Tuesday, May 12, 2026

ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

ယနေ့တွင် တောင်သူ(၈)သောင်းဦးခန့်အား ချေးငွေ (၁၆၇)ဘီလီယံကျော်ထုတ်ချေးပေးခဲ့ ပဲခူးတိုင်းအတွင်းမှ တောင်သူ(၂)သိန်းဦးခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဘီလီယံ(၃၀၀)ကျော်အား ရက် (၁၀၀)စီမံချက်အရ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း...

မြန်မာ့စိန်တလုံးသရက်သီးများ တရုတ်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်

မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် ယခုနှစ် သရက်သီးရာသီအတွင်း တရုတ်ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်နေပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ တင်ပို့မှုလည်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။ နှစ်စဉ် ဧပြီလမှ...

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အ...

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာ နိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့မှ ပူးပေါင်းချီးမြှင့်သည့် ၂၀၂၅ ခုနှစ် အ တွက် အကောင်းဆုံးအမျိုးသမီးအား ကစားသမားဆု ကို မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမား...

ဒူကိုနိုမီးတောင် ခရီးစဉ်၌လူသုံးယောက်သေဆုံး

မေလ ၁၁ ရက် အင်ဒိုနီးရှားနိုင်ငံ၊ မြောက်မာလူကူပြည်နယ်ရှိ မီးတောင်များသို့ သွားရောက်ခဲ့သည့် ၁၁ ရက်ကြာ ခရီးစဉ်သည် လေ့ကျင့်မှုအချို့ လိုအပ်သော်လည်း လူသစ်တန်းအဆင့်သာဖြစ်သည်ဟု ခရီးသွားအေဂျင်စီဖြစ်သော...
HomeMoviesအိုင်စီစီသို့ မလွှဲရန် ဖိလစ်ပိုင်ရဲချုပ်ဟောင်းက...

အိုင်စီစီသို့ မလွှဲရန် ဖိလစ်ပိုင်ရဲချုပ်ဟောင်းက သမ္မတကို တောင်းဆို

         
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲတွင် ရဲချုပ်ဖြစ်ခဲ့သူက သူ့ကို နိုင်ငံတကာတရားရုံးသို့ မလွှဲရန် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကို တောင်းဆိုခဲ့ပြီး သူ့အနေဖြင့် ပြည်တွင်း၌မူ တရားရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
        
ဖမ်းဆီးခံရမည့်အရေး စိုးရိမ်မှုကြောင့် ၎င်း၏ လွှတ်တော်ရုံးတွင် ဒုတိယမြောက်နေ့အဖြစ် အကာအကွယ်ယူနေထိုင်ခဲ့သော အထက်လွှတ်တော်အမတ် ရော်နယ် ဒယ်လာရိုဆာက သူသည် နိုင်ငံကို သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
       
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ သံသယဖြင့် ရဲချုပ်ဟောင်း ဒယ်လာရိုဆာကို အိုင်စီစီက တနင်္လာနေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ရာ အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံရကာ သယ်ဟိဂ်တွင် တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေရသည့် အသက် ၈၁ နှစ်အရွယ် ဒူတာတေးကို စွမ်စွဲထားသည့် အမှုမျိုးပင်ဖြစ်သည်။
        
နိုဝင်ဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် ပြန်ပေါ်လာသော “ဘာတို” သို့မဟုတ် “ရော့ခ်” ဟု လူသိများသော ဒယ်လာရိုဆာသည် ဥပဒေစိုးမိုးရေးအေးဂျင့်များ အဆောက်အအုံအတွင်း ဝင်ရောက်လာချိန်မှစ၍ အထက်လွှတ်တော်၏ အကာအကွယ်အောက်တွင် ရှိနေခဲ့သည်။ ဥပဒေမဲ့ သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ၎င်းက ငြင်းဆိုခဲ့သည်။
      
သမ္မတ မားကို့စ်ထံ မည်သို့သတင်းစကားပါးချင်ပါသနည်းဟု မေးမြန်းချိန်တွင် “တိုင်းပြည်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ဖိလစ်ပိုင်လူမျိုးအားလုံးကို ဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေကို ဂရုစိုက်ဖို့က အစိုးရရဲ့ အလုပ်ပါ” ဟု ဒယ်လာရိုဆာက သတင်းထောက်များကို ဖြေကြားခဲ့သည်။
        
“ကျွန်တော်လုပ်ခဲ့တာတွေအားလုံးက ကျွန်တော့်နိုင်ငံအတွက်ပါ။ ကိုယ့်ကိုယ်ကို ချမ်းသာအောင်မလုပ်ခဲ့ပါဘူး၊ သစ္စာရှိရှိအလုပ်လုပ်ခဲ့တယ်” ဟု မျက်ရည်များဝဲလျက် သူက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက်(၁၀၀)စီမံချက်အဖြစ် ပဲခူးတိုင်းမှတောင်သူ(၂)သိန်းခန့်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေဘီလီယံ (၃၀၀)ကျော်ထုတ်ချေးမည်

ယနေ့တွင် တောင်သူ(၈)သောင်းဦးခန့်အား ချေးငွေ (၁၆၇)ဘီလီယံကျော်ထုတ်ချေးပေးခဲ့ ပဲခူးတိုင်းအတွင်းမှ တောင်သူ(၂)သိန်းဦးခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ဘီလီယံ(၃၀၀)ကျော်အား ရက် (၁၀၀)စီမံချက်အရ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။ တောင်သူ(၁၇၁,၇၁၄)ဦး၏ စိုက်ဧက(၁,၀၇၉,၅၄၉)ဧကအတွက် ချေးငွေကျပ်(၃၂၃ ဒသမ ၅၃၅)ဘီလီယံ တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်ကာ ၎င်းတို့အနက် တောင်သူ(၇၈,၉၃၅)ဦး၏ စိုက်ဧက(၅၅၈,၈၉၆)ဧကအတွက် ချေးငွေကျပ်(၁၆၇ ဒသမ ၆၆၈)ဘီလီယံအား ယနေ့ မေ ၁၂ ရက်တွင်စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့်တိုးမြှင့်ထုတ်ချေးပေးသည့် ချေးငွေများအား လယ်ယာကုန်ထုတ်လုပ်ငန်းတွင် အကျိုးရှိရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ထွက်ရှိသည့်သီးနှံများအရည်အသွေးပြည့်ဝကောင်းမွန်စွာဖြင့် ပြည်တွင်းစားသုံးမှုအတွက်သာမက...

မြန်မာ့စိန်တလုံးသရက်သီးများ တရုတ်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်

မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် ယခုနှစ် သရက်သီးရာသီအတွင်း တရုတ်ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်နေပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ တင်ပို့မှုလည်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လအထိမှာ စိန်တလုံးသရက်သီး အထွက်နှုန်းအကောင်းဆုံး ကာလဖြစ်ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ပိုမိုလျင်မြန်လာခြင်းနှင့် တင်ပို့မှုပမာဏ တိုးတက်လာခြင်းတို့ကို တွေ့မြင်ရကြောင်း သက်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံမှ တင်ပို့လာသော စိန်တလုံးသရက်သီး တန်ချိန် ၁၄ တန်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ...

၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အ မျိုးသမီးအားကစားသမားဆုကို ပိုက်ကျော်ခြင်းမယ် ဖြူဖြူသန်း ဆွတ်ခူး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာ နိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့မှ ပူးပေါင်းချီးမြှင့်သည့် ၂၀၂၅ ခုနှစ် အ တွက် အကောင်းဆုံးအမျိုးသမီးအား ကစားသမားဆု ကို မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမား ဖြူဖြူသန်း ကဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဆုချီမြှင့်ပွဲကို မေလ (၁၁) ရက်နေ့က ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ပြီးအခမ်းအနားတွင်ဖြူဖြူသန်းကိုအကောင်းဆုံး အမျိုးသမီးအားကစားသမားဆု ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၂၀) နှင့် မှတ်တမ်းလွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ အလားတူ အကောင်းဆုံးအမျိုးသားအား ကကစားသမားဆုကို ကာယဗလမောင် ရဲထွန်းနောင်နှင့် အကောင်းဆုံး အုပ်ချုပ်/နည်းပြဆု ဦးကျော်သန်း က ရရှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071