Sunday, May 31, 2026

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယက်တီကူးပါးသည် ဇွန်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ထို့နောက် သီတင်းပတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှသည်...

Robot Camp Myanmar 2026...

Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀...

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ အဆိုပါ...

ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊...
HomeNewsLocal Newsဝန်ကြီးဌာန (၁၀) ခုဖွဲ့စည်းခဲ့သည့်...

ဝန်ကြီးဌာန (၁၀) ခုဖွဲ့စည်းခဲ့သည့် ကရင်ပြည်နယ်အစိုးရ အဖွဲ့သစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန (၁၀) ခု ပါဝင်မည်ဖြစ်ကာ ယင်းဝန်ကြီးဌာနများတွင် ခန့်အပ်တာဝန်ပေးမည့်သူများ၏ အမည်စာရင်းနှင့် ဝန်ကြီးဌာနများကို ယနေ့ ဧပြီ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးညီညီဇော်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောထွန်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောမျိုးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးအောင်လွင်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစယဉ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောခေါင်ပန်ထော့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်မောင်လှိုင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမျိုးမြင့်နိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးခွန်မြတ်ထူးတို့ ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်ဥပဒေချုပ်အဖြစ် ဒေါ်နော်သန်းသန်းငြိမ်း၊ ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ဦးအောင်စိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဦးညွှန့်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ဒေါ်ခင်စိမ်းဝင်းနှင့် ဒေါ်နွဲ့နွဲ့ဦးတို့ကိုခန့်အပ်တာဝန်ပေးရန် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တရုတ်နှင့် အိန္ဒိယ သွားမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယက်တီကူးပါးသည် ဇွန်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်ပြီး ထို့နောက် သီတင်းပတ်နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံကို ဆက်လက်သွားရောက်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားနှင့် ရုရှား-ယူကရိန်းစစ်ပွဲမှသည် အီဘိုလာရောဂါဖြစ်ပွားမှုအထိပါဝင်သော ကမ္ဘာ့အရေးများကို အဓိကဆွေးနွေးမည့် ခရီးစဉ်ဖြစ်သည်။        မစ္စစ်ကူးပါးသည် ဇွန်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ဒုတိယသမ္မတ ဟန်ကျန်းတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်တစ်ရက်အကြာတွင် သိပ္ပံနှင့် နည်းပညာကို အဓိကထားသော အစီအစဉ်တစ်ခုအတွက် တောင်ပိုင်းနည်းပညာအချက်အချာ ရှန်ကျန်းသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။        ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာချိန်၊ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများ...

Robot Camp Myanmar 2026 နှင့် WRC 2026 စက်ရုပ်ပြိုင်ပွဲတွင် ကျောင်းသား ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ အစိုးရကျောင်းများ၊ နိုင်ငံတကာကျောင်းများအပြင် တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲသို့...

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ အဆိုပါ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အနီရောင်အဆင့်သတ်မှတ်ကာဖြိုဖျ-က်ထားသော အဆောက်အအုံနေရာတွင် ဒီဇိုင်းပုံစံအသစ်ဖြင့်ဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ " အခုအသစ်တည်ဆောက်မယ့် နည်းပညာတက္ကသိုလ် (တောင်ငူ)ရဲ့ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ MNBC-2025 နဲ့ စနစ်တကျဒီဇိုင်းဆွဲပြီးဆောင်ရွက်သွားမှာပါ။ ငလျင်ဒ-ဏ်ခံအဆောက်အဦသစ်အဖြစ် တည်ဆောက်သွားမှာပါ"ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။ ထို့ပြင် နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ဆောက်လုပ်မည့် အဆောက်အအုံသစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071