Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeMyanmar Theatrical Traditionအနုပညာသမားများကို ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ပိုမိုနွေးထွေးစွာစောင့်ရှောက်ပေးစေလိုကြောင်းသဘင်...

အနုပညာသမားများကို ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ပိုမိုနွေးထွေးစွာစောင့်ရှောက်ပေးစေလိုကြောင်းသဘင် အစည်းအရုံး(ဗဟို) အတွင်းရေးမှူး မေတ္တာရပ်ခံ

မြန်မာနိုင်ငံ သဘင်အစည်း အရုံး (ဗဟို) အနေနဲ့ မြန်မာနိုင်ငံအနှံ့ လိုက်လံကပြတင်ဆက်နေတဲ့ ဇာတ် အဖွဲ့များရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သက် လို့ လုံခြုံစိတ်ချမှုရရှိအောင် သက် ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ့်အစီအစဉ် တွေလည်းရှိလို့ နေပါတယ်။ ဒီအ ကြောင်းအရာတွေနဲ့ပတ်သက်လို့ ”ပွဲတော်တွေကို ပြုလုပ်ကြတဲ့ အခါမှာ ပွဲမိန့်ဆိုတာ အရေးကြီးပါ တယ်။ အဲဒါကလည်း ဒေသဆိုင်ရာ အာဏာပိုင်က ခွင့်ပြုပေးရတာဖြစ်ပါ တယ်။ အဲဒီလိုခွင့်ပြုပေးရတဲ့အခါမှာ နံပါတ် ၁ သူတို့ဘာကိုတောင်းလဲဆို ရင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနကနေ လမ်းဝင်လမ်း ထွက်တွေ ကောင်း သလားဆိုတာ မီးသတ်ဦးစီး ဌာနက နေ ထောက်ခံ ချက်ပေးရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မီးတစ်စုံ တရာဖြစ်တယ်ဆို ရင်မီးသတ်ကား အဝင်အထွက် လွယ်အောင်ပေါ့။ စည်ပင်သာယာ ကိုလည်း ထောက်ခံ ချက်တောင်းပါ တယ်။ ပွဲတော်မှာဖြစ် လာတဲ့ အမှိုက် တွေနဲ့ ပတ်သက်လို့ ဘယ်လိုသန့်ရှင်း မလဲပေါ့။ နောက် တစ်ခါ မြို့နယ် ကျန်းမာရေးကိုလည်း တောင်းပါ တယ်။ ပွဲတော်ကြီးရင်တော့ တိုင်းကျန်းမာရေးပြည်နယ် ကျန်း မာရေးပေါ့လေ။ ထောက်ခံချက်တွေ အကုန်တောင်းပါတယ်။ ဒါဟာ ဘာ ဖြစ်လို့လဲဆိုရင် ပွဲတော်ကြီးလာတဲ့အ ခါမှာ ကူးစက်ရောဂါတွေဖြစ်လာနိုင် သလားပေါ့။

မနှစ်ကဆိုရင် H1N1 ဖြစ်တဲ့အချိန်နဲ့ တောင်ပြုန်းပွဲအချိန်နဲ့ကိုက်ညီသွားတယ်။ ကိုက်ညီသွား တဲ့အခါမှာ တောင်ပြုန်းပွဲတော်ကြီး တစ်ခုလုံးကို တိုင်းကျန်းမာရေးဦးစီး ဌာနကနေ ခွင့်မပြုတဲ့အတွက် ပွဲမိန့် ပိတ်လိုက်ရတယ်။ အဲဒီလိုပဲ မီးသတ်၊ စည်ပင်သာယာ၊ နောက်တစ်ခါ ပြည် သူ့ရဲပေါ့။ ပြည်သူ့ရဲကလည်း လုံခြုံ ရေးတွေ ဘယ်လိုပေးနိုင်မလဲပေါ့။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ရဲ မှာလည်း သူတို့မှာလည်း အင်အား က နည်းပါတယ်။ ဒါကိုကျွန်တော်တို့ အပြစ်ပြောလို့ မရပါဘူး။ နိုင်ငံတော် မှာ အခြားအခြားသော လုပ်ငန်းတွေ အများကြီးရှိတယ်။ ဥပမာ-ကျွန် တော်တို့က ရဲကင်းတစ်ခုစီကို အကူ အညီတောင်းလိုက်တဲ့အခါမှာ ရဲကင်း က ရှိတာမှ ၇၊ ၈ ယောက်ပေါ့လေ။ ပွဲတော်ကြီး တစ်ခုကို ၅ ယောက် လောက်ရဲက လာရမယ်ပေါ့။ အဲဒီ တော့ ရဲကင်းမှာလည်း ၂ ယောက်နဲ့ မဖြစ်ဘူးပေါ့။ ဒါက ရဲကင်းအဆင့် ပေါ့။ လုံခြုံရေး အပြည့်အဝ မပေးနိုင် ဘူးဆိုပြီး ကျွန်တော်တို့ဘက်က အဲဒီ လိုကြေး(ဂျီး)များလို့လည်း မဖြစ်ဘူး။ နိုင်ငံတော်မှာ အခြားကိစ္စတွေရှိနေတဲ့ အတွက် ဒီလိုမျိုး အခက်အခဲတွေ ရှိပါ တယ်။ အခုဆိုရင် ပွဲခွင်ရာသီတွေ ရောက်ရှိလာပြီဖြစ်ပါတယ်။ အဲဒီလို ရောက်ရှိလာတဲ့အခါမှာ ကျွန်တော် တို့ အနုပညာသမားများကို ဒီ့ထက် ပိုမိုတဲ့ စောင့်ရှောက်မှုမျိုးတွေကို မြန် မာနိုင်ငံ ပြည်သူ့ရဲ့ တပ်ဖွဲ့နဲ့ ပြည်ထဲ ရေး ဝန်ကြီးဌာနအနေနဲ့ ပိုမိုပြီးတော့ ကျွန်တော်တို့အပေါ်မှာနွေးထွေးစွာနဲ့ စောင့်ရှောက်ပေးပါလို့လည်း လေး လေးစားစားမေတ္တာရပ်ခံအပ်ပါ တယ်” လို့ သဘင်အစည်းအရုံး(ဗဟို) အတွင်း ရေးမှူး ဦးနေဝင်းကပြောပြပါ တယ်။

မြန်မာနိုင်ငံ သဘင်အစည်းအ ရုံး (ဗဟို) အနေနဲ့ သရုပ်ပျက် ဖျော် ဖြေနေတဲ့ ဇာတ်အဖွဲ့များကို အတတ် နိုင်ဆုံးထိန်းသိမ်းဆောင်ရွက် နေပါ တယ်လို့လည်း သိရပါတယ်။

”သဘင်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေဆိုရင် သဘင်အစည်းအရုံး ဝင် အဖွဲ့တွေ ဟုတ်ရဲ့လား။ သဘင် ကရော ဒီအဖွဲ့တွေကို ထောက်ခံရဲ့ လား၊ စိစစ်ရဲ့လား။ တချို့ကျတော့ လည်း သဘင်မှာအစည်းအရုံးဝင် ထားတာမဟုတ်ဘဲနဲ့ သရုပ်ပျက် ယဉ်ကျေးမှုတွေနဲ့ ဖျော်ဖြေတဲ့အဖွဲ့ တွေ ရှိပါတယ်။

အဲဒီလိုဖျော်ဖြေတဲ့အဖွဲ့တွေက သဘင်အစည်းအရုံး ငါတို့ ဝင်မထား ဘူးဆိုပြီး အစည်းအရုံးရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာစရာ မလို ဘူးဆိုပြီး ဖျော်ဖြေတယ်။ ဖျော်ဖြေလို့ ဖြစ်လာတဲ့အခါမှာ ပြဿနာတွေက ရှုပ်ထွေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖျော်ဖြေမှုအတိုင်းအတာ နောက်မှာ စီးမျောသွားရင်းနဲ့ မလို လားအပ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါ တယ်။

သဘင်အနေနဲ့ကတော့ သဘင် ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ရိုးရာ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းရ မယ်။ ဒါ့အပြင် ခေတ်ကိုလည်း မျက် ခြည်မပြတ်ဘဲနဲ့ အများကြီး ခွင့်ပြု ပေးထားပါတယ်။ နိုင်ငံရဲ့ ပုံရိပ်တွေ ကိုထိန်းသိမ်းနေတာဖြစ်ပါတယ်”လို့ ဦးနေဝင်းက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071