Saturday, August 1, 2026

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC...

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁...

အီတလီတွင် ပြင်းအား ၄ ဒဿမ...

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ...

​ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေ စပိန်ပိုင် ဆျူးတား(Ceuta)မြို့ထဲ...

​ဆျူးတားမြို့ကို အခုလို လူတွေ အလုံးအရင်း ဝင်ရောက်လာတာဟာ ၂၀၂၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အလားတူအဖြစ်အပျက် နောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး စပိန်တစ်နိုင်ငံလုံးအတွက် လူမှုရေးနဲ့...
HomeNewsLocal Newsမြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊...

မြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊ အာကာသနည်းပညာကို နိုင်ငံ့ဖွံ့ဖြိုးရေး၌ လက်တွေ့အသုံးချမည်

နေပြည်တော်၊ ဩဂုတ် ၁

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အာကာသနည်းပညာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို လိုအပ်သည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များပေးအပ်၍ ဖွဲ့စည်းတာဝန်ပေးထားကြောင်း သိရသည်။

မြန်မာအာကာသအေဂျင်စီအနေဖြင့် အာကာသပြတိုက်ဖွင့်လှစ်ခြင်း၊ လူငယ်များအတွက် အာကာသဆိုင်ရာပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် လူထုပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့မှသည် ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ကို ပေါင်းစပ်၍ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ မြေအသုံးချမှုစီမံခန့်ခွဲရေးနှင့် အခြားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး တရုတ်၊ အိန္ဒိယနှင့် ဘယ်လာရုစ်နိုင်ငံတို့အပါအဝင် နိုင်ငံတကာအာကာသအဖွဲ့အစည်းများနှင့်လည်း အာကာသနည်းပညာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအပြင် Nano Satellite နှင့် Micro Satellite များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းတည်ဆောက်လွှတ်တင်သွားရန် စီစဉ်ထားသည်။

အလားတူ မြန်မာနိုင်ငံသားများ အာကာသခရီးစဉ်၌ ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ အာကာသယာဉ်မှူးလောင်းများ စိစစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အနာဂတ်တွင် မြန်မာနိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး နိုင်ငံတကာအာကာသစခန်း၌ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် နိုင်ငံနှင့် နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ် သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာမည်ဟု ဆိုသည်။

အာကာသနည်းပညာကဏ္ဍသည် ကုန်ကျစရိတ်များပြားပြီး အချိန်ယူအကောင်အထည်ဖော်ရသည့် ကဏ္ဍဖြစ်သော်လည်း နိုင်ငံ၏ရေရှည်အနာဂတ်အတွက် မဖြစ်မနေရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း၊ ပြည်တွင်းနည်းပညာအခြေခံနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ကာ နိုင်ငံတကာမိတ်ဖက်များနှင့် လက်တွဲ၍ မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်...

အီတလီတွင် ပြင်းအား ၄ ဒဿမ ၇ ရှိ ငလျင်လှုပ် ၊ထိခိုက်ပျ-က်စီးမှုများဖြစ်

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ ရထားနှင့် မြေအောက်ရထားပြေးဆွဲမှုများ အနှောက်အယှက်ကြုံခဲ့ပြီး အဆောက်အအုံအချို့ ပျ-က်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ငလျင်သည် ည ရး၄၆ နာရီတွင် နာပိုလီ မြို့ အနောက်ဘက် ကမ်ပီဖလက်ရိုင်းဧရိယာကို ဗဟိုပြု၍ အနက် ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီတလီ၏ နိုင်ငံတော်ဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာနက ပြောကြားခဲ့သည်။ နာပိုလီနှင့် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများတွင် ပျ-က်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071