တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ တင်ပြခန့်အပ်ခဲ့ကြောင်းသိရသည်။
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူ၏ အဆိုပြုချက်နှင့်သမ္မတအဖြစ် ခန့်အပ်ခံရသူ၏ အဆိုပြုချက်အရ တိုင်းဒေ သကြီး ဥပဒေချုပ်အား ဦးခင်မောင်လွင်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ငြိမ်းငြိမ်းဝင်း ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်မိုးမိုးအေး၊ တရားသူကြီး (၄) ဦးအဖြစ် ဒေါ်ယဥ်ယဥ်ဟန်၊ ဦးဝင်းမြိုင်၊ဒေါ်ခင်စန်းဝင်း၊ ဒေါက်တာအောင်ထွန်းဝင်းတို့အား လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ထံ တင်ပြခဲ့ရာ လွှတ်တော်သ ဘောထားရယူကာ အတည်ပြုခန့်အပ်ခဲ့သည်။