Thursday, July 2, 2026

ဒလနှင့် ဒဂုံတောင်တွင် မီတာခိုးသုံးမှုများနှင့် ဓာတ်အားလေလွင့်မှု...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မြင့်မားနေခြင်းနှင့် မီတာဖတ်ရှုခြင်းလုပ်ငန်းစဉ်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်နေ့တွင်...

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဟုဆိုဒေသခံများ၏...

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့်လည်း မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို...

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲမည်၊ မိတ္ထီလာမြို့နယ်တွင်...

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းစီမံချက်ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ...

တောင်အာဖရိကတစ်ဝန်း ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွား

တောင်အာဖရိကနိုင်ငံရှိ မြို့ကြီးများအနှံ့တွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံမှ ထွက်ခွာစေရေး တောင်းဆိုသည့် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ကြရာ...
HomeMoviesအိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့်...

အိန္ဒိယခရီးစဉ်အတွင်း စီးပွားရေး၊ လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိ

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်လုံခြုံရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယသမ္မတနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့အား တွေ့ဆုံဆွေးနွေးခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဆေးဝါးထုတ်လုပ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို အမြန်ဆုံး အပြီးသတ်အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ပညာရေးကဏ္ဍတွင် မဲခေါင်-ဂင်္ဂါပညာသင်ဆုကို မြန်မာနိုင်ငံအတွက် ယခင်နှစ်စဉ် (၃၆) ဆုမှ (၁၀၀) ဆုအထိ တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်းလည်း ပြောကြားသည်။

နယူးဒေလီမြို့တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ အိန္ဒိယရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အာမခံချက်နှင့် အကျိုးအမြတ်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ကိုယ်တိုင်ဖြေကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း အာမခံပြောကြားခဲ့သည်။

ထို့အပြင် မွမ်ဘိုင်းမြို့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး၊ သုတေသနနှင့် နည်းပညာအသုံးချမှုများကို လေ့လာနိုင်ရန် အိန္ဒိယနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီတစ်ခုနှင့် ဂျဝါဟာလာနေရူးဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူက ယခုခရီးစဉ်သည် သံတမန်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်သည့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအပြင် နယ်စပ်ဒေသလုံခြုံရေး၊ ကုလားတန်စီမံကိန်း အပြီးသတ်အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားသည့် အခြေခံပေါ်တွင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလနှင့် ဒဂုံတောင်တွင် မီတာခိုးသုံးမှုများနှင့် ဓာတ်အားလေလွင့်မှု မြင့်မားနေခြင်းကို YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှု မြင့်မားနေခြင်းနှင့် မီတာဖတ်ရှုခြင်းလုပ်ငန်းစဉ်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာ၌ YESC ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်ပြီးနောက် မီတာစာရေးများနှင့် ဝန်ထမ်းများကို တွေ့ဆုံကာ ဇူလိုင် ၁ ရက်မှ ၅ ရက်အတွင်း မီတာအားလုံး အပြီးသတ်ဖတ်ရှုရန်နှင့် မီတာခကြွေးကျန်များ ပြည့်ဝစွာကောက်ခံရန် ညွှန်ကြားခဲ့သည်။ အထူးသဖြင့် ဓာတ်အားလေလွင့်မှု ၃၈% အထိ မြင့်တက်နေသည့် ၃၃/၁၁...

မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး တရုတ်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ဟုဆိုဒေသခံများ၏ စိုးရိမ်မှုများကို ပညာရှင်များဖြင့် ဆန်းစစ်ပြီး ရလဒ်တရားဝင်ထုတ်ပြန်မည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ကချင်ပြည်နယ်ရှိ ဒေသခံပြည်သူများနှင့်လည်း မြေပြင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို ပညာရှင်များဖြင့် အသေးစိတ်ဆန်းစစ်သုံးသပ်ကာ ရလဒ်များကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်းမီဒီယာတစ်ခု၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရ ၂၀၃၀...

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲမည်၊ မိတ္ထီလာမြို့နယ်တွင် Pilot Project အဖြစ် စတင်အကောင်အထည်ဖော်မည်

ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းစီမံချက်ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောကြားသည်။ ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် စီမံချက်ကို အကောင်အထည်ဖော်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071