ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် နေအိမ်များတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကုသမှု အချိန်မီခံယူနိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ ပို့ဆောင်ရန် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။
အရေးပေါ်လူနာတင်ယာဉ် အကူအညီလိုအပ်ပါက ဖုန်း 09 970 025 002 သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
