Thursday, June 5, 2025

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...
HomeInternationalအိန္ဒိယတွင် လေထုညစ်ညမ်းမှုကြောင့်လူ့သက်တမ်း ၁၀...

အိန္ဒိယတွင် လေထုညစ်ညမ်းမှုကြောင့်လူ့သက်တမ်း ၁၀ နှစ်ဆုတ်ယုတ်သွားနိုင်ကြောင်းတွေ့ရှိ

အိန္ဒိယတွင် လေထုညစ်ညမ်းမှုကြောင့်လူ့သက်တမ်း ၁၀ နှစ်ဆုတ်ယုတ်သွားနိုင်ကြောင်းတွေ့ရှိ

ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့များတွင်လူ့သက်တမ်းကို ဆယ်စုနှစ်တစ်ခုစာနီးပါးလျော့ကျစေနိုင်ကြောင်း အမေရိကန်သုတေသနအဖွဲ့က ဆိုသည်။

လေ့လာမှုတစ်ခုအရ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့များထဲတွင်ပါဝင်သော အိန္ဒိယနိုင်ငံ၏မြို့တော်တွင် လောင်စာဆီအသုံးပြုမှုများခြင်းကြောင့် လေထုညစ်ညမ်းမှုကိုအများဆုံးဖြစ်ပေါ်စေကာ လူတို့၏သက်တမ်း ၁၀ နှစ်ခန့်လျော့ကျစေနိုင်ကြောင်းသိရှိရသည်။

အင်္ဂါနေ့ကထုတ်ပြန်သော ချီကာဂိုမြို့ရှိစွမ်းအင်မူဝါဒအဖွဲ့၏ထုတ်ပြန်ချက်တွင် PM 2.5 pollution ဟုအမည်​ပေးထား​သော လေထုညစ်ညမ်းမှု၏‌ နောက်ဆက်တွဲကြောင့် နောင်ရှစ်နှစ်အတွင်း အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် နှင့် ဘီဟာပြည်နယ်များရှိ လူပေါင်းသန်း ၃၀၀ ခန့်သည် အဆုတ်နှင့်နှလုံးရောဂါများခံစားရနိုင်ကြောင်းပါရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံနှုန်းများနှင့် ကိုက်ညီပါက တောင်အာရှတစ်ဝှမ်းတွင် လူတစ်ဦးသည် ပျမ်းမျှအသက်ထက်ငါးနှစ်ခန့် ပိုရှည်နိုင်သည်ဟု EPIC မှ ထုတ်ပြန်သည့် လေထုအရည်အသွေးညွှန်းကိန်း(AQLI) အရ သိရသည်။( AQLI – Air Quality Life Index)

လေထုညစ်ညမ်းမှုများကြောင့် တစ်ကမ္ဘာလုံးတွင် လူ့သက်တမ်းနှစ်နှစ်ထက်ပို၍တိုစေကြောင်းလည်း AQLI တွင်ပြသထားသည်။

PM 2.5 လေထုညစ်ညမ်းမှု ဆိုသည်မှာ ​လေထုထဲတွင်ပါဝင်သည့် အမှုန်လေးများသည် ပျမ်းမျှပမာဏ လူ့ဆံပင်အချင်း၏ ၂.၅ မိုက်ခရွန်(သို့)ထိုထက်အနည်းငယ်ပိုသေးကာ ထိုအမှုန်လေးများအဆုတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး သွေးလမ်းကြောင်းထဲရောက်ရှိသွားပါက ကင်ဆာရောဂါဖြစ်စေနိုင်သဖြင့် ၂၀၁၃ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂမှ ကင်ဆာဖြစ်စေနိုင်သောအရာအဖြစ်သတ်မှတ်ခဲ့သည်။(micron – တစ်မီတာ၏ တစ်သန်းပုံတစ်ပုံ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားချက်အရ ၂၄ နာရီအတွက် PM2.5 သိပ်သည်းဆသည် တစ်ကုဗမီတာလျှင် ၁၅ မိုက်ခရွန်ဂရမ်ထက်မကျော်လွန်သင့်ကြောင်းသိရှိရသည်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သည် ၂၀၀၅ ခုနှစ်တွင် လေထုအရည်အသွေး လမ်းညွှန်မှုကို ချမှတ်ပြီးနောက် ပထမဆုံးသောပြောင်းလဲမှုအ‌နေဖြင့် အဆိုပါစံနှုန်းများကိုမနှစ်ကစ၍တင်းကျပ်ခဲ့သည်။

“လေကောင်းလေသန့်သည် ကမ္ဘာတစ်ဝှမ်းရှိ လူများ၏သက်တမ်းကိုရှည်စေသည်” ဟု သုတေသနကို ဦးဆောင်သူ Crista Hasenkopf နှင့် လုပ်ဖော်ကိုင်ဖက်များက AQLI အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ WHO ၏ လမ်းညွှန်ချက်များနှင့်အညီကမ္ဘာ့လေထုညစ်ညမ်းမှုကို အပြီးတိုင်လျှော့ချနိုင်ပါက လူတစ်ဦး၏ပျမ်းမျှသက်တမ်းတွင် ၂.၂ နှစ် တိုးလာမည် ဖြစ်သည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ထက်ကျော်လွန်ပြီးညစ်ညမ်းမူရှိရာတွင် အာရှဒေသလည်းအပါအဝင်ဖြစ်သည်။

 ဘင်္ဂလားဒေ့ရှ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတ်မှတ်ချက်ထက် ဆယ့်ငါးဆ၊အိန္ဒိယတွင် ဆယ်ဆ၊နီပေါနှင့်ပါကစ္စတန်တွင် ကိုးဆဖြစ်သည်ဟု ဖော်ပြထားသည်။

အံ့ဩစရာကောင်းသည်မှာ ၂၀၂၀ ခုနှစ်အတွက်ရရှိသောဒေတာများအရ ကပ်ရောဂါကာလအတွင်း စက်ရုံအလုပ်ရုံများရပ်နားထား​၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများ လျော့ကျလာခဲ့သော်လည်း PM 2.5 ညစ်ညမ်းမှုပမာဏ သိသိသာသာလျော့ကျပြောင်းလဲသွားမှုမရှိခြင်းပင်ဖြစ်သည်။

လေထုညစ်ညမ်းမှုမှာမလျော့ကျသည့်အပြင် တောင်အာရှ၌ ကပ်ရောဂါ၏ပထမနှစ်တွင် ပို၍ပင်မြင့်တက်လာသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

Source – Aljerzeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071