Saturday, August 1, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍...

နေပြည်တော်၊ ဩဂုတ် ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ်...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

နေပြည်တော်၊ ဩဂုတ် ၁ စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG)...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်...

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း...

မြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊ အာကာသနည်းပညာကို...

နေပြည်တော်၊ ဩဂုတ် ၁ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း...
HomeNewsLocal News"အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေ" ပြဋ္ဌာန်း

“အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေ” ပြဋ္ဌာန်း

Scam Center များ၌ လူ‌ေ-သဆုံးမှုဖြစ်စေသည့် ပြစ်မှုများကို ‌ေ-သဒ-ဏ်အထိ ချမှတ်နိုင်

နေပြည်တော်၊ ဩဂုတ် ၁

နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် ရည်ရွယ်၍ “အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၃၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါဥပဒေသည် ၂၀၂၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၃) အဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် ပြင်းထန်သည့် ပြစ်ဒ-ဏ်များနှင့် ငွေကြေးစီးဆင်းမှုကို အမြန်တားဆီးနိုင်မည့် လုပ်ထုံးလုပ်နည်းများ ထည့်သွင်းပြဋ္ဌာန်းထားသည်။

ဥပဒေအရ အွန်လိုင်းလိမ်လည်မှုစင်တာ (Scam Center) များတွင် လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် တရားမဝင် ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒ-ဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း အထိ ချမှတ်နိုင်ပြီး ယင်းလုပ်ရပ်များကြောင့် လူသေဆုံးမှုဖြစ်ပွားပါက သေဒဏ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ငွေလိမ်ခံရကြောင်း စိစစ်တွေ့ရှိပါက သံသယရှိသော ဘဏ်အကောင့်များကို ၁၅ မိနစ်အတွင်း ချက်ချင်းပိတ်ဆို့ (Freeze) ရမည်ဖြစ်ပြီး သံသယဖြစ်ဖွယ် အကောင့်များကို ၇၂ နာရီအထိ ယာယီဆိုင်းငံ့ထားနိုင်သည့် လုပ်ပိုင်ခွင့်ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများအား အပ်နှင်းထားကြောင်း သိရသည်။

ယင်းဥပဒေတွင် အခန်း ၁၂ ခန်း၊ ပုဒ်မ ၆၃ ခု ပါဝင်ပြီး အွန်လိုင်းလိမ်လည်မှုများကို တားဆီးကာကွယ်ရေး၊ တားမြစ်ချက်များနှင့် ပြစ်ဒ-ဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသေးစိတ် သတ်မှတ်ထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မေးမြန်းချက်များ ဖြေကြား

နေပြည်တော်၊ ဩဂုတ် ၁ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ် ၁ ရက်) တွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရီခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်၏ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း၏...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

နေပြည်တော်၊ ဩဂုတ် ၁ စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်...

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားဟု နိုင်ငံတော်သမ္မတ ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးလိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့သည်။ အစိုးရရက်ပေါင်း ၁၀၀ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071