Friday, August 14, 2026

ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊...

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို သြဂုတ် ၁၃ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်ဘက်မှ...

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ်...

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင်...

အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက်...

မန္တလေး၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက်...

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု...

နေပြည်တော်၊ ဩဂုတ် ၁၄ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ...
HomeNewsLocal Newsဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်ရေကာတာ ကြံ့ခိုင်ရေး...

ဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်ရေကာတာ ကြံ့ခိုင်ရေး မပြတ်စောင့်ကြည့်ရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား

ဇလွန်၊ ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး ဇလွန်နှင့် ဟင်္သာတမြို့နယ်တို့ရှိ တာတမံများ ကြံ့ခိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်နှင့် ရေကင်းအဖွဲ့များဖြင့် အလှည့်ကျ မပြတ်ကင်းလှည့်စောင့်ကြည့်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ဩဂုတ် ၁၃ ရက်က ဇလွန်မြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာ ကြံ့ခိုင်ရေးနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီ-ဟင်္သာတတာ၏ တာမိုင် (၃၀/၀) မှ (၃၀/၃) အတွင်းနှင့် တာမိုင် (၃၂/၀) မှ (၃၂/၃) အတွင်းရှိ နေရာများတွင် ရေခွေပြုလုပ်၍ သဲအိတ်များချကာ တာတမံကြံ့ခိုင်ရေးနှင့် ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ တာမိုင် (၅/၄) ရှိ ရေကင်းစခန်းအမှတ် (၉)၊ တာမိုင် (၅/၃) ရှိ တာတမံနှင့် မြစ်ကမ်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြတ်တာ (၁-င) နှင့် မဲဇလီညွန့်ဖြတ်တာတို့၏ အခြေအနေများကိုလည်း စစ်ဆေးခဲ့သည်။

ထို့ပြင် ဩဂုတ် ၁၀ ရက်က လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ၏ တာမိုင် (၂၆/၃) မှ (၂၆/၄)၊ တာမိုင် (၂၇/၀) မှ (၂၇/၁) နှင့် တာမိုင် (၃၁/၂) မှ (၃၁/၃) အတွင်း တာကြံ့ခိုင်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ယင်းခရီးစဉ်အတွင်း ငဝန်မြစ်ကြောင်းတစ်လျှောက် သဲသောင်ဖြစ်ပေါ်နေမှု၊ ကမ်းပြိုကမ်းစားမှုနှင့် Geotextile များအသုံးပြု၍ ကမ်းပြိုကာကွယ်ထားမှုတို့ကိုလည်း ကြည့်ရှုခဲ့သည်။

စစ်ဆေးမှုများအပြီးတွင် လိုအပ်သည့်နေရာများ၌ ကမ်းပြိုကမ်းစားမှု လျော့နည်းစေရေးနှင့် ရေကာတာများအပေါ် ရေတိုက်စားမှု သက်သာစေရေးအတွက် ရေလမ်းကြောင်းပြန်တည့်ခြင်း၊ သဲသောင်တူးဖော်ခြင်းနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသည့် ဗေဒါပင်များကိုရှင်းလင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို သြဂုတ် ၁၃ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများ အဟန့်အတားမရှိ လွယ်ကူစွာစီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်းပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာကောင်း မွန်စေရေးနှင့် ဒေသခံများ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့အတွက် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စုပုံပိတ်ဆို့နေသော ဗေဒါပင်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထား၊ ၂၄ နာရီ အကူအညီတောင်းခံနိုင်

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင် နေအိမ်များတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကုသမှု အချိန်မီခံယူနိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ ပို့ဆောင်ရန် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။ အရေးပေါ်လူနာတင်ယာဉ် အကူအညီလိုအပ်ပါက ဖုန်း 09 970 025 002 သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က...

အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း

မန္တလေး၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အဆိုပါ ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071