Thursday, July 30, 2026

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား...

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင်...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့...

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ...

အနုပညာ၊ ဗိသုကာ၏ သပ္ပါယ်မှုဖြင့်ပြည့်စုံသောလောကချမ်းသာ အဘယလာဘမုနိ...

ရန်ကုန်၊ ဇူလိုင် ၂၉ယနေ့ကျရောက်သည့် သာသနာ့နေ့ထူးနေ့မြတ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိန်မြဧရာကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်တော်မူသော "လောကချမ်းသာ အဘယလာဘမုနိ"...
HomeNewsLocal Newsအောက်တိုဘာ ၁ ရက်မှစ၍...

အောက်တိုဘာ ၁ ရက်မှစ၍ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အပိုထောက်ပံ့ကြေးထပ်မံခံစားခွင့်ရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁ဝ/၂ဝ၂၅ အရ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများသည် မနက်ဖြန် အောက်တိုဘာ ၁ ရက်မှစတင်၍ အပိုထောက်ပံ့ကြေးကျပ်(၃၀,၀၀၀)ကိုလစဥ် ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများအားအပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လကျပ်(၃၀,ဝဝဝ)အား ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ပထမအကြိမ်၊ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ဒုတိယအကြိမ်အဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ရာမှ လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ်(၆ဝ,ဝဝဝ)အပြင် ထပ်မံ၍ကျပ်(၃၀,ဝဝဝ)ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများကိုလည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ်(၃၀,၀၀၀)ကို အပိုထောက်ပံ့ကြေးအဖြစ် လစဥ်ထပ်မံခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အပိုထောက်ပံ့ကြေးအား အငြိမ်းစားယူရန်ကြိုတင်ပြင်ဆင်ခွင့်(၄)လအတွက်နှင့် လစာပြည့်(သို့)လစာဝက် လစာငွေရရှိသော အခြားခွင့်ခံစားနေသည့်ကာလအတွင်း အပိုထောက်ပံ့ကြေးကိုခံစားခွင့်ရှိပြီး “ပညာ သင်ကြားခွင့်”ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်းများနှင့်ပညာသင်ခွင့်စည်းကမ်းချက်များဖြင့် နိုင်ငံခြားသို့သွားရောက်ပညာသင်ကြားနေသည့်ဝန်ထမ်းများမှာ ယင်းကာလအတွင်းအပိုထောက်ပံ့ကြေးခံစားခွင့်မရှိကြောင်း သိရသည်။

ထို့အတူ လုပ်ငန်းစာချုပ်ရှိသည့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းပမာဏ(သို့)အရေအတွက်ကိုလိုက်၍ အခကြေးငွေရရှိသည့် ဝန်ထမ်းများနှင့်အလုပ်သမားများ၊ အချိန်ပိုင်းသာဆောင်ရွက်ရသည့် ဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးကိုခံစားခွင့်မရှိကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသော်လည်း တာဝန်ထမ်းဆောင်ရာ၌ လိုအပ်သောအရည်အချင်းပြည့်စုံမှုအတွက် ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတစ်ခုခု၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဆိုင်ရာသိပ္ပံ(သို့)အထက်တန်း ကျောင်းတစ်ခုခုတွင် ပညာသင်ခွင့်စည်းကမ်းချက်များဖြင့် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ဝန်ထမ်းများမှာမူ ပညာသင်ခွင့်ကာလအတွင်းအပိုထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာထူးမှ ခေတ္တချထားခြင်းခံရသော ဝန်ထမ်းများအား တည်ဆဲနည်းဥပဒေများအရ နေထိုင်စားသောက်မှုစရိတ်ထုတ်ပေးထားစဉ်အတွင်း၊ ပုံသေလစာရရှိသောဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း သိရသည်။

နေ့စားဝန်ထမ်းများနှင့်နေ့စားအလုပ်သမားများသည်လည်း နေ့စဉ်လုပ်ခ ကျပ်(၇,၈ဝဝ)ရရှိမည်ဖြစ်ကာ အငြိမ်းစားဝန်ထမ်းများသည်လည်း အပိုထောက်ပံ့ကြေးကျပ်(၃၀,၀၀၀)ကိုလစဉ်ထပ်မံခံစားခွင့်ပြုခဲ့သော်လည်း နိုင်ငံခြားတိုင်းပြည်များ၌ ယာယီ(သို့) အမြဲတမ်းနေထိုင်သူများမှာ နိုင်ငံခြားတွင်ရှိနေစဉ်အတွင်း အပိုထောက်ပံ့ကြေးရရှိမည်ဘဲ ယခုခွင့်ပြုသော အပိုထောက်ပံ့ကြေးအား တစ်လုံးတည်းပင်စင်အဖြစ်လဲလှယ်ခွင့်မရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ငလျင်မှာ ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ) မြေအနက် ၁၅ ကီလိုမီတာကို...

ဒုတိယဝါဆိုလပြည့် ညချမ်း ချိန်ခါဝယ် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၏ အေးချမ်းမှု

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး" ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင် ကြည်နူးသပ္ပါယ်လျက်ရှိသည်။ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အကြောင်းပြု၍ ကမ္ဘာပေါ်ရှိ စစ်မီးများ ငြိမ်းအေးပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာအေးမြပါစေခြင်း ငြိမ်းချမ်းရေး မင်္ဂလာနိမိတ်အဖြစ် အေးမြသော ဘွဲ့မည်တော် "ကမ္ဘာအေး" ဟု ကိန်းဝပ်စံပယ် သမုတ်တည်ထားခဲ့သည့် သမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်သည်။ ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ် တွင်ကမ္ဘာသူ...

သာသနာရေးရာ ချစ်ကြည်ရေးပြယုဂ်ရန်ကုန် စွယ်တော်မြတ်စေတီတော်၌ ယနေ့ မြင်ကွင်း

ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းတော်ပေါ်ရှိ ရန်ကုန်စွယ်တော်မြတ်စေတီတော် (ဓမ္မဓာတုဇေယျစွယ်တော်မြတ်စေတီ) သို့ လာရောက်ဖူးမြော်ကြသည့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် တရားဘာဝနာ ပွားများသူများဖြင့် အထူးကြည်နူးသပ္ပါယ်စွာ စည်ကားလျက်ရှိသည်။ ရန်ကုန်စွယ်တော်မြတ်စေတီတော်သည် ၁၉၉၄ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ကြွရောက်၍ ပထမအကြိမ် ဒိဋ္ဌဓမ္မ ပူဇော်ခံစဉ်က စွယ်တော်မြတ်၏ ရင်ငွေ့တော်ကို ခိုလှုံပူဇော်ခွင့် ရရှိခဲ့သည့် သမိုင်းဝင် သာသနာ့အမှတ်အသားတစ်ရပ် ဖြစ်သည်။ ထိုသို့ စွယ်တော်မြတ် ကြွရောက်လာစဉ် သက်ဆိုင်ရာမှ စွယ်တော်မြတ်၏ ပုံသဏ္ဌာန်အတိုင်း ပုံတူစွယ်တော်ပွား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071