အလုပ် မရှိခဲ့ပါဘူး။ သင့်ရာ ကြုံရာ အလုပ် တွေကိုသာ ဝင်လုပ်ခဲ့ရတာပါ။

ရန်သူနဲ့မိတ်ဆွေ မသဲကွဲတော့
ဒီအချိန်က ဘယ်လိုအချိန်လဲ
ခေတ်ထဲမှာပင်
လင်းပရင်းကြွေသွားတဲ့
ကြယ်တွေ
ခေတ်ထဲမှာပင်
လင်းပရင်း မှောင်သွားတဲ့
ကြယ်တွေ
သံတိုင်ကြားက ကဗျာ
ဘေးကင်းပါစေ။

(စာ-၃၇)

ခေတ်အခါမကောင်းတော့ ကဗျာ ထဲမှာ ညဆိုတဲ့ စကားလုံးတောင် အသုံးပြုခွင့်မရပါဘူး။ ညပါရင် သူ တို့ခေတ်ကို အဆိုးမြင်တယ်ဆိုပြီး ရေးခွင့်မရပါဘူး။ နေဝင်တာ နေ ထွက်တာတောင် တစ်ခါတလေ အဖြတ်ခံရတတ်ပါတယ်။ စာပေစိစစ် ရေး တင်းကျပ်တာလည်းတစ်ကြောင်း၊ လူငယ်တွေရဲ့ ကဗျာဖန်တီးလိုစိတ် လည်း တစ်ကြောင်းကြောင့် အဲဒီ ခေတ်အခါက စာကူးစက်ကဗျာလေး တွေ သူ့နယ်သူ့ဒေသအလိုက်အထွက် များခဲ့ပါတယ်။ ၁၉၇ဝ ပြည့်နှစ်နဲ့ ၇ဝ ပြည့်နှစ်ကျော် နှစ်တွေမှာ မိုးဝေ မဂ္ဂဇင်းရဲ့ သြဇာ လူငယ်ကဗျာဆရာ တွေအပေါ် လွှမ်းမိုးခဲ့ပါတယ်။ ဆရာ လင်းယုန်မောင်မောင် ကျေးဇူး ကြောင့် ချေဂွေဗားရား၊ ကက်စထရို စတဲ့ တော်လှန်တဲ့ အတွေးအမြင်ရှိတဲ့ စာအုပ်တွေဖတ်ခဲ့ရတယ်။ ကဗျာတွေ ဟာလည်း အဖိနှိပ်ခံ ပြည်သူ့ဘက်က ရပ်တည်တဲ့ ကဗျာတွေဖြစ်ခဲ့ရတယ်။ ဆရာဒဂုန်တာရာကလည်း ကာရန်မဲ့ မှာထက် အဘိဓမ္မာမမဲ့ပါစေနဲ့လို့ဆိုခဲ့ ပါတယ်။ ကဗျာဆရာတွေ တော်လှန် တဲ့ အတွေးအမြင်ရှိခဲ့ကြပါတယ်။ စစ် အစိုးရအနေနဲ့တော့ ကျွန်တော်တို့ ဂုဏ်ယူစရာ စံထားစရာ ဆရာတင်မိုး ကိုတောင် ထောင်ထဲထည့်ခဲ့ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့၊ မြန်မာရနံ့ကို ချစ်တဲ့ဆရာတင်မိုးဟာ နိုင်ငံခြားမှာ နေပြီး မြန်မာပြည်ကို လွမ်းရင်း သေဆုံးခဲ့ရပါတယ်။

ခေတ်က ခက်ဆဲပေါ့
ခက် …ခက် …ဆဲပေါ့
ခက်ဆဲပေါ့။

ခက်ခဲ့ပါတယ်။ ထီတစ်စောင် ထိုးဖို့တောင် ခက်ခဲ့ပါတယ်။ ၅ဝဝ တန်ထီ ရောင်းခါစက ၅ဝဝ ကျပ် ထက်ပိုရင် အရေးယူမယ်၊ ပိုရောင်း ရင် နာမည်ပျက်စာရင်းတင်ပြီး ရောင်းခွင့်ပါ ပိတ်မယ်တဲ့။ ခက်ခဲ့ ပါတယ်။ အခုဆိုရင် ဘယ်ကနေ ဘယ်လိုဖြစ်တယ်မသိ။ ဘယ်အရေး ယူမှုမှ ရှိတယ်လို့လည်း မကြားဖူးပါ။ ပင်ရင်းဆိုင်ကြီးများ တစ်စောင် ၆ဝဝ ကျပ်နဲ့ ရောင်းနေပြီး လက်တွန်းလှည်း ထီးသည်တွေဆီမှာ တစ်စောင် ၆၅ဝ ကျပ်နဲ့ ဝယ်နေရပါတယ်။ အလွယ် ကူဆုံးလို့ ယူဆရတဲ့ ဒီကိစ္စမှာတောင် သူတို့ပြောသလိုဖြစ်မလာပါဘူး။ သာမန်လူတန်းစားက ထီတစ်စောင် ထိုးဖို့တောင် မလွယ်တော့ပါဘူး။

ပညာရေးစနစ်မှာလည်း ဆယ် တန်းကျောင်းသားအတွက် သိန်း ပေါင်းများစွာပေးနေရတယ်။ ကျန်းမာ ရေးမှာလည်း တစ်ခုခုဖြစ်ရင် ဆေးကု ဖို့ မလွယ်လှပါဘူး။ လူနာစောင့် သုံး လေးယောက်ဟာ အပြင်ဆေးဆိုင် တွေကို ခေါက်တုံ့ခေါက်ပြန်သွားပြီး ဆေးဝယ်နေရပါတယ်။ ခေတ်က ခက်ဆဲပေါ့။

ကျွန်တော် အံ့သြရတာက ဆရာညိုသစ်ငယ်ရဲ့ သူခိုးတိုင်းပြည် ကဗျာစာအုပ်မှာ ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဖြစ်ပျက်နေမှုတွေ ခံစားနေရ တဲ့ ဝေဒနာတွေကို ထောင့်စုံအောင် ဖော်ပြနိုင်တာပါပဲ။ သူမမီခဲ့တဲ့ ခေတ် ရဲ့စရိုက်ဆိုးတွေအထိ ကဗျာဖွဲ့နိုင် တာ ကျွန်တော်အံ့သြမိပါတယ်။

၁၈-၁-၂ဝ၁၈ (ကြာသပတေး) နေ့မှာ ကျွန်တော်တို့ ရွှေစွန်မင်း စကားဝိုင်းလေးမှာ သူ့ရဲ့စာအုပ်ကို အမှတ်တရ ဂုဏ်ပြုစကားပြောကြားခဲ့ ပါတယ်။

တက်ရောက်သူများကတော့ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ တက္ကသိုလ် တေဇာလင်း၊ မောင်ကြည်သာ(တောင် တွင်း)၊ ရတုသစ်၊ ဟိန်းထက်လွင်၊ နေ ခြည်သစ်နိုင်၊ သျှိုင်းရဲဝံ့၊ မင်းနဒီခ၊ နေမိုး၊ အောင်ခန့်မိုး(ပခုက္ကူ)၊ နှင်းဆီ ညို(ပခုက္ကူ)တို့ ဖြစ်ကြပါတယ်။

ဆရာအသီးသီးက အမှတ်တရ ဂုဏ်ပြုစကားပြောပြီး သူ့ရဲ့ ကဗျာ များကိုလည်း ရွတ်ဆိုကြပါတယ်။

သူ့ရဲ့ကဗျာတွေကိုဖတ်ပြီး ကဗျာ ရေစီးဟာ ရပ်တန့်မနေဘူးလို့ ပြော လို့ရပါတယ်။ ခေတ်ကိုလည်း ထင် ဟပ်စေရမယ်။ ဖွဲ့နွဲ့မှုမှာလည်း ကဗျာ ဖြစ်ရပါမယ်။ နှလုံးသားဟာ လည်း သန့်စင်နေရပါမယ်။ အဲဒီ အချက်တွေနဲ့ ဆရာညိုသစ်ငယ်ရဲ့ ကဗျာတွေဟာ လှပနေပါတယ်။ ဆရာ ညိုသစ်ငယ် ဆက်ပြီး ရေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မောင်ကြည်သာ(တောင်တွင်း)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071