Saturday, April 18, 2026

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို...

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး...

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊...

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့်...

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်...

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃...

မုဒုံမြို့နယ်ရှိ Puma Power International...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက ဧပြီ ၁၈ ရက်နံနက်ပိုင်းတွင်...
HomeMoviesမြန်မာယူ-၁၇ အမျိုးသမီးအသင်း ၂၀၂၆...

မြန်မာယူ-၁၇ အမျိုးသမီးအသင်း ၂၀၂၆ ခုနှစ် အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲဝင်ရန် တရုတ်နိုင်ငံထွက်ခွာ ခြေစမ်းပွဲများယှဥ်ပြိုင်ကစားမည်

တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ယနေ့ ဧပြီ ၁၈ ရက်က တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့သည်။

တရုတ်နိုင်ငံ၏ ရာသီဥတုနှင့် ကွင်းအနေအထားအသား ကျစေရန် ပြိုင်ပွဲမစတင်မီ (၁၀)ရက်ကျော်ကြိုတင်သွား ရောက်လေ့ကျင့်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏အစီအစဥ်ဖြင့် ကြိုတင်ထွက်ခွာခဲ့ခြင်းဖြစ်ကာ ဂျပန်လူမျိုးနည်းပြချုပ် Ms. Kumiko Tashiro ဦးဆောင်၍ မြန်မာယူ-၁၇ အမျိုးသမီးကစားသမား (၂၃) ဦးလိုက်ပါသွားခဲ့သည်။

ထို့ပြင် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် တရုတ်ဒေသခံ အမျိုးသမီးယူ-၁၇ အသင်း၊ ဖိလစ်ပိုင်ယူ-၁၇ အမျိုးသမီးအသင်းတို့နှင့် ခြေစမ်းပွဲများကစားရန်စီစဉ်ထားကာ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်နေစဉ်ကလည်း အိန္ဒိယယူ-၁၇ အသင်းနှင့် နိုင်ငံတကာ ခြေစမ်း ပွဲနှစ်ပွဲအပါအဝင် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းများနှင့် အပတ်စဉ်ခြေစမ်းပွဲများယှဥ်ပြိုင်ကစားခဲ့သည်။

မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ အုပ်စု(က)တွင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပြီး မေ ၂ ရက်ည ၆ နာရီတွင် တရုတ်အသင်း၊ မေ ၄ ရက်မွန်းလွဲ ၂ နာရီတွင် ထိုင်းအသင်း၊ မေ ၇ ရက်ည ၆ နာရီတွင် ဗီယက်နမ်အသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စုတစ်ခုချင်းစီမှ ထိပ်ဆုံး(၂)သင်းစီအပြင် အကောင်းဆုံးအုပ်စုတတိယရရှိသည့် (၂)သင်း ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ကြောင်း အီရန်ပြောကြား

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ "အီရန်နှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခြင်းမရှိသရွေ့" အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုသည် "အရှိန်အဟုန်အပြည့်ဖြင့် ဆက်ရှိနေမည်" ဟု ပြောကြားခဲ့သည်။ "အမေရိကန်ဘက်က ပြောဆိုလုပ်ကိုင်ခဲ့တာတွေကို ကြည့်ရင် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေက ရှုပ်ထွေးနေပါတယ်။”ဟု ကာတာနိုင်ငံ...

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်များမှ တရားဒေသနာတော်များရွတ်ဆိုပူဇော်ပေးပြီး သံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံအမတ်ကြီးမှ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ဆီထမင်း၊ ကြာဇံကြော်၊ သစ်သီးတို့ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နှင့် ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) များတွင် မြန်မာသံရုံး အိမ်ရာပရဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ဇနီး ဒေါ်ချိုချိုစိုး၊ မြန်မာ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် ဇနီးတို့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071