Friday, August 14, 2026

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ်...

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင်...

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု...

နေပြည်တော်၊ ဩဂုတ် ၁၄ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ...

အမြန်လမ်း ၁၁၅ မိုင် DENKO...

ဖြူး၊ ဩဂုတ် ၁၄ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က...

ဆီးချို၊ HIV၊ ကင်ဆာအပါအဝင် ဆေးဝါးအမယ်သစ်...

ရန်ကုန်၊ ဩဂုတ် ၁၄ ဆီးချို၊ HIV၊ အရိုးအကြောအဆစ်နှင့် ကင်ဆာရောဂါကုသဆေးများအပါအဝင် ဆေးဝါးအမယ်သစ် ခြောက်မျိုးကို သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုသည့်အခမ်းအနားကို ဩဂုတ်...
HomeNewsLocal Newsအမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀...

အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း

မန္တလေး၊ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အဆိုပါ ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျ-က်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာသဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

အဆိုပါဒေသသည် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသဖြင့် ဒေသခံပြည်သူများတွင် အတွေ့အကြုံရှိပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ခြင်းကြောင့် ယခုရေဘေးတွင် အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း ဆိုသည်။

ယခုနှစ်တွင် ယခင်နှစ်များထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုများပြားနေသဖြင့် ရေဘေးရှောင်စခန်းများ၌ နေထိုင်ရမည့်ကာလ အနည်းငယ်ကြာမြင့်နိုင်ကြောင်းနှင့် ရေကြီးရေလျှံမှုနောက်ဆက်တွဲ ဖြစ်ပွားလေ့ရှိသည့် ဝမ်းပျ-က်ဝမ်းလျှောရောဂါအပါအဝင် အခြားရောဂါအန္တရာယ်များ မဖြစ်ပွားစေရေး အထူးသတိပြုကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထား၊ ၂၄ နာရီ အကူအညီတောင်းခံနိုင်

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင် နေအိမ်များတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကုသမှု အချိန်မီခံယူနိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ ပို့ဆောင်ရန် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။ အရေးပေါ်လူနာတင်ယာဉ် အကူအညီလိုအပ်ပါက ဖုန်း 09 970 025 002 သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က...

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၄ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic...

အမြန်လမ်း ၁၁၅ မိုင် DENKO ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ် ကောက်ရထား၊ ပိုင်ရှင်လာရောက်ဆက်သွယ်နိုင်

ဖြူး၊ ဩဂုတ် ၁၄ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က ယနေ့ ဩဂုတ် ၁၄ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ကောက်ရထားသည့် ရွှေထုပ်နှင့်ပတ်သက်၍ ပိုင်ရှင်ဖြစ်သူအနေဖြင့် သက်ဆိုင်ရာ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆိုင်ခွဲသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။ သို့သော် ကောက်ရထားသည့် ရွှေထုပ်အတွင်း ပါဝင်သည့် ရွှေထည်အမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးတို့ကို ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်း မရှိသေးကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071