Sunday, July 27, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeCelebrities' Newsအမေအကြောင်း၊ ဘဝအကြောင်း၊ အချစ်...

အမေအကြောင်း၊ ဘဝအကြောင်း၊ အချစ် အကြောင်းတွေ ပါဝင်မယ့် သအို ရဲ့ တစ်ကိုယ်တော်အခွေ

သအိုက ဒီနှစ်ထဲမှာတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ စီစဉ်နေပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တာ ၄နှစ်လောက်ရှိ ပြီလည်းဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ရှိမယ့် တစ်ကိုယ်တော်အခွေ ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေဖြစ်သလို ရသအစုံပါဝင်ဖြစ်တယ်လို့သိရပါတယ်။”အခွေကမထွက်ဖြစ်တာ ၄နှစ်ကျော်သွားတယ်။ ဘာကြောင့်ကြားထဲမှာ ဟသွားတာလဲဆိုတော့ သီချင်းတွေ စုနေတာကြောင့်ပါ။ မကြိုက်ဘူးဆိုရင်လည်း ပြန်ဖြုတ်လိုက်နဲ့ပေါ့။ မကြိုက်မချင်း ပြန်လုပ်နေတာကြောင့်ပေါ့။ လောဘကြီး ပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အတွက် ကြာသွားရခြင်း ဖြစ်ပါတယ်”လို့ အခွေနဲ့ပတ်သက်လို့ သအိုကပြောပြပါတယ်။

ဒီအခွေထဲမှာ အမေအကြောင်းတွေ၊ ဘဝအကြောင်းတွေ၊ အချစ်အကြောင်းတွေပါဝင်မှာဖြစ်ပြီး အမေအကြောင်းဘဝအကြောင်း နဲ့ပတ်သက်လို့လည်း သအိုက “အမေအကြောင်းကကျ တော့ ထုံကြီးဆိုတဲ့ သထုံကကောင်လေး ရေးထားတာလေးပါ။ အမေအကြောင်းကို သူခံစားပြီးတော့ ရေးထားတာပါ။ ဘဝမှာ အမေဟာ ပင်ပန်းဆင်းရဲပြီးတော့ သားသမီးကို ကြည့်ရှု စောင့်ရှောက်တဲ့ပုံစံမျိုးလေးပေါ့။ တန်ပိုအမြန်လေးနဲ့ ရေးထားတဲ့ သီချင်းလေးပါ။ အဲဒီသီချင်းလေးက ကျွန်တော်ကိုယ်တိုင်လည်း အားရတဲ့သီချင်းလေးပါ။ ဘဝသီချင်းက ကျတော့ ရေပေါ်မှာအရုပ်ရေးသလိုပဲ ဘဝဆိုတာခဏပဲ။ တစ်ချိန်ချိန်မှာသေဆုံးကြရမယ့် အကြောင်းအရာတွေပေါ့။ ဘဝအကြောင်းတွေ၊ ဒဿနအကြောင်းတွေပါ”လို့ သီချင်းတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။ သီချင်းတွေကစုရင်းစုရင်းနဲ့ နှစ်ခွေစာလောက်တောင်ဖြစ်နေပြီး ဒီသီချင်းတွေထဲကနေ အကြိုက်ဆုံးသီချင်းတွေကို ပရိသတ်တွေ လက်ထဲကို ချပြမယ်ဆိုပြီး အားခဲထားတာပဲဖြစ်ကြောင်း သူကပြောပြပါတယ်။ သအိုကတော့ သီချင်းတွေကို ဖန်တီးလုပ်ဖြစ်တဲ့အခါမှာ ကိုယ်ကြိုက်တာကို အရင်ဆုံးလုပ်လ့ရှိပြီး ကိုယ်အဆင်ပြေမှလည်း နား ထောင်တဲ့သူတွေအဆင်ပြေမှာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း အဆင်ပြေမယ့် သူလည်းအဆင်ပြေမယ့် သီချင်းမျိုးတွေကို အခွေအတွက်အဓိကထား ရွေးချယ်ဖြစ်တယ်လို့သိရပါတယ်။

“ထွက်ရှိခဲ့ပြီးသမျှသီချင်းခွေတွေထဲမှာတော့ ပရိသတ်တွေ ကြိုက်ရမယ်ဆိုပြီးတော့လိုမျိုးနဲ့ သီဆိုခဲ့တဲ့သီချင်းမျိုးတွေတော့ မရှိပါဘူး။ အတတ်နိုင်ဆုံး ကိုယ်တတ်သလောက် ပညာလေးနဲ့ ကိုယ်ဝမ်းစာရှိသလောက်လေးနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်သီဆိုခဲ့တဲ့ သီချင်းတွေချည်းပါပဲ”လို့ သအိုကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071