Monday, June 15, 2026

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး...

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ...

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ...

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့သည်။ လက်တလော၌ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က ၁၈ ကြိမ်မြောက်...

ပြည်ပကစားသမားခေါ်ယူမှုကြောင့် နိုင်ငံတကာပရိသတ်များအကြား မြန်မာအမျိုးသမီးလိဂ်အပေါ် စိတ်ဝင်စားမှု...

ပြည်ပကစားသမားများကို ခေါ်ယူလိုက်ပြီးနောက် နိုင်ငံတကာပရိသတ်များအကြား မြန်မာအမျိုးသမီးလိဂ် (MWL) ကို စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။ အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာများနှင့် TikTok ပေါ်တွင် ပြည်ပပရိသတ်များ၏...

မုတ်သုံလေ အားကောင်း၍ ဒေသ(၆)ခုတွင် မိုးကြီးနိုင်၊...

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းနေမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။ မိုးကြီးနိုင်သည့်...
HomeNewsLocal Newsဧရာဝတီတိုင်းလွှတ်တော်၌ ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့်...

ဧရာဝတီတိုင်းလွှတ်တော်၌ ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာတာနှင့် ငဝန်ရေကာတာတို့နှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ကိုတိုက်တွန်းသည့်အဆိုတင်သွင်း

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ဧရာဝတီတိုင်းရှိ ဧရာဝတီမြစ်ရေကာ တာနှင့် ငဝန်ရေကာတာတို့နှင့်ပတ်သက်၍ တိုင်းအစိုးရ အဖွဲ့ကိုတိုက်တွန်းသည့်အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

“ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေကာ တာနှင့် ငဝန်ရေကာတာများကို မိုးရာသီရေကြီးမြင့်၍ ရေကာတာများမကျိုးပေါက်စေရေးအတွက် တာတမံများကြံ့ခိုင်မှုကောင်းမွန်စေရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့အားတိုက်တွန်းကြောင်း”အဆိုကို  ဦးကျော်ဝင်းနိုင် လေးမျက်နှာ(၁)လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကထောက်ခံဆွေးနွေးပြီးနောက် ယင်း အဆိုနှင့်ပတ်သက်၍ လွှတ်တော်တွင်လက်ခံဆွေးနွေးရန် လွှတ်တော်၏သဘောထားရယူခြင်းနှင့် ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုဖြစ်သည့် အခြေခံစာသင်ကျောင်းများကိစ္စ၊ ဆရာဝန်လိုအပ်ချက်၊ ဒေသဖွံ့ဖြိုးရေးတို့ကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့် အဆိုကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ ထိုမှတဆင့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကလည်း မြစ်ကျောက်ထုတ်ယူရာတွင် စည်းကမ်းမဲ့ထုတ်ယူမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်မေသန်းဦးက ပြန်လည်...

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်း

သီတဂူဆရာတော်ဘုရားကြီးဦးဆောင်၍ ဆောင်ရွက်နေသော မျက်စိခွဲစိတ်လူနာများအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့သည်။ လက်တလော၌ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) က ၁၈ ကြိမ်မြောက် မျက်စိအလှူအဖြစ် ပထမနေ့တွင် လူနာ (၇၃၉) ဦး၊ ဒုတိယနေ့တွင် လူနာ (၅၁၁) ဦးတို့အား စမ်းသပ်စစ်ဆေးပေးရာ စုစုပေါင်း လူနာ (၁,၂၅၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊...

ပြည်ပကစားသမားခေါ်ယူမှုကြောင့် နိုင်ငံတကာပရိသတ်များအကြား မြန်မာအမျိုးသမီးလိဂ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာ

ပြည်ပကစားသမားများကို ခေါ်ယူလိုက်ပြီးနောက် နိုင်ငံတကာပရိသတ်များအကြား မြန်မာအမျိုးသမီးလိဂ် (MWL) ကို စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။ အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာများနှင့် TikTok ပေါ်တွင် ပြည်ပပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိနေခြင်းဖြစ် သည်။ ယင်းသည် ဧရာဝတီအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကစားသမားများကို ခေါ်ယူခဲ့ရာမှ ယခုကဲ့သို့ စိတ်ဝင်စားမှုမြင့်တက်လာခြင်းဖြစ်သည်။ အဆိုပါ နာမည်ရှိပြီး ပရိုဖိုင်မြင့်မားသည့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် အသင်းအတွက်သာမက မြန်မာ့အမျိုးသမီးဘောလုံးလောကအတွက်ပါ ပြည်ပပရိသတ်များ၏ အားပေးဝန်းရံမှုကို ရရှိလာစေကြောင်း သုံးသပ်မှုများ ရှိနေသည်။ မြန်မာနေရှင်နယ်လိဂ် (MNL) အသင်းအများစုအနေဖြင့်လည်း လက်တွေ့တွင် အလုပ်မဖြစ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071