Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsအဖေ့ကို အကယ်ဒမီဆုတစ်ဆုလောက်ရစေချင်တယ်ဆိုတဲ့ဦးမေတ္တာရဲ့သမီးသက်လျာလွင်

အဖေ့ကို အကယ်ဒမီဆုတစ်ဆုလောက်ရစေချင်တယ်ဆိုတဲ့ဦးမေတ္တာရဲ့သမီးသက်လျာလွင်

ဆရာဝန်ဖြစ်ချင်ပြီး ရုပ်ရှင်မင်း သမီးတစ်ဦးလည်း ဖြစ်ချင်တယ်လို့ ပြောလာသူကတော့ ဦးမေတ္တာရဲ့ သမီး သက်လျာလွင်ပဲဖြစ်ပါတယ်။ သူက အခုအချိန်မှာတော့ ၁ဝ တန်း တက်နေပြီး သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဆရာဝန်ဖြစ်ဖို့အတွက်ကို ကြိုးစား နေပါတယ်။ အနုပညာမျိုးရိုးရှိတဲ့ မိ သားစုကနေ ဆင်းသက်လာတဲ့သူ တစ်ယောက်ဖြစ်တာကြောင့်လည်း ကျောင်းကပွဲတွေမှာ ပါဝင်တင်ဆက် လေ့ရှိခဲ့တယ်လို့သိရပါတယ်။ကျောင်း မှာလည်း သူ့ကို အားလုံးက ဦးမေတ္တာ ရဲ့သမီးဖြစ်တယ်ဆိုတာကို သိကြ တယ်လို့ ပြောပါတယ်။ သူဟာ ဖခင် ဖြစ်သူကိုလေးစားအားကျပြီး အဖေ့ရဲ့ စိတ်ဓာတ်ကို လေးစားမိတယ် လို့ ဆိုပါတယ်။

”အဖေက လူတိုင်းအပေါ်မှာ စေတနာအပြည့်အဝထားပြီးတော့ လူတိုင်းကို ကူညီတယ်။ ပြီးတော့ အနုပညာပိုင်းမှာဆိုရင်လည်း အဖေ က တအားတော်တယ်။ အဖေ့ကို လူ တိုင်းက ချစ်ကြတယ်။ အဖေ့လိုပဲဖြစ် ချင်တယ်။ အစ်ကို့ကိုလည်း အားကျ တယ်။ စိတ်ဓာတ်ပိုင်းပေါ့။ အစ်ကိုက ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ တ အားတော်တယ်။ တအားပေါင်း တတ်သင်းတတ်တယ်”လို့ သက်လျာ လွင်က အဖေနဲ့ အစ်ကို့ အကြောင်းကို ပြောပြပါတယ်။ ဖခင်ဖြစ်သူ ဦး မေတ္တာကလည်း အနုပညာရှင် တစ် ဦးဖြစ်တာကြောင့် အမြဲတမ်း အနု ပညာအလုပ်တွေနဲ့ ခရီးတွေ ထွက် နေရတာများပါတယ်။ အဲဒီအခါမျိုး မှာတော့ မိခင်ဖြစ်သူ ဒေါ်လွင်မီမီကို က သားနဲ့သမီးကို လိုလေသေးမရှိရ အောင် မေတ္တာတွေ အပြည့်နဲ့ အမြဲ ဂရုစိုက်ပါတယ်။ ၁ဝ တန်းကို ဘော် ဒါတက်နေတဲ့ သမီးဖြစ်သူကိုလည်း အမြဲသွားရောက်ကြည့်ရှုအားပေးပြီး သမီးလေးရဲ့ လိုအင်မှန်သမျှကို လုပ် ဆောင်ပေးလျက်ရှိပါတယ်။

”အဆောင်မှာနေတဲ့ အခါတစ် ခါတလေ စိတ်ကျဉ်းကျပ်မှုတွေရှိ တယ်။ တနင်္လာနေ့ဆိုရင် အမေလာတွေ့တယ်။ အဲဒီတော့အမေ့ကို ပြော ပြတယ်။ အမေက ညီမကို စိတ်ခွန် အားပေးတယ်”လို့ မိခင်ဖြစ်သူ ကြောင့်ခွန်အားတွေရရှိခဲ့တဲ့အ ကြောင်းကို ပြောပြပါတယ်။ ဒါ့အပြင် သက်လျာလွင်ကဖခင်ဖြစ်သူကို အကယ်ဒမီရတစ်ဆုလောက်တော့ ရ စေချင်ပါတယ်လို့ သူ့ရဲ့ဆန္ဒကို ပြော ပြခဲ့ပါသေးတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071