Friday, May 16, 2025

Print, Sign & ICT...

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...

ကသာမြို့မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊...
HomeInternationalအိုင်အမ်အက်ဖ်က ပါကစ္စတန်အား ကယ်ဆယ်ရေး...

အိုင်အမ်အက်ဖ်က ပါကစ္စတန်အား ကယ်ဆယ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ပေးမည်

အိုင်အမ်အက်ဖ်က ပါကစ္စတန်အား ကယ်ဆယ်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထုတ်ပေးမည်

အစ္စလာမာဘတ်၊ ဩဂုတ် ၃၀

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုက်အမ်အက်ဖ်)၏ ဘုတ်အဖွဲ့သည် ပါကစ္စတန်က တင်ပြ‌ေတာင်းခံသော ငွေကြေးထောက်ပံ့မှု အစီအစဉ်၏ သတ္တမနှင့် အဌမအကြိမ်မြောက် အစီရင်ခံစာကို အတည်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး မိဖ်တာ အစ္စမေးလ်က ပြောကြားခဲ့သည်။

ထို့အပြင်မိုက်အမ်အက်ဖ် သည် အထက်ပါအစီအစဉ်ကို တစ်နှစ်အထိ သက်တမ်းတိုးပေးရန်နှင့် ရန်ပုံငွေများကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ပေးရန် သဘောတူညီခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါ ရန်ပုံငွေများသည် ယခုလက်ရှိ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရ၍ တိုင်းပြည်၏ စီးပွားရေးတွင်လည်း ကြီးမားသော ဘဏ်စာရင်းရှင်အပ်ငွေ လိုအပ်မှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်း၏ဒဏ်ကိုပါ ခံစားနေရသည့် ပါကစ္စတန်နိုင်ငံအတွက် အသက်သွေးကြောတစ်ခု ဖြစ်လာမည်ဖြစ်သည်။

“အိုက်အမ်အက်ဖ် ဘုတ်အဖွဲ့က ကျွန်တော်တို့ရဲ့ တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှု(EFF) အစီအစဉ်ကို ပြန်အသက်သွင်းဖို့ အတည်ပြုပေးလိုက်ပါတယ်။  အခုအချိန်လောက်ဆိုရင် ကျွန်တော်တို့ဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၁၇ ဘီလီယံရဲ့ ခုနှစ်ကြိမ်နဲ့ ရှစ်ကြိမ်မြောက် ဝေစုကို ရရှိသင့်နေပြီ” ဟု အစ္စမေးလ်က တွစ်တာတွင် ပြောကြားခဲ့သည်။

အစ္စလာမာဘတ်ရှိ အိုက်အမ်အက်ဖ်ဌာနကိုယ်စားလှယ်များသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

၂၀၁၉ ခုနှစ်တွင် တင်သွင်းခဲ့သည့် ပါကစ္စတန်၏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိ ၃၆ လကြာ တိုးချဲ့ကယ်ဆယ်‌ေရးရန်ပုံငွေ အစီအစဉ်သည် ချေးငွေပေးသူ၏ သတ်မှတ်ချက်များကို လိုက်နာရန်ရုန်းကန်နေရသည့်အတွက် ယခုနှစ်အစောပိုင်းကတည်းက ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

Source: စီအင်န်အေ

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့်ခင်းကျင်းပြသလျက်ရှိ

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့် ယနေ့ မေ ၁၆ ရက်မှစတင်၍ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြပွဲအားမြန်မာနိုင်ငံဒီဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်အသင်တို့ပူးပေါင်း၍ ယနေ့ မေ ၁၆ ရက်မှ မေ ၁၈ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိကြောင်း...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံအောင်ဖုံးအုပ်ရန်နှင့် လက်ကိုစနစ်တကျဆေး၍ လူစုလူဝေး ရှောင်ကြဉ်ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ထို့ပြင် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် ရောဂါကူးစက်ခံရနိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကိုနှစ်စဉ် ခံယူကြရန်လည်း တိုက်တွန်းထားသည်။ ထို့ကြောင့် မိုးရာသီကာ ရာသီတုပ်ကွေးကူစက်ခံရပါက နီးစပ်ရာ ဆေးရုံဆေးပေးခန်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071