Saturday, August 1, 2026

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ...

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC...

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁...

အီတလီတွင် ပြင်းအား ၄ ဒဿမ...

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ...
HomeNewsLocal Newsဓာတ်မြေဩဇာ၊ LNG နှင့်...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်

နေပြည်တော်၊ ဩဂုတ် ၁

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန် ရည်ရွယ်၍ ဩဂုတ် ၃၁ ရက်အထိ ဆက်လက်သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေသည့်အခြေအနေတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် ဓာတ်အားခသက်သာစေရေးအတွက် LNG တင်သွင်းမှုအပေါ် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်များကိုလည်း ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ထားသည်။

အလားတူ အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေရန် ရည်ရွယ်၍ ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်များကိုလည်း ဩဂုတ် ၃၁ ရက်အထိ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခွန်ကင်းလွတ်ခွင့်များသည် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကျုံးဝင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ YG MLBB အသင်း တက်ရောက်ကာ ကမ္ဘာ့ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိ

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ August လ (၁)ရက်နေ့မှာတော့ Grand Finals ပွဲစဉ်ကို ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် မြန်မာအသင်း YG ကို တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာအားပေးကြရမှာပဲဖြစ်ပါတယ်။ MLBBEsports #MobileLegends #YangonGalacticos

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071